အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေးနှင့် "-အားလုံးအတူတူဖြစ်သည်-" ဟူသည့်နှစ်ခုအကြားလွန်ဆွဲခြင်း

ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေးနှင့် "-အားလုံးအတူတူဖြစ်သည်-"
ဟူသည့်နှစ်ခုအကြားလွန်ဆွဲခြင်း

ယနေ့ခရစ်ယာန်ကမ္ဘာသည် ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေး ဟူသော ကြွေးကြော်သံနှင့်အတူ ခရစ်ယာန်သမိုင်းစာမျက်နှာသစ်ကို ရေးရသော အချိန်ကာလဖြစ်သည်။ အဘယ်ကြောင့် ခရစ်ယာန်များတစ် လုံးတစ်ဝတည်းဖြစ်ရေးကြိုးပမ်းနေရသနည်းဟူသည်မှာ မေးစရာတစ်ခု ဖြစ်လာသည်။

၁။ အဘယ်ကြောင့်နည်း။       တစ်လုံးတစ်ဝတည်းမဖြစ်သောကြောင့်ဖြစ်သည်။

၂။ အဘယ်ကြောင့်တစ်လုံးတစ်ဝတည်းမဖြစ်သနည်း။

            ယုံကြည်ခြင်းနှင့်ပတ်သက်၍၊ နားလည်ခြင်း လက်ခံခြင်း နှင့် သွန်သင်ခြင်းများမတူသောကြောင့်ဖြစ်သည်။

၃။ ဤသို့ ယုံကြည်ခြင်းနှင့်ပတ်သက်၍ နားလည်ခြင်း၊ လက်ခံခြင်းနှင့် သွန်သင်ခြင်းများမတူခြင်းကို မျက်ကွယ်ပြုကာ ခရစ်ယာန်များအားလုံး အတူတူပင်ဖြစ်သည်ဟု ဟောပြောခြင်းသည်အဘယ်သို့သော ဟောပြောခြင်းဟု ခေါ်ဆိုရပါမည်နည်း။

နိုင်ငံရေးသမားများစည်းရုံးရေးစကားနှင့်အတူတူပင်ဖြစ်သည်။ - "မဲရဘို့သာ ပထမ၊ ကျန်တာနောက်မှရှင်း" ဟူသော မူဝါဒသာဖြစ်သည် ဟု ဆိုရမည်ဖြစ်သည်။  "- ဆယ်ဘို့တစ်ဘို့ရဘို့သာ ပထမ၊ ကျန်တာနောက်မှရှင်း -" ဆိုတဲ့ မူဝါဒဟောကြားခြင်းသာဖြစ်သည်။

အကြောင်းမှာ၊
(က) ခရစ်ယာန်များအားလုံး အတူတူဖြစ်ပါက၊ ခရစ်ယာန်များအတူတကွ တစ်လုံးတစ်ဝတည်းဖြစ်ရေးကြွေးကြော်ကာ ကြိုးစားစရာမလိုတော့ပေ။

(ခ) မတူသောကြောင့် ကွဲရသည်။ မတူသောကြောင့် "ခြားနားခြင်း" ရှိရသည်။ "ခြားနားခြင်း" မရှိပါက အတူတူပင်ဖြစ်မည်မှာအမှန်ပင်ဖြစ် သည်။ "ခြားနားခြင်း" ရှိသောကြောင့် ကွဲပြားခဲ့ကြသည်။ ဤအဖြစ်မှန်ကို လက်ခံရမည်ဖြစ်သည်။

(ဂ) ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်ရေးကို စစ်မှန်သောစိတ်ထား၊ တရားကိုအခြေခံသောမှုဝါဒနှင့် တည်ဆောက်လိုသောသူဟူသမျှသည် မတူညီမှုများ၊ ခြားနားမှုများကို ကောင်းစွာနားလည်ကာ၊ မတူညီသော၊ ခြားနားသောအဖြစ်ကို ဦးစွာပထမလက်ခံနားလည်ရမည်ဖြစ်သည်။ သို့မှသာ၊ မတူညီမှုများ၊ ခြားနားမှုများကို မည်သို့ချဉ်းကပ်အဖြေရှာမည် ဟူသည့် လမ်းစဉ်ပေါ်ရောက်ရှိမည်သာဖြစ်သည်။ သို့မှသာ၊ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးကို အမှန်တည်ဆောက်နိုင် မည်ဖြစ်သည်။

(ဃ) မတူညီမှုများ၊ ခြားနားမှုများကို မျက်ကွယ်ပြုကာ၊ "အားလုံးအတူတူ" ဖြစ်သည်ဟု ဟောကြားသောသူသည် အဖြစ်မှန်ကိုလက်မခံ၊ ဖြစ်နေသောအဖြစ်ကြီးကို ဆေးဆိုးခြယ်သ လိုသောသူများသာဖြစ်သည်။

(င) ဤသို့သောအကြောင်းများကြောင့်၊  ခရစ်ယာန်များအားလုံးအတူ တူဖြစ်သည်ဟူသော စကားသည် နိုင်ငံရေးဆန်ဆန်စည်းရုံးရေးစကား သာဖြစ်ကြောင်း၊ "-ဆယ်ဘို့တစ်ဘို့သာ ပထမ၊ ကျန်တာနောက်မှ -" ဟူသော မူဝါဒကိုင် ဆောင်သူတို့၏ လက်သုံးစကားသာဖြစ်ကြောင်း ကက်သလစ်ခရစ်ယာန်ယုံကြည်သူများသိထားသောအချက်လည်းဖြစ်သည်။

(စ) ကက်သလစ်ခရစ်ယာန်ခေါင်းဆောင်တစ်ဦးတစ်ယောက် (ရဟန်းဘုန်းကြီး၊ ဓမ္မဆရာအားလုံး) သည် ခရစ်ယာန်များတစ်လုံးတစ်ဝ တည်းဖြစ်ရေးကို ရှေ့ရှုလုပ်ဆောင်ရာတွင် ကိုယ့်သဘောနှင့်ကိုယ်လုပ် ဆောင်ရန်မဟုတ်ဘဲ၊ အသင်းတော်ကြီး၏လမ်းညွှန်ချက်များကို သေချာစွာ လေ့လာပြီးမှသာ၊ မှန်ကန်သောလမ်းအတိုင်းသာ အသင်းတော်၏ လမ်းပြမှုအောက်၌လုပ်ဆောင်ရမည်ဖြစ်သည်။

Guidelines: http://www.vatican.va/roman_curia/pontifical_councils/chrstuni/sub-index/index_ecum-commit.htm

John Paul II,
http://w2.vatican.va/content/john-paul-i/en/speeches/2003/november/documents/hf_jp-ii_spe_20031104_pc-chrstuni.html

Directory for Ecumenism
http://www.vatican.va/roman_curia/pontifical_councils/chrstuni/general-docs/rc_pc_chrstuni_doc_19930325_directory_en.html

Damian Dal 

No comments:

Post a Comment