အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, July 27, 2017

ကျန်းမာရေး အထူး သတိပေးချက် !

ကျန်းမာရေး အထူး သတိပေးချက် !
---------------------------------------
ယနေ့  (23.7.2017 ) ည 9:30 နာရီ အချိန် သတင်းရ ရှိချက် များအရ ရန်ကုန်ဆေးရုံကြီးတွင် လက်ရှိတွင် လေမှ တစ်ဆင့် ကူစက် သော ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိုး Outbreak ဖြစ်ပွား၍ ပျံ့နှံ့ ကူးစက် ဖြစ်ပွားသူ 18 ယောက် အထိရောက် ရှိနေပြီ ဖြစ်ပြီး ရောဂါ လက္ခဏာပြပြီး တစ်နာရီအတွင်း သေဆုံးသူ 16 ယောက် အထိ ရှိလာပြီ ဖြစ်ပါသည်။


သေဆုံးသူများအား ရင်ခွဲစစ်ဆေး၍ ဓါတ်ခွဲခန်း စစ်ဆေးချက် အဖြေများ အရ H1N1 ရောဂါပိုး ဖြစ်ကြောင်း လတ်တလော အတည်ပြု နိုင်ခဲ့ပါသည် ဟု သိရပါသည်။

မနက်ဖြန် (24.7.2017) တနလာင်္နေ့ တွင် နိုင်ငံပိုင် Media များမှ တရားဝင်ကြေငြာသွားမည်ဟု သတင်းရ ရှိထားပါသည်။

အဆိုပါ H1N1 Flu ရောဂါ လက္ခဏာ များ မှာ :-

1. ချောင်းဆိုးခြင်း။
2. ဖျားနာခြင်း။ (အဖျား 37.8°C နှင့် အထက်) (3 ရက်နှင့် အထက်ဖျားခြင်း။)
3. နှာစေးခြင်း။
4. ခေါင်းကိုက်ခြင်း။
5. ခေါင်းမူးခြင်း။
6. သတိလစ်ခြင်း။
7. ကိုယ်လက် များနာကျင် ကိုက်ခဲခြင်း။
8. လက်ဖျားခြေဖျား အေးစက် ခြင်း။

အစရှိသည့် လက္ခဏာ များမှာ သာမန် တုတ်ကွေး အဖျား ရောဂါ နှင့် တူ သယောင်ရှိပြီး ပေါ့ဆစွာ နေခဲ့ပါက Shock ရပြီး
အသက်အန္တရာယ် လွန်စွာ ထိခိုက် နိုင်ပါသည်။

အဆိုပါ ရောဂါအတွက် ကုသနည်းထက် ကာကွယ်နည်း များက
ပိုမို ထိရောက် ပါသည်။

ကာကွယ်ရန် နည်းလမ်းများ :-

1. နှာခေါင်းစည်း MASK လုံခြုံ စွာ တပ်ထားရပါမည်။
2. ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ ဖြင့် အုပ်စိုးရပါမည်။
3. အရာဝတ္ထု တစ်ခုခု ကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရပါမည်။
4. လူနေထူထပ်သော နေရာ ဒေသ များသို့ မလိုလားအပ်ပဲ သွားခြင်း များ ရှောင်ကျဉ် သင့်ပါသည်။
5. တုတ်ကွေး ရောဂါ လက္ခဏာ ပြပြီး ပုံမှန်ဆေးကုသ ကြည့်လို့ 2 ရက်အထက်နေလို့ မှ မသက်သာရင် နီးစပ်ရာ ဆေးရုံ များသို့ အချိန်မှီ သွားရောက်ရမည် ဖြစ်ပါသည်။

#Credit Mobile Volunteer Medical Team.

No comments:

Post a Comment