အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, July 31, 2017

ဘဝ၏တန်ဖိုး

တောင်ကြီး
မိဘများပွဲနေ့ကျင်းပခြင်း(30-7-2017)
ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai ဟောကြားသောဒေသနာ မှ ကောက်နုတ်ချက်

ဘဝ၏တန်ဖိုး

ရိုးရာဓလေ့မှာဘဲဖြစ်စေ၊ ဘာသာတရားမှာပဲဖြစ်စေ မိဘဆိုတာ ဘုရားနဲ့တဂိုဏ်းထဲထားပြီး ရိုသေကြတယ်၊ ရိုသေအပ်တဲ့ပုဂ်ဂိုလ်တွေဖြစ်တယ်။
ဒါကြောင့်မိဘနဲ့ပတ်သက်ပြီး သင်ခန်းစာပေးကြတယ် နှစ်စဉ္နှစ်တိုင်းပွဲနေ့မှာ ဟောပြောကြတယ်။

Friday, July 28, 2017

"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"

"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"
"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"

မေး  ။  ။  ကျွန်ုပ်တို့သည်   ပြစ်မှားကျူးလွန်သောအခါ    ဘုရားသ္ခင်ထံသို့တိုက်ရိုက်
             အပြစ်ဝန်ချတောင်းပန်ကြသည်၊ သို့သော်    အဘယ်ကြောင့် ကက်သလစ်
             ဘာသာဝင်များက ၎င်းတို့၏         ရဟန်းများထံသွားရောက်ဝန်ခံရသနည်း၊
             ဘုရားသ္ခင်တစ်ပါးတည်းသာလျှင်အပြစ်လွတ်ပိုင်ရှင်မဟုတ်လော      ဘုရား

Thursday, July 27, 2017

သိုးထိန်းကောင်းတစ်ပါး၏ခရစ္စမတ်(စ်)ခွန်းချွေလွှာ

သိုးထိန်းကောင်းတစ်ပါး၏ခရစ္စမတ်(စ်)ခွန်းချွေလွှာ
                         မိခင်သည်မိမိ၏နိုစို့ ရင်သွေးအားမေ့နိုင်အံ့လော။
 မေ့နိုင်ခဲ့လျှင်လည်းငါသည်သင်တို့ အားမမေ့နိုင် (ပရောဖက်အီဇာအီး ယာ ၄၉း၁၅) ဟုထာဝရဘုရားသခင်သည်ဤသို့ အမိန့် တော်ရှိပါ သည်။ ခေါင်းဆောင်ကောင်းတို့  ၏အရည်အချင်းတစ်ခုမှာရဲဘော်၊ ရဲဘက်စိတ်မွေးမြူနိုင်ခြင်းဖြစ်ပါသည်။ ထို့ အတူရဟန်းမင်းကြီး သည်မ ကြာမီရောက်ရှိလာတော့မည့်ခရစ္စမတ်(စ်)ပွဲကိုပြင်ဆင်သောအားဖြင့်လူမူဝန်းကျင်တစ်ခွင်၌ငွေရောင်၊ ရွှေရောင်မီးရောင်များတစ်ဖိတ် ဖိတ်တောက်အောင်ထွန်းညှိထားသော်လည်း၊

မြန်မာ့ဆေးမြီးတိုများ

#မြန်မာဆေးမှီးတိုများ ( က ကနေ အ ထိပါသည်)
#######################
ကလေးချွဲထပျောက် ဆေးနည်း

- မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။(တစ်နည်း)
- ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။(တစ်နည်း)

ကလေးဆီးရောဂါပျောက် ဆေးနည်း

ယားနာ အမျိုးမျိုး
ဂန္တ၀င်မြောက်ည ခရစ္စမတ်တေးသီချင်းများ

#ယားနာ အမျိုးမျိုး#

ယားနာ ဆိုတာ အ​ရေပြား ​ပေါ် မှာ မှ ဖြစ်​ တာ ကို မဟုတ်​ ပါ။
ယားနာ သည်​...
§ပိုး၊  virus၊ bateria တမျိုး မျိုး ​ကြောင့်​ အ​ရေပြား ​ပေါ် ဆွဲ ကပ်​ ပြီး ယား ​သော အနာ။
§ ​သွေး မှင်​ ကဲ့ သို့ ​သွေး ဆိပ်​ တက်​ ၍ ကိုယ်​ တွင်း ယား ခြင်း။ ဟို ​နေရာ ဒီ ​နေ ရာ ကုတ်​ လို့ မ​ပြေ ယား ခြင်း။
§ ဆီး ချို သမား များ အ​ရေပြား ​ခြောက်​ ​သွေ့ ပြီး ယား ခြင်း။

ကျန်းမာရေး အထူး သတိပေးချက် !

ကျန်းမာရေး အထူး သတိပေးချက် !
---------------------------------------
ယနေ့  (23.7.2017 ) ည 9:30 နာရီ အချိန် သတင်းရ ရှိချက် များအရ ရန်ကုန်ဆေးရုံကြီးတွင် လက်ရှိတွင် လေမှ တစ်ဆင့် ကူစက် သော ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိုး Outbreak ဖြစ်ပွား၍ ပျံ့နှံ့ ကူးစက် ဖြစ်ပွားသူ 18 ယောက် အထိရောက် ရှိနေပြီ ဖြစ်ပြီး ရောဂါ လက္ခဏာပြပြီး တစ်နာရီအတွင်း သေဆုံးသူ 16 ယောက် အထိ ရှိလာပြီ ဖြစ်ပါသည်။

လေးဖက်နာရောဂါအကြောင်း

လေးဖက်နာရောဂါအကြောင်း။

နာကျင်ကိုက်ခဲပြီး ခံစားရခက်လှတာမို့ အလုပ် ပျက်အကိုင်ပျက် ဖြစ်စေနိုင်ပါတယ်။ အလွယ် တကူကုသရန်လည်း မဖြစ်နိုင် တာမို့ သိထားရင် ကြိုတင်ပြီးကာကွယ်နိုင်အောင် ‘အဆစ်အမြစ်နာ ရောဂါများ’ နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ဗဟုသုတတွေကို ဒီလမှာ ရေးသားဖော်ပြလိုက်ပါ တယ်။
အဖြစ်များတဲ့ အဆစ်အမြစ်နာ ရောဂါများ။

Wednesday, July 26, 2017

Parents' day = July 26

Parents' day = July 26

*အမိအသင်းတော်အနေနဲ့ ရှေးထုးံသက်သေများအရ မိဘများပွဲနေ့ကို နှစ်စဉ် ဇူလိုင်လ ၂၆ ရက်နေ့ သို့မဟုတ် ဇူလိုင် ၂၆  နှင့် အနီးစပ်ဆုးံ တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ယင်းနေ့မှာ မယ်တော် မာရီးယာရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Joachim နှင့် Anna တို့ကို ဂုဏ်ပြုသောအားဖြင့် မိဘပွဲတ်ေကို ဆင်နွဲကျင်းပဒါဖြစ်ပါတယ်။

Tuesday, July 25, 2017

ဘုရားသခင်ငိုလေသလား

ဘုရားသခင်ငိုလေသလား
••••••••••••••••••••••••

တနေ့တော့ ကလေးမလေးတစ်ယောက် ကျောင်းစာတွေရေးရင်း အတွေးတစ်ခုဝင်လာပြီး သူအမေကိုမေးခွန်းတစ်ခုမေးလိုက်တယ်။

" မေမေ... "
စာအုပ်တစ်အုပ်ဖတ်ရင်း ဈာန်ဝင်နေတဲ့ အမေဖြစ်သူ ချက်ခြင်းမကြားလိုက်ပါ။

" မေမေ လို့..."
" အင်း..သမီး..  ပြောလေ"
" သမီးတစ်ခုစဉ်းစားနေတာ ဘုရားသခင်ရောငိုတတ်သလားလို့ ...
 ငိုတတ်လားဟင် မေမေ.."
" ပေါက်ပေါက်ရှာရှာဟယ်.... သမီးကလည်း..  ဘုရားသခင်မငိုတတ်ပါဘူး"
စာအုပ်ကိုဖတ်ရင်းနဲ့ပင် စိတ်မပါ့တပါ ပြန်ဖြေလိုက်တယ်။

" အမေကလည်း သမီးမေးတာကို အလေးမထားဘူး "

ဖတ်လက်စစာအုပ်ကို ဘေးနားစားပွဲခုံပေါ်တင်ရင်း သမီးကိုကြည့်ပြီး သမီးရဲ့စကားကိုဂရုတစိုက်ပြန်နားထောင်ပေးလိုက်တယ်။

ဘာ့ကြောင့် ဖိနပ်မချွတ်ကြပါသလဲ။

မေး/ဖြေ။ ဘာ့ကြောင့် ဖိနပ်မချွတ်ကြပါသလဲ။

မေး။ ။ (ထွက်မြောက်ရာကျမ်း ၃း၅) မှာ "ဘုရားသခင်ကလည်း၊ မချဉ်းနှင့်သင်၏ ခြေနင်းကိုချွတ်လော့၊ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေ ဖြစ်သည်" လို့ မိုးဇယ်ကို မိန့်တော်မူပါတယ်။ ဒါပေမယ့် ဘုရားကျောင်း ဗိမာန်တော်အထဲ၊ ဘုရားရှင်ကျိန်းဝပ်ရာ၊ မစ္ဆားပူဇော်ရာ ဘုရားခန်းအတွင်းမှာ ရဟန်းဘုန်းတော်ကြီးများ ဖိနပ်မချွတ်သလို၊ ကက်သလစ်ဘာသာဝင်များလည်း ဘုရားကျောင်းထဲကို ၀င်တဲ့အခါမှာ ဖိနပ်မချွတ်ကြပါ၊ ကိုယ်တော်မြတ် ပင့်ယူတဲ့အခါမှာလည်း ဖိနပ်မချွတ်ကြပါ။ ဘာ့ကြောင့်ပါလဲ။

Monday, July 24, 2017

#ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၏ လျှို့ဝှက်ချက် ၇ ချက်

#ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၏ လျှို့ဝှက်ချက် ၇ ချက်

- ဇို[တီးတိန်]
"7 Secrets of the Eucharist"
By Vinny Flynn

ပုပ်ရဟန်မင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က - "ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာသည် အသင်းတော်၏အကြီးမြတ်ဆုံးသော ရတနာဖြစ်သည်"ဟူ၍ ညွှန်းဆိုခဲ့ပါသည်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတော်သည် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းသက်သက်မျှမဟုတ်ဘဲ သင်၏နေ့စဉ်ဘဝအသက်တာကို ပြုပြင်ပြောင်းလဲခြင်းလည်းဖြစ်ပါသည်။

#လျှို့ဝှက်ချက် (၁)

"ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာသည် အသက်ရှင်လျက်ရှိ၏"

Sunday, July 23, 2017

သမ္မာကျမ်းဖေါ်ပြချက်များ လုံးဝမှန်ကန်ပါကြောင်း NASAအဖွဲ.မှ ထပ်မံ အတည်ပြုသည်.ေ

နေ၊လ၊ကြယ်၊စကြာဝဋ္ဌာ၊အာကာသဂြိုဟ်တုဆိုင်ရာများနှင်.လေယဉ်များပို၍
လျှင်မြန်လုံခြုံစွာပျံသန်းနိုင်ရေးကျွမ်းကျင်ပညာရှင်(၁၈၀၀၀)ဖြင်.ဖွဲ.စည်းပြီး
1958တွင်USA ၌တည်ထောင်သည်.သိပံဆိုင်ရာကမ္ဘာ.အကြီးဆုံးသော
အဖွဲ.စည်းဖြစ်သည်. NASA မှ လွန်ခဲ.သောနှစ်(၁၀၀ မှ ၁၀၀၀)အတွင်း
ဂြိုဟ်တု၊စကြာဝဋ္ဌာ ပျံသန်းမှု အား ခေတ်မှီနည်းစနစ်ဖြင်.တွက်ချက်သည်.
အခါတိုင်း မူလလမ်းကြောင်းတွင်ပုံမှန်ပျံသန်းသည်ကိုတွေ.ရသော်လည်း
၁ရက်(၂၄နာရီ)တိတိပျောက်ဆုံးနေခြင်းကို ဖြေရှင်းအဖြေရှာ၍မရခဲ.ပေ။
သို.ရာတွင် သူတို.အဖွဲ.မှယုံကြည်သူတဦး၏ငယ်စဉ်ဘုရားကျောင်း
Sunday School တွင် သင်ပေးခဲ.ဘူးသည်. ယောရှုမင်း ဆုတောင်း၍
နေ၊လ၊တရက်မသွားပဲ ရပ်ခဲ.ကြောင်းကို ပြန်လည်သတိရ၍သမ္မာကျမ်းအား ရှာဖွေသ

PRAISE & WORSHIP

PRAISE & WORSHIP

Charismatic (ဘုရားသခင်၏ သိဒ္ဓိတန်ခိုးတော်) ၌ယုံကြည်သော
ကက်သလစ် ခရစ်ယာန်သည် အခြား ကက်သလစ် ခရစ်ယာန်ထက် ပိုမို သာသည်ဟုမဆို မတူကွဲပြားသည့် ကျေးဇူးတော်များမှ တစ်ခုကို ရရှိသည်ဟုသာ မှတ်ယူနိုင်သည်။

ပထမဦးစွာ Praise and Worship ဟူသည့် စကားလုံးအား ခွဲခြမ်းကြည့်လျှင် Praise ဘုရားဂုဏ်တော် ချီးမွမ်းခြင်း နှင့် Worship ဟူသည့် ကိုးကွယ်ခြင်းဟု မြင်နိုင်သည်။

ကက်သလစ် အမြင်အားဖြင့်

Mass နဲ့ကျမ်းစာ

Mass နဲ့ ကျမ်းစာ
*****************
၁။Mass တိုင်းကို ခမည်းတော်သားတော်သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ ဆိုပြီး “ခရစ်တူးအမှတ်အသား” ပြုလုပ်ပြီးတော့ စကြပါတယ်။  “ခရစ်တူးအမှတ်အသား” ကို တမန်တော်ကြီးများက ဆေးကြောခြင်းခံသော ဘာသာသူအသစ်များရဲ့ နဖူးပေါ်မှာ တံဆိတ်ခတ် အမှတ်အသားပြုလုပ်ပြီးစတင်အသုံးပြုခဲ့ကြပါတယ်။ (Ephesians 1:13, Revelation 7:3)
“ခရစ်တူးအမှတ်အသား”  ပြုလုပ်တဲ့အချိန်မှာ ဆိုတဲ့ စာကလုံး (စာသား) ကိုကြတော့ သခင်ယေဇူးရဲ့ နှုတ်တော်ထဲကနေ တိုက်ရိုက်လာခဲ့တဲ့ စကားလုံးတွေပါ။ အဲဒီစကားလုံးတွေဟာ သခင်ယေဇူးရဲ့ နောက်ဆုံး တမန်တော်ကြီးတွေကို ပြောခဲ့တဲ့ နှုတ်တော်ထွက်စကားတွေပါ။

St. Maria Goretti

ST MARIA GORETTI

*Maria Goretti ဟာ အီတလီနိုင်ငံ Ancona ဒေသရှိ Corinaldo ရွာမှာ ၁၈၉၀ ခုနှစ် အောက်တိုဘာ ၁၆ တွင် ဖွာမြင်ခဲ့ပါတယ်။ သူမရဲ့ အဖေဟာ ငှက်ဖျားရောဂါနဲ့ ဆုးံသွားတဲ့နောက်ပိုင်း မိခင်ဟာ သူမ သားသမီးတွေရဲ့  စားဝတ်နေရေးအတွက် အတော့်ကို ရုန်းကန်ရပါတယ်။
*Maria Goretti ဟာ သူမရဲ့ ညီမအငယ်ဆုးံ ထရေဇားကို ပြုစု ထိန်းကျောင်းရင်း အိမ်က အိမ်အလုပ် အားလုးံကို လုပ်ရပြီး ကျန်မောင်နှမတွေက အမေကို လယ်ယာအလုပ်မှာ ဝိုင်းကူရပါတယ်။ ဒီလိုနဲ့ ၁၈ နှစ် အရွယ်အိမ်နီးချင်း Alessandro ရဲ့ သွေးသားနှောင့်ယှက်မှုကို သူမ ၁၁ အရွယ်ချိန်မှာပင် ခံခဲ့ရပါတယ်။ သို့ပေမဲ့ သူမက ထိုလုလင်ရဲ့ သွေးဆောင်မှုကို အမြဲငြင်းဆန်ကာ တရားချဆုးံမလေ့ရှိပါတယ်။

ဝိညာဉ်ရေးသမိုင်းခြေရာ

ဝိညာဉ်ရေး သမိုင်းခြေရာ
***************************
ကက်သလစ်အသင်းတော်ရာဇဝင်အကျဉ်းချုပ် (ရာစုနှစ်အလိုက်ဖော်ပြသည်)
ပထမရာစုနှစ် အချိန်ကာလ AD ၃၃ မှ ၁၀၀  ထိ
===============
၁။ သခင်ယေဇူးခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွပြီး(၁၀)ရက်
 မြောက်သောနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်သည်မီးလျှံဖြင့်
 တမန်တော်များ၏ ဦးခေါင်းပေါ်တွင် ဆင်းကြွလာသည်။

၂။ သံပေတရူး၏ ပထမအကြိမ်သြဝါဒတွင် နားထောင်သူလူမျိုးပေါင်း
 စုံတို့သည် မိမိတို့ဘာသာစကားအသီးသီးနားလည်ကြ၍ လူပေါင်း
 (၃၀၀၀)ခန့် ယုံကြည်သက်ဝင်လာသည်။ ဒုတိယသြဝါဒတွင် လူ
 ပေါင်း (၅၀၀၀)ခန့် ယုံကြည်သက်ဝင်လာပြန်ရာ စုစုပေါင်း (၈၀၀၀)ကျော် ကက်သလစ် ဘာသာထဲသို့ ဝင်လာသည်။

၃။ ဂျေရုဆလင်မြို့တွင် တမန်တော်ကြီးများ (၃)ကြိမ်တိုင်အောင်
 အစည်းအဝေးပြုလုပ်သည်။ ပထမအကြိမ်တွင် ယုဒအစ္စကာရီယုဒ်
 နေရာတွင် မာတီးယားကိုရွေးချယ်ခဲ့သည်။ ဒုတိယအကြိမ်
 အစည်းအဝေးတွင် လက်ထောက်ရဟန်း(၇)ပါးကိုရွေးချယ်ခဲ့သည်။

ကက်သလစ်အမျိုးသမီးများ ဘုရားကျောင်းတက်လျှင် ဇာတဘက်ဆောင်းရခြင်း

ကက်သလစ်အမျိုးသမီးများ ဘုရားကျောင်းတက်လျှင် ဇာတဘက်ဆောင်းရခြင်း
***********************************************************

 ကျမ်းစာတော်မြတ်အရအမျိုးသမီးများသည်ဘုရားသခင်ရှေ့မျက်မှောက်တွင်ဦးခေါင်းကိုဖုံးအုပ်ထားသင့်သည်ဟု ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ယခုအခါ ဘုရားကျောင်းတက်ချိန်၌ အမျိုးသမီး အတော် များများ သည်
ဦးခေါင်းဖုံးအုပ်ခြင်း(၀ါ) ဇာတဘက်ဆောင်းခြင်းမပြုကြတော့ပါ။ မည်သည့်အချိန်ကတည်းက ဇာတဘက်ဆောင်း
သည့်အလေ့အကျင့်ကို ရပ်ဆိုင်းခွင့်ပြုခဲ့ပါသနည်း။ ထိုအလေ့အကျင့်သည်ခေတ်နှင့်မညီ၊ မလိုအပ်၊ မသင့်လျော်
တော့သည့် ကျင့်စဉ် တစ်ခုဖြစ်လာခြင်းကြောင့်ပေလော။
        အောက်ပါကျမ်းပိုဒ်ကို သေချာဖတ်ကြည့်ပါ။
         "....... မိန်းမတစ်ဦးသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်၊သို့မဟုတ်ပရောဖက်ညာ

'` စိပ်​ပုတီး´´ ဖြစ်​​ပေါ်လာပုံ

[`` စိပ်​ပုတီး´´ ဖြစ်​​ပေါ်လာပုံ]

            ခရစ်​ယာန်​တို့အား ( လူသားတို့အား ) မှိုင်းမရန်​ ခန့်​အပ်​ခြင်းခံရ​သော မယ်​​တော်​မာရီးယားကို နာခံဖို့ ၊ နား​ထောင်​ဖို့ရန်​ ခရစ်​​တော်​ရှင်​၏ အလို​တော်​ဖြစ်​သည်​ ။ ထို့​ကြောင့်​လည်း သူ၏မိခင်​ကို လူသားတို့အား ကြည့်​ရှု​စောင့်​​ရှောက်​အံ့ငှါ ၊ မိခင်​အဖြစ်​​ပေးရရှာသည်​ ။ ( ​ယော ၁၉း ၂၆ - ၂၇ ) ဤသို့အားဖြင့်​ မာရိယား၏အလို​တော်​ကို လိုက်​နာ​ဆောင်​ရွက်​ခြင်းသည်​  သား​တော်​ ဘုရားကိုလွန်​စွာ နှစ်​သက်​​စေခဲသည်​ ။ သို့ဖြစ်​၍ မာရိယား၏အလို​တော်​ဖြစ်​​သော ` စိပ်​ပုတီး ´ စိပ်​ခြင်းသည်​ ဘယ်​ကစ၍ ဘယ်​သို့​သောတန်​ခိုး အာနု​ဘော်​​တော်​ ရှိသည်​ကိုလည်း​ကောင်း သိထားအပ်​လှ​ပေသည်​ ။

                 ၁၂ - ရာစု မတိုင်​မီအထိ စိပ်​ပုတီးစိပ်​ခြင်းဟူသည်​ မရှိခဲ​ပေ သို့​သော်​ မယ်​​တော်​ကို

အဘယ်ကြောင့် ကလေးငယ်လေးများအား ကက်သလစ်အသင်း တော်သည် ဆေးကြောခြင်းပေးရပါသနည်း။

အဘယ်ကြောင့် ကလေးငယ်လေးများအား ကက်သလစ်အသင်း တော်သည် ဆေးကြောခြင်းပေးရပါသနည်း။

အသင်းတော်ရဲ့ ရှေးဦးအစောပိုင်းကာလ ရာစုနှစ်များကို မှတ်တမ်းတင်ထားတဲ့ တမန်တော် ၀တ္ထုထဲမှာ တစ်အိမ်သားလုံး ဆေးကြောခြင်းခံယူကြကြောင်း (တမန်-၁၈း၈) ဖော်ပြချက်ကို ထောက်ရင် တမန်တော်များလက်ထက်ကပင်လျှင် ကလေးသူငယ်များကိုပါ ဆေးကြောခြင်း ပေးတယ်လို့ဆိုနိုင်ပါတယ်။ ရှေးဦးကာလ အသင်းတော်မှာ ဆေးကြောခြင်းခံယူသူတွေဟာ အရွယ်ရောက် ယုံကြည်သူများဖြစ်ပါတယ်။ ပထမဦးဆုံး ခရစ်ယာန်အများစုကတော့ ကြီးမှ၊ အရွယ်ရောက်ပြီးမှ ယုံကြည်ခြင်းရဘို့ အခွင့်အရေးနဲ့ ကြုံခဲ့ကြရလို့ မိမိတို့ အခွင့်ရေးရစဉ် အရွယ်ရောက်ကာလမှာပဲ ဆေးကြောခြင်းကို ခံကြရတယ်ဆိုတာ ကိုတော့ မမေ့အပ်ပါ။ တစ်ချို့မိသားစုဝင် ကလေးငယ်များဟာ မိမိတို့ ငယ်ရွယ်စဉ်မှာပင် အခွင့်အရေးနဲ့ ကြုံကြိုက်ကြရလို့ ငယ်ရွယ်စဉ်မှာပင် မိဘအုပ်ထိန်းသူများရဲ့ ယုံကြည်ခြင်း၌ ဆေးကြောခြင်း မင်္ဂလာ ခံစားခွင့် ရရှိခဲ့ကြတာကိုလည်း ဥပက္ခာမပြုအပ်ပါ။ ကလေးငယ်များကို ဆေးကြောခြင်းပေးခြင်းသည် မျက်မှောက် အမိအသင်းတော်ကြီးရဲ့ ကာနွန်ဥပဒေလိုတော့ ဓမ္မသစ်ကျမ်းထဲမှာ "တစ်အိမ်သားလုံး၊ တစ်မိသားစုလုံး" ဆိုတဲ့ စကားအသုံးအနှုန်း ကလွဲရင် အခြား ရှင်းရှင်းလင်းလင်း ဖေါ်ပြ ထားတဲ့ ကျမ်းပိုဒ်မတွေ့ရပါ။

အမေးအဖြေကဏ္ဍ

#Crd to Cle Pike
အမေးအဖြေကဏ္ဍ (၃)

               အမိကက်သလစ်သာသနာသည်၊ လာမည့်ဇူလိုင်လ (၂၆) ရက်နေ့ တွင်ကယ်တင်ရှင်ယေဇူးသခင်၏မယ်တော်ဖြစ်သောမယ်တော်မာရီးယာ၏မိဘနှစ်ပါးဖြစ်သည့်ရှင်ဂျော့ကင်း(မ်)နှင့်ရှင်အားနာတို့ ၏ပွဲနေ့ကိုကျင်းပမည်ဖြစ် ပါသည်။ တနည်းအားဖြင့်ဆိုသော်၎င်း တို့ နှစ်ပါး သည်၊ ယေဇူး သခင်၏အဖိုးအဖွားများဖြစ်ကြပါသည်။
               သာသနာ၏သမိုင်းအစဉ်အလာအရ၄င်းတို့ အားဒုတိ ယရာစု အ လယ်လောက်မှစ၍ကြည်ညိုရိုသေခဲ့ကြကြောင်းမှတ်တမ်းတွင်မှတ်သားရပါသည်။(၆) ရာစုအရောက်တွင်၊ ကွန်စတန်တီနိုပယ်ဍ် (ယခုအီရန်၊ အီရတ် တကြော) ရှင်အားနာအားတိုင်တည်၍ဘုရားကျောင်းဆောင်တစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့ပါသည်။                  

              ထိုပွဲနေ့သည်အခြား သောနိုင်ငံများဍ်အမိသာသနာ၏သာ မန်ပွဲတစ်ပွဲအဖြစ်သာကျင်းပသည်ဆိုသော်လည်း၊ မြန်မာနိုင်ငံဍ်မူဤပွဲကိုကက်သလစ်သာသနာအနေဖြင့်တစ်နိုင်ငံလုံးအတို

ပေးဆပ်ခြင်းမည်သော မိဘမေတ္တာ

ပေးဆပ်ခြင်းမည်သော မိဘမေတ္တာ

"အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား" ဆိုသည့် မေးခွန်းကို ခေတ်အ ဆက်ဆက် ဆွေးနွေးဖူးခဲ့ကြသည်။ အဖြေကိုလည်း အမျိုးမျိုး ပေးဖူးခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင်များ၏ ခေတ်ကာလအချိန်ကပင် အချစ်တွင် အသွင်ပုံစံ များစွာရှိသည်ကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အချစ်တွင် တစ်ခုတည်းသော အနက်ဖွင့်ဆိုခြင်း မရှိနိုင်ပါ။ ပေးဆပ်ခြင်း၊ ရယူခြင်း ဆိုသည့် စကားလုံး နှစ်လုံး အကြားတွင်လည်း ရှုတ်ထွေးနေတတ်ပြန်သည်။
မည်သို့ပင်ဆိုစေ အချစ်သည် နားလည်ရန်မဟုတ် ကျင့်ကြံနေထိုင်ရန်သာ ဖြစ် သည်။ လူသားများ အကြားတွင် အခိုင်အမာ ရှိနေသော အချစ်မှာ မိဘ၏ အချစ် ဖြစ်သည်။ မိဘ၏ အချစ်ခိုင်မာခြင်းကြောင့်သာလျှင် လူသားထုကြီးဆက်လက် တည် တံ့နေခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ကြသည်။ မိဘ စိတ်ထားဆိတ်သုန်းသွားသည့် လူ့အသိုင်းအဝိုင်းသည် မျိုးတုန်း ပျောက်ကွယ် ရမည်သာဖြစ်သည်။

Saturday, July 22, 2017

ယုံကြည်ခြင်း

ယုံကြည်ခြင်း (Faith)
**********************

ပထမဦးဆုံး ကျွန်တော့်အနေဖြင့် ဝေါဟာရနှစ်လုံးကို ခွဲခြားသုံးရလိမ့်မည်။ ထိုဝေါဟာရနှစ်လုံးမှာ ယုံခြင်း (belief) နှင့် ယုံကြည်ခြင်း(faith) ပင်ဖြစ်ပါသည်။ ယုံခြင်းဆိုသည်မှာ အကြောင်းအရာတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးတွင် သာမာန်ယုံလိုက်ခြင်းသာဖြစ်၍ သူ၏တုန့်ပြန်မှု့မှာ အေးအေးဆေးဆေးရှိပေလိမ့်မည်။ ဥပမာ- သြော်၊ သူပြောတာဟုတ်မှာပါ။ အဲဒါမှန်လောက်ပါတယ်။ စသည့်အေးစက်စက်အတုန့်အပြန်သာရှိသည်။

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ
Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

၂၀၁၅ ခုနှစ်က သတင်းဖြစ်ပါတယ်။

ကက်သလစ် စစ္စတာ အသင်းပေါင်းစုံက စစ္စတာပေါင်း ၁၁၀၀ ဟာ ကွန်ရက်ချိတ်ဆက်ပြီး နိုင်ငံပေါင်း ၈၀ ကျော်မှာ လူကုန်ကူးမှုရဲ့ သားကောင်များ ဖြစ်တဲ့ လိင်လုပ်သမများကို ကယ်ဆယ်ကူညီနေကြပါတယ်။

ကက်သလစ် စစ္စတာများ လုပ်နေတဲ့ အဓိက လုပ်ဆောင်ချက်များဟာ လိင်လုပ်ငန်းများအတွင်း ဝင်ရောက်ပြီး အသက်မပြည့်သေးတဲ့ လိင်လုပ်သား/သမများကို ပြန်လည် ဝယ်ယူခြင်း ကယ်ဆယ်ခြင်းနဲ့
မတရား လူကုန်ကူးခံနေရတဲ့ အရွယ်ရောက် လိင်လုပ်သမများကို ပြန်လည် ခေါ်ဆောင် ပြုစုစောင့်ရှောက် သင်တန်းပေးကာ ပုံမှန် အလုပ်လုပ်စားနိုင်မယ့် အခြေအနေမျိုး ရောက်အောင် လုပ်ပေးနေကြတာပါ။

စာရင်းများအရ ကမ္ဘာပေါ်မှာ မတရား လူကုန်ကူးခံရသူ သန်း ၇၀ ကျော်ရှိကာ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီး ဖြစ်ပြီး
သန်း ၇၀ ကျော်က တဝက်မှာ ၁၆ / ၁၈ နှစ်အာက် ကလေးသူငယ်များ ဖြစ်ကြပါတယ်။

လက်ထပ်ခြင်းစက္ကရမင်တူးဆိုင်ရာ ဥပဒေများ

လက်ထပ်ခြင်းစက္ကရမင်တူးဆိုင်ရာ ဥပဒေများ
************************************************
မေး။ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူးနဲ့ ပတ်သတ်ပြီး အသင်းတော်ရဲ့ ဥပဒေမှာ ဘယ်လိုပြဌါန်း ထားလဲဆိုတာ ဖြေကြားပေး စေလိုပါတယ်။

ဖြေ။ ။ ကက်သလစ်အသင်းတော်မှာ Canon Law လို့ ခေါ်တဲ့ အသင်တော်ရဲ့ ဥပဒေပုဒ်မ(၁)မှ (၁၇၅၂)ထိ ရှိတဲ့ အနက် ပုဒ်မ(၁၀၅၅)ကနေ (၁၁၆၅) ထိ စုစုပေါင်း (၁၁)ခုကို လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးနဲ့ ပတ်သက်ပြီး ပြဌာန်း ထားပါတယ်။

ပထဆုံးပုဒ်မ (၁၀၅၅)ရဲ့ အပိုဒ်(၁)မှာ လက်ထပ်ထိမ်းမြားခြင်းကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆို (Definition) ထားပါတယ်..."လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းဆိုသည်မှာ လက်ထပ် ထိမ်းမြားခြင်း ကတိသစ္စာအားဖြင့် တစ်ဦးနှင့် တစ်ဦးတစ်သက်တာ အပ်နှံကြသော သတိုသမီးနှင့် သတိုးသားတို့သည် အချင်းချင်း အပြန်အလှန် ကောင်းကျိုးပြုရန် အတွက်၎င်းင်း၊ သားသမီးများမွေးဖွားပြီး ဘက်စုံပညာပေးရန် ဟူသော ရည်ရွယ်ချက်နှင့်၎င်းင်း၊ ဆေးကြောခြင်းခံယူပြီးသူ အမျိုးသားနှင့် အမျိုသမီးတို့ ပြုလုပ်ကြသည့် ကတိသစ္စာကို စက္ကရမင်တူးအဖြစ် သခင်ယေဇူး တင်မြှောက်ထားခြင်းဖြစ်သည်။

"သမ္မာကျမ်းစာမှာတော့ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးရဲ့ ထာဝရတည်မြဲခြင်း သတို့သမီးနဲ့ သတို့သားတို့ရဲ့ အပြန်အလှန် လေးစားခြင်း၊ သစ္စာရှိခြင်း၊ ကွာရှင်းခွင့်မပြုခြင်း သတို့သမီးနဲ့သတို့သားတို့ရဲ့ အပြန်အလှန်လေးစားခြင်း၊ သစ္စာရှိခြင်း၊

"မစ္ဆားတရားဝတ်ပြုခြင်း၌ ပြုမူရသော ကိုယ်ဟန် အနေအထားများ အကြောင်းသိကောင်းစရာ"

"မစ္ဆားတရားဝတ်ပြုခြင်း၌ ပြုမူရသော ကိုယ်ဟန် အနေအထားများ အကြောင်းသိကောင်းစရာ"

မစ္ဆားနာသည့်အခါ ထိုင်လိုက်၊ ဒူးထောက်လိုက် (သို့မဟုတ်) မတ်တပ်ရပ်လိုက်ဖြင့် ကျွန်ုပ်တို့၏ အနေအထားကို မကြာခဏပြောင်းပါတယ်။ဘာလို့ထိုကဲ့သို့ပြု လုပ်ရတာလဲ။ ကျွန်ုပ်တို့နေချင်သလိုမနေရ ပါသလဲ။
     ကိုယ်အမူအရာသည် လူတို့၏အတွင်းစိတ်၏ ခံစားချက်ကိုဖေါ်ပြပါတယ်။ အကယ်၍ စစ်သားတစ်ဦးသည် မိမိ၏အကြီးကဲ အရာရှိထံ သွားသောအခါမျိုးမှာ မိမိလက်ကို အိပ်ကပ်ထဲနှိုက်ထားပါက မလေးစားမှုကို ပြရာရောက်ပါတယ်။ အကယ်၍ ကျွန်ုပ်တို့သည် နိုင်ငံတော် သမ္မတရှေ့နှင့်တွေ့ဆုံပါက ပါးစပ်ထဲ ဆေးလိပ်ခဲပြီး လက်ကိုအိပ်ကပ်နှိုက်ကာစကားပြောနေမည် မဟုတ်ပါ။ ထိုနည်းတူစွာ ကိုယ်တော်မြတ်ပွဲတော် မစ္ဆားတရားကျင်းပသောအခါ ဘုရားသခင်၏ရှေ့တော်၌ ခန္ဓာကိုယ်အမူအရာတို့သည် ကျွန်ုပ်တို့အတွင်းစိတ်၏ အခြေအနေကိုဖေါ်ထုတ်၍ ကျွန်ုပ်တို့၏စိတ်ပါဝင်စားမှုကိုဖေါ်ပြနေပါတယ်။

±±± ကက်သလစ်အသင်းတော်၏ စစ်မှန်သော အယူဝါဒနှင့် သိသင့်သိထိုက်သော ကျမ်းပိုဒ်တစ်ချို့  ±±±

±±±   ကက်သလစ်အသင်းတော်၏ စစ်မှန်သော အယူဝါဒနှင့် သိသင့်သိထိုက်သော ကျမ်းပိုဒ်တစ်ချို့  ±±±

၁။ ဆေးကြောခြင်းစက္ကရမင်တူး
    ယောဟန် ၃: ၅ / မာသဲ ၂၈:၁၉ / မာကု ၁၆: ၁၆    မာကု ၁၀: ၃၉

၂။ ခရစ္စမားအားပေးခြင်း စက္ကရမင်တူး
တမန် ၈: ၁၅-၁၇/ ဟေဗြဲ ၆: ၂/ တမန် ၁၉: ၆/ ၂ကော် ၁: ၂၁-၂၂

၃။ ကိုယ်တော်မြတ် စက္ကရမင်တူး
၁ကော် ၁၁: ၂၄/၂၇ / ယော ၆: ၅၃-၅၈/ မာသဲ ၂၆:၂၆-၂၉

၎။ အာပါတ်ဖြေခြင်း စက္ကရမင်တူး
ယော ၂၀: ၂၃/ ဟေရှာ ၂၂: ၂၂/ မာသဲ ၁၆: ၁၉/၁၈:၁၈

၅။ လူနာကိုပရိတ်တော်ဆီးလူးမှတ်ခြင်း စက္ကရမင်တူး
ယာကုပ် ၅: ၁၄-၁၅/ မာကု ၆: ၁၃/ ၁၆: ၁၈

၆။ သိက္ခာတင်ခြင်း စက္ကရမင်တူး
တမန် ၁၄: ၂၂-၂၃/ ယော ၁၅: ၁၆/ ၁တိမော ၄:၁၄/ ယော ၂၀: ၂၂: ၂၃/ တမန် ၆: ၆

၇။ လက်ထပ်ခြင်း စက္ကရမင်တူး
၁ကော ၇: ၁၀-၁၁/၃၉ မာသဲ ၉: ၆/၉ / မာကု ၁၀: ၁၁- ၁၂/ လူးကား ၁၆: ၁၈

Friday, July 21, 2017

Prayer

ဤသို့ အသနားခံတောင်းလျှောက်ကြပါစို့ 

အိုသခင်ယေဇူး၊ ကိုယ်တော်သည်၊ နေထိုင်မကောင်းသူ၊ ရောဂါဝေဒနာခံစားနေရ သူများကို၊ ပြုစုကုသပေးခဲ့ပါသည် - ဘုရားသခင်၊ သနားတော်မူပါ။

အိုသခင်ယေဇူး၊ ကိုယ်တော်သည်၊ နောင်တရသူ၊ အပြစ်ရှိသူများအား၊ ခွင့်လွှတ်ပေး ခဲ့ပါသည် -

လူငယ်နဲ့ပရဟိတအလုပ်


 လူငယ်နှင့်ပရဟိတအလုပ်

 ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီးရေးချင်နေတာကြာပါပြီ။ ပြီးခဲ့ တဲ့နှစ်လောက်က၊ မြန်မာနိုင်ငံတနှံတ လျားမှာရေကြီး၊ ရေလွှမ်း တဲ့ဘေးကြုံခဲ့တယ်ဆိုတာမှတ်မိအုံးမှာပါ။ ပုဂလိက္ကစေတနာရှင်တွေ၊ ပရဟိတ္တိအဖွဲ့ အသီးသီးကလည်းကိုယ်တိုင်ငွေအားမလှူနိုင်တာတောင်၊ လုပ်အား၊ အချိန်ပေးပြီးတတ်အားသ ရွေ့ကိုယ့်ထမင်းထုတ်နဲ့ ကိုယ်ရံ ပုံငွေရှာဖွေရေးမှာပါဝင်ဆက်ကပ်ခဲ့ကြတယ်။
 ရံပုံငွေရှာဖွေရာမှာပုံစံမတူကြပါဘူး။ အတီးအမှုတ်ရတဲ့လူ ငယ်တွေကတော့၊ တဲ့အစွမ်းအစနဲ့  လမ်းသွားလမ်းလာ တဲ့သူတွေနား ၀င်ပီအောင်တေးဂီတနဲ့ တီးခတ်သီဆိုပြီးရှာကြတယ်။ သည်လိုဘဲတ ချို့တော့ရပ်ကွက်၊ ရပ်ရွာ၊ ဈေးတွေမှာသွားပြီးဖလားတွေနဲ့ အလှူခံပေး ခဲ့ကြတယ်။ တချို့ကြတော့ လည်းအဲသလောက်လည်းအချိန်မပေးနိုင်။ ငွေကြေးလည်းမတတ်နိုင်လေတော့၊ အားတဲ့တစ်နေ့ မှာစုဖွဲ့ ပြီး၊ တစ် အိမ်ဝင်၊ အတစ်ထွက်နဲ့ သန့် ရှင်းရေးလုပ်ပေးစရာတွေ၊ ပန်းကန်ဆေး စရာ၊ တံမြတ်စည်းလှဲ စရာတွေ၊ ရေချိုးခန်း၊ သန့် စင်ခန်းတွေဆေးေ ကြာပေးပြီး၊ အလှူခံလာခြင်းကိုရှင်းပြအလှူခံခဲ့ကြတဲ့သ တင်းတွေလူ မူကွန်ရက်ပေါ်မှာဝေေ၀ဆာဆာမင်္ဂလာယူနေခဲ့တယ်။ နောက်ဆုံးဘာ မှမတတ်နိုင်တဲ့သူ တွေကြတော့လည်း၊ ကိုယ့်မှာရှိတဲ့အ၀တ် အစားတွေ ထဲကမျှကူပေးတာတွေနဲ့ တကယ့်ကိုမင်္ဂလာရှိလှ တဲ့သတင်းတွေဖြစ် ခဲ့ တယ်။

အချစ်နှင့်အသက်

အချစ်နှင့် အသက်

ချစ်ခြင်းသည် ခံစားမှု၊ ခံစားချက် သက်သက် မဟုတ်ပေ။ ချစ်ခြင်းအား ခံစားမှု၊ ခံစားချက်ပေါ်တည်ဆောက်ခြင်းသည် လူ့ဘ၀ လူ့အသက် ကို စတေးရတတ်သည်။ အကြောင်းမှာ ခံစားချက် ဟူသည် အချိန်ကာလတစ်ခု၏ ချယ်လည်မှုအောက်တွင်ရှိသောကြောင့်ဖြစ်သည်။ လူသည် သွေးနွေးသတ်တ၀ါ မဟုတ်ပါလော။ သွေးနွေးသတ်တ၀ါဟူသည်
ပြင်ပအပူချိန်ကိုကို မှီလျှက် ပြောင်းလဲတတ်သည် မဟုတ်ပါလော။ ထို့ကြောင့်
ပြင်ပ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသနှင့် အတူ ပြောင်းလဲတတ်လွန်း
လွန်းသော လူ၏ခံစားတတ်မှု၊ လူ၏ခံစားချက်ကို မှီလျက် တည်ဆောက်သော

သေလွန်သောသူများအတွက်သင်ဘာလုပ်ပေးနိုင်သနည်း။

သေလွန်သောသူများအတွက်သင်ဘာလုပ်ပေးနိုင်သနည်း။

သေလွန်သွားပြီးသောသူများ အတွက် ဘာကိုမျှလုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု လက်ခံထားသောသူအများရှိသော်လည်း၊ ရှေးကနဦးခရစ်ယာန်များသည်
 ဆေးကြောခြင်း မခံမှီ သေလွန်သော ယုံကြည်သူများ အတွက်ဆေးကြော ခြင်း (baptism) ကိုပင် ကိုယ်စားခံယူပေးခဲ့ကြပေသည်။

(၁) ပ-ကော 15: 29 (1 Cor 15:29) တွင် သံပေါလုရေးထားသည်မှာ၊

---သေလွန်သောသူတို့သည် ထမြောက်ခြင်းအလျှင်း မရှိလျင်၊ သေလွန်သောသူ တို့၏ ကိုယ်စား ဆေးကြောခြင်း (Baptism) ကို ခံသောသူတို့သည် အဘယ်တို့ပြုရမည်နည်း။ သေလွန်သောသူတို့အတွက် အဘယ့်ကြောင့် ဆေးကြောခြင်း (Baptism) ကို

သင်္ချိုင်း မှာ ဘာကြောင့် ဖယောင်းတိုင်ထွန်းရသနည်းဟူသည်မှာ ---

သင်္ချိုင်း မှာ ဘာကြောင့် ဖယောင်းတိုင်ထွန်းရသနည်းဟူသည်မှာ ---

(က) ခရစ်တော်ကို ယုံကြည်လျှက် သေလွန်သောသူ အပေါင်းတို့သည် မှောင်မိုက်၏ အရိပ်အောက်တွင်မနေရ၊ ကယ်တင်ရှင်ခရစ်တော်၏ အလင်းတော်အောက်တွင်နေသော သူများဖြစ်ကြောင်း သက်သေပြ ထင်ရှားစေခြင်း ဖြစ်ပေသည်။

(ခ) ဘုရားသခင်၏ မဟာသနားခြင်း ကရုဏာတော်အားဖြင့် သေလွန်သော သူတို့သည်
နောက်ဆုံးသောနေ့ရောက်သောအခါ မိမိတို့ လဲလျောင်းရာမှ ပြန်လည်ရှင်ပြန်ထမြောက်
မည်ဖြစ်ကြောင်းကို သက်သေထူခြင်းပင်ဖြစ်သည်။

ရဟန်းသိက္ခာတင်ခြင်း (Priestly Ordination)

ရဟန်းသိက္ခာတင်ခြင်း (Priestly Ordination)

ရဟန်းသိက္ခတင်ခြင်း (priestly ordination) သည် လောကီနှင့်ဆိုင်သော ဂုဏ်ထူးရာထူးချီးမြှင့်ခြင်း၊ အပ်နှင်းခြင်း မဟုတ်ပေ။ ရဟန်းသိက္ခာတင်ခြင်းသည် လောကီရေးရာ ဂုဏ်ပကာသနနှင့် စပ်လျဉ်းခြင်းလုံးဝမရှိပေ။ ခရစ်တော်၏  နောက်လိုက်တမန်တော်ကြီးများသည် မိမိတို့၏အရိုက်အရာကိုဆက်ခံရန် ရွေးချယ်ထားသော သူများအား “လက်တင် ခြင်း”၊ “၀ိညာန်တော်ဘုရားအား ဖိတ်ခေါ်ခြင်း” နှင့် “ယုံကြည်သူများအားလုံး၏ ဆုတောင်းခြင်း” အားဖြင့် မိမိတို့၏ ရဟန်းတာဝန်နှင့် ၀တ္တရားများကို အပ်နှင်းခဲ့ကြသည်ကို သမ္မာကျမ်းစာထဲတွင်လည်းကောင်း (ဥပမာ၊ တမန်တော် ၁၊ ၁၂-၂၆ - Judah Iscariot နေရာအား အစားထိုးရန် Matthias  အား ခန့်အပ်ခြင်း၊ တိမောသေ ပထမစောင် ၄၊၁၄ နှင့် ဒုတိယစောင် ၁၊၆)၊ ရှေးကနဦးအသင်းတော်ဖခင်ကြီးများရေးသားသော စာများတွင်လည်းကောင်း (Hippolytus, “Apostolic Tradition” written AD 215; The Teaching of the Twelve called Didache written about AD 50-120; Epistles of Clement written AD 100) တွေ့ရသည်။

အသင်းတော်လိုသလား

အသင်းတော်
၁။ အသင်းတော်လိုသလား။

ဒီမေးခွန်းဟာ ကြားနေကြရိုးနေလောက်တဲ့ မေးခွန်းတစ်ခုဖြစ်ပါလိမ့်မယ်။ ခရစ်ယာန်တစ်ယောက်အတွက် ဒါမှမဟုတ် ခရစ်ယာန်တစ်ယောက်ဖြစ်ဘို့အတွက် အသင်းတော်လိုသလား။ ခရစ်တော်ဘုရားရှင် ဘယ်လိုသွန်သင် သလဲဆိုတာ အသက်ပေးတဲ့နှုတ်ကပတ်တော်မှာ ဖတ်ရှုလေ့လာကြရအောင်၊

    သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို ငါသည်တည်ဆောက်မည်။ ထိုအ သင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ (မာတေဦး ၁၆၊၁၈)။ You are rock and upon this rock I will build my Church (Mt 16:18).

ဒီကျမ်းပိုဒ်မှာ “အသင်းတော်” ဆိုတဲ့ဝေါဟာရကို နားလည်ဘို့အလွန်အရေးကြီးပါတယ်။ မာတေဦး ၁၆၊၁၈ မှာ သုံးနှုန်းတဲ့ “အသင်းတော်” ဆိုတဲ့ဝေါဟာရကို သမ္မာကျမ်းစာရေးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ တပည့်တော်ကြီး  Matthew က Greek ဘာသာ ἐκκλησίαν (in Greek original) နှင့်ရေးသားခြင်းဖြစ်ပြီး၊ ၄င်းကို Latin ဘာသာနှင့် Ecclesia အဖြစ် စကားလုံးယူသုံးကာ St. Jerome က Latin ဘာသာအဖြစ် မွေးစားသုံးစွဲခြင်းဖြစ် တယ်။ ၄င်း Ecclesia ဆိုတဲ့ဝေါဟာရကို English ဘာသာပြန်ဆိုရာမှာ “Church”

St. Francis နဲ့သိုးငယ်လေး

St. Francis နှင့် သိုးငယ်လေး

တစ်ခါက၊ St. Francis ဟာ သူငယ်ချင်းများနှင့် လယ်တောတစ်ခု ဖြတ်သွား ရင်း ဆိတ် နှင့် နွားများကြားမှာ ပျော်ရွှင်စွာ ကျက်စားနေတဲ့ သိုးငယ်လေး တစ်ကောင်ကို လှမ်းမြင်လိုက်တယ်။ ဒါနှင့် St. Francis က သူငယ်ချင်းတွေကို

"ကြည့်စမ်းပါအုံး၊ ဟိုမှာဆိတ်အုပ် နွားအုပ်တွေကြားမှာ သိုးငယ်တစ်ကောင် လွတ်လွတ်လပ်လပ်သွားလာတာ ကြည်နူးစရာကောင်းလိုက်တာ" လို့ပြောလိုက်တယ်။

နောက်တစ်နေ့ သိုးငယ်လေးအဖြစ်ကို ရှုစားဘို့ အဲဒီလယ်တောကို St. Francis နှင့် သူငယ်ချင်းတစ်စုပြန်လာခဲ့ကြတယ်။ လယ်ကွင်းလဲရောက်ရော၊ ဘာတွေ့သလဲဆိုတော့ ကျားသစ်တစ်ကောင်ကနေမှ ဆိတ်အုပ်နွားအုပ်ကြားမှ ပင် ၄င်းသိုးငယ်ကိုမှ ရွေးပြီးတိုက်ခိုက် ကိုက်စားဘို့ ကြိုးစားနေတာကို တွေ့လိုက်ရတယ်။

ကျမ်းစာပါရဂူကြီး St Jerome မှ သူ၏သူငယ်ချင်းဖြစ်တဲ့ ရောမမြို့ရှိ သူဌေးမကြီး Leta ထံရေးသောစာ။ ။

ကျမ်းစာပါရဂူကြီး St Jerome မှ သူ၏သူငယ်ချင်းဖြစ်တဲ့ ရောမမြို့ရှိ သူဌေးမကြီး Leta ထံရေးသောစာ။ ။

ချစ်ခင်လေးစားရပါသော Leta,

သင်၏သမီးကို တစ်နေ့သမ္မာကျမ်းစာတစ်ပိုဒ် ဖတ်စေပါ။ သမ္မာကျမ်းစာ ဖတ်ခြင်းနှင့် ဆုတောင်းခြင်း အမြဲတွဲနေပါစေ။ ဤသို့အားဖြင့် ရွှေငွေကိုသော်လည်းကောင်း၊ လှပါတင့်  တယ်သောအ၀တ်တန်ဆာများကို သော်လည်းကောင်း ချစ်ခင်မြတ်နိုးတွယ်တာသည်ထက် အသက်ပေးနှုတ်ကပတ်တော်ဖြစ်   သောသမ္မာကျမ်းစာတော်မြတ်ကို ချစ်ခင်မြတ်နိုးတွယ်တာတတ်အောင် သင်ပေးလော့။

ထိုသို့ပြုလျင်၊ သူသည် လူတကာရှေ့မောက်တွင် ရွှေငွေနှင့်မဟုတ်၊ လှပသော အ၀တ်တန်ဆာနှင့်မဟုတ်၊ ကိုယ်တော်ရှင်၏ တရားတော်နှင့်သော်လည်းကောင်း၊ ကိုယ်တော်ရှင်၏ ရွှေညဏ်တော်နှင့်သော် လည်းကောင်း မိမိကိုယ်ကို အလှဆင်ယင်လျက် လူတကာရှေ့တွင် တင့်တယ်သော ကြယ်လေးတစ်ပွင့်လို ထွန်းလင်း လင်းလက် နေမယ်ကို ဘယ်တော့မှ မမိလေနှင့်။

Superstition အယူသည်းခြင်း

Superstition - အယူသည်းခြင်း၊
အယူသည်းမှုဟိုသည် မှားယွင်းသော
စွဲလမ်းခြင်းဖြစ်လေရာ၊ မှားယွင်းသောယုံကြည်ခြင်းလည်းဖြစ်ပေသည်။

ဓမ္မပညာရှင်များနှင့် ကျမ်းတတ်ပညာရှင်များသည် ၄င်း အယူသည်းခြင်းကို
နတ်ဆိုးလက်နက် (agency of Satan) ဟုပင်ခေါ်ဝေါ်ကြလေသည်။

ကက်သလစ်ခရစ်ယာန်ဝေါဟာရအသုံးအနှုန်း

ကက်သလစ်ခရစ်ယာန်ဝေါဟာရအသုံးအနှုန်း

Catholic Church = ကက်သလစ်အသင်းတော်
Catholic Mission = ကက်သလစ်သာသနာတော်
Archdiocese      = ဂိုဏ်းချုပ်သာသနာ
Diocese           = ဂိုဏ်းအုပ်သာသနာ
Zone               = တိုက်နယ် (စီရင်စု သုံးလေးခုစုထားခြင်း)
Parish            = စီရင်စု (ရဟန်းတစ်ပါးဦးဆောင်သော ဘာသာတူအုပ်စု)

Archbishop = ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး
Bishop = ဆရာတော်
Diocesan Bishop = ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး

Orthodox Church ဖြစ်ပေါ်လာရခြင်း

Orthodox church ဖြစ်ပေါ်လာရတဲ့အကြောင်းရင်း

Orthodox အသင်းတော်ဖြစ်ပေါ်လာရတဲ့အကြောင်းက အတိုချုပ်ရင် အကြောင်းရင်းနှစ်ခုတည်းရှိတယ်။

(၁) ဝေါဟာရလွန်ဆွဲခြင်း
(၂) နိုင်ငံရေးအားပြိုင်ခြင်း

(၁) ဝေါဟာရလွန်ဆွဲခြင်း

အဘယ့်ကြောင့် မာတင်လူတာသည် ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးမှ ခွဲထွက်ခဲ့သနည်း။

အဘယ့်ကြောင့် မာတင်လူတာသည် ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးမှ ခွဲထွက်ခဲ့သနည်း။

မာတင်လူတာ၏ကက်သလစ်ခရစ်ယာန်မှခွဲထွက်ခဲ့ရခြင်းအကြောင်းရင်း နှင့်ပတ်သက်၍ သိကောင်းစရာအချက်အချို့မှာ၊

၁။ အာဏာအလွဲသုံးစားသော အသင်းတော်ခေါင်းဆောင်များအား ဆန့်ကျင်လိုသောကြောင့်ဖြစ်သည်ဟူသည့် အချက်သည် အများသိသော အချက်တစ်ခုဖြစ်သည်။ သို့သော်၊ ဤအချက်သည် တစ်ဝက်သာမှန်သော (half-truth) စကားရပ်တစ်ခုသာဖြစ်သည်။ အ ကြောင်းမှာ၊ သူ၏ရဟန်းမင်းကြီးကို ဆန့်ကျင်သည့်နောက်ကွယ်မှ အရေးကြီးဆုံးသော အချက်သည် သူ၏ ဂျာမန်လူမျိုးကြီးဝါဒ ကြောင့်ဖြစ်သည်။

၂။ မာတင်လူတာအား ပြုပြင်ပြောင်းလဲရေးသမားကြီး - Reformer - ဟု နာမည်ပေးခဲ့ကြသည်။ သို့သော်၊ သူသည် ပြုပြင်ပြောင်းလဲရေးသမား တစ်ယောက်မဟုတ်ပေ။ သူသည်၊ ခွဲထွက်ရေးဝါဒီသမားနှင့် ခွဲထွက်ရေး ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်။ အကြောင်းမှာ၊ ကက်သလစ်  ခရစ်ယာန်အသင်းတော်ကြီးမှ သူသည်လုံးဝခွဲထွက်ရန်စိတ်ကူးမျှပင်မရှိခဲ့ ပေ။ သို့သော်၊ ရောမမြို့မှအုပ်ချုပ်ခံအဖြစ်မှ လွှတ်မြောက်ကာ၊ မိမိဂျာမန် လူမျိုးများနှင့် ဖွဲ့စည်းသော၊ ဂျာမန်လူမျိုးများသာ အုပ်ချုပ်သော ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးကို မြင်လိုသောကြောင့်ဖြစ်သည်။

ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေးနှင့် "-အားလုံးအတူတူဖြစ်သည်-" ဟူသည့်နှစ်ခုအကြားလွန်ဆွဲခြင်း

ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေးနှင့် "-အားလုံးအတူတူဖြစ်သည်-"
ဟူသည့်နှစ်ခုအကြားလွန်ဆွဲခြင်း

ယနေ့ခရစ်ယာန်ကမ္ဘာသည် ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေး ဟူသော ကြွေးကြော်သံနှင့်အတူ ခရစ်ယာန်သမိုင်းစာမျက်နှာသစ်ကို ရေးရသော အချိန်ကာလဖြစ်သည်။ အဘယ်ကြောင့် ခရစ်ယာန်များတစ် လုံးတစ်ဝတည်းဖြစ်ရေးကြိုးပမ်းနေရသနည်းဟူသည်မှာ မေးစရာတစ်ခု ဖြစ်လာသည်။

၁။ အဘယ်ကြောင့်နည်း။       တစ်လုံးတစ်ဝတည်းမဖြစ်သောကြောင့်ဖြစ်သည်။

၂။ အဘယ်ကြောင့်တစ်လုံးတစ်ဝတည်းမဖြစ်သနည်း။

မည်သူ့ထံအာပတ်ဖြေရအံ့နည်း

#မည်သူ့ထံ_အာပတ်ဖြေရအံ့နည်း?

          "ကျွန်ုပ်တို့သည် အမှားတစ်ခုခုကို ရည်ရွယ်၍ ပြုလုပ်ချိန်တွင် အပြစ်ထဲသို့ ကျရောက်ကြရသည်"(CCC.1849)လူသားဖြစ်တဲ့အလျောက် အပြစ်နဲ့မကင်းနိုင်ကြောင်းကို လူတိုင်းဝန်ခံကြရသည်။ ကျွန်ုပ်တိုာသည် အပြစ်တစ်ခုခုပြုမိလျှင် အလိုလိုနေရင်း စိတ်ထဲ၌ မပျော်နိုင်တော့ပါ။ မိမိအပြစ်ကို မည်သူမျှမသိပေးသော်လည်း ကိုအအပြစ်ပြုမိသွားမှန်းကို ကိုယ်ကအသိဆုံးပင်ဖြစ်သည်။ မိမိဩတ္တပ္ပစိတ်ကို အဘယ်သူမျှ လိမ်လည်၍မရပါ။
တချို မှာ စိုးရိမ်လွန်းအားကြီး၍ တစ်ရက်တည်းမှာပင် အာပတ်လေးငါးခါ ဖြေချင်လောက်အောင် ဖြစ်တတ်ကြသည်။ တချို့မမှာ