#ယားနာ အမျိုးမျိုး#
ယားနာ ဆိုတာ အရေပြား ပေါ် မှာ မှ ဖြစ် တာ ကို မဟုတ် ပါ။
ယားနာ သည်...
§ပိုး၊ virus၊ bateria တမျိုး မျိုး ကြောင့် အရေပြား ပေါ် ဆွဲ ကပ် ပြီး ယား သော အနာ။
§ သွေး မှင် ကဲ့ သို့ သွေး ဆိပ် တက် ၍ ကိုယ် တွင်း ယား ခြင်း။ ဟို နေရာ ဒီ နေ ရာ ကုတ် လို့ မပြေ ယား ခြင်း။
§ ဆီး ချို သမား များ အရေပြား ခြောက် သွေ့ ပြီး ယား ခြင်း။
ဆီးချို တက် လျင် လက္ခဏာ ပြ သလို ပေါင် ခြံ ၂ ဖက် ကုတ် လို့ မပြေ အောင်ယား ခြင်း။ ( ချက် ခြင်း ဆီး ချို ကျ ရန် သံ ပု ရာ ရည် သောက်။ သံ ပု ရာ ၂ လုံး စာ လောက် မြန်မြန် သောက် ပါ။ သက်သာ မယ်။)
§ စအို ၀ ယား လျင် တုတ် ထလို့။ ရေမသန့် လို့။
တုတ် ကျ အောင်၊ သန် ကျ အောင် သန်ချဆေး သောက်။
§ ကြိတ်မှန်ရွက် ရေသန့် အောင်ဆေး။ ကြိတ်ချေ ပြီး စအို ၀ မှာ ကပ်ထည့် ထိုင်။ တုတ်ကျ တယ်။
လဖက် ခြောက် ရေနွေး ကြမ်း လုပ် နွေးနွေး မှာ စိမ်ပေး။ ဖန်ရေ ဆေးသလို ပေါ့၊ ယား တာ ပျောက် မယ်။
မကုတ် ပါ နဲ့ လက် မသန့် ရင် ပို ဆိုး မယ်။ အနာ မဖြစ်ပါစေ နဲ့။
§ မိန်းမ ကိုယ် ယား ရင် ဖန်ရည် ဆေး။
PH5 ထည့်။ ဒိန်ချဉ် နဲနဲ နဲ့ လည်း လိမ်း လို့ ရ တယ်။
§ ရေ မသန့် တာကို Detol ကို အိမ်သာ သုံး ရေ မှာ တစက် တစက် ထည့် ပြီး ရေသန့် အောင် အကျင့် လုပ် သန့် စင်ပါ။
အိမ်သာ သုံး အင် တုန်၊ ရေ ခွက် တပတ် တခါ သန့် အောင် ဂျီး ချွတ် ပါ။
အမျိး သမီး များ ရေဆေး လျင် ရှေ့ မှ နောက်သို့ သန့် စင် ရေဆေး ပါ။
မစင် တွင် ပါ သော ပိုး များ မိန်းမ ကိုယ် သို့ မ၀င် စေ ရန် ဂရု ပြုပါ။
သားအိမ် တွင်း ပိုး ၀င် ၍ သားအိမ် ၀ ယောင် ခြင်း။ ၀မ်းကိုက် ပိုး ၀င် ပြီး ဖျား တတ် သားအိမ် ပိုး ရောက် တတ် တယ်။
§ ပေါင်ခြံ ယား ရင် အရက်ပျံ ပါးပါး လေး နဲ့ ပွတ်ပေး။ ဆပ်ပြာ သန့် နဲ့ ရေသန့် သုံး ပြီး သန့်စင် ပါ။
အရက်ပျံ မများ စေ နဲ့။
သွေး မှင် သွေး အဆိပ် ကြောင့် ယားယံ လျင် ..
§ ညောင် ဗောဓိ အခေါက် ကို ထက် ၀က် ကျို သောက် ပါ။
ထက်ဝက် ဆို တာ ၂ ခွက် ၁ ခွက် တင် ပြောတာ။
§ အရေပြား ယားနာ ကို ခရေပွင့် အခြောက် ကို သနပ်ခါး ဖြင့် ရော လိမ်း။
အပူ ကြောင့် ဖြစ် သော အသား အရေ ခြောက် ၍ ဖြစ် သော ယာနာ ပျောက်တယ်။
§ ခံ ပင် အမြစ် ကို ရေ သို့ မဟုတ် နှမ်း ဆီ နှင့် သွေး လူး ပါ။
§ ကျွန်းသီး ကို ဆီ နှင့် သွေး လိမ်း ပါ။
§ ကြွက် နားပေါင်း အမြစ် ကို သွေး သကြား နှင့် စပ် ၍ သောက် ပါ။
§ အရေပြား ပေါ် တွင် အဖု အပိန့် များ ဖြစ် ပေါ် ၍ယားယံ လျင် "ကောက်ရိုး နွယ် " ကို ထု ထောင်း ပြီး အရည် ညှစ် သတ္တု ရည် သုတ် လိမ်း ပေး လျင် ပျောက်တယ်။
#ဤနေရာ တွင် ဒေသာ အလိုက် မရ သော။ ရာသီ အရ မရ နိုင် သော။ မမြင်ဖူး မကြာဖူး ၍ မရ နိုင် သော ဆေးပင် ဆေး မြစ် များ ပါ ရှိ နိုင် ပေ မယ့်။ မြန်မာ ပြည် တလွှား လူနာ များ။ ဗဟုသုတ ရှာ နေ သူ များ သိနိုင် ရန် သုံး နိုင် ရန် ရှောင် လွှဲ ၍ မဖြစ် လို့ တင် ပေး လိုက်တာပါ။
ဥပမာ..
ရေ ခရာ ပင် ဆို လျင် အလယ် ပိုင်း မြောက် ပိုင်း ရှမ်း ပြည် စသည် တို့ တွင် မမြင် မကြား ဖူး ပေ မယ့် ရေ ခရာ ကောင်း တာ ဆို ရေခရာ ကို ပြော ပြရ မှာ ဘဲ။
ကျွန်း သီး ရှား တယ်။
ကြွက်နားပေါင်း ဆို မသိသူ။ မကြားဖူး သူ ရှိ မှာ ဘဲ။##!!!
§ ကင်ပွန်းသီး၊ ကွမ်းသီး ကြက်ချေး၊ လေးညှင်း ၁ိ သား စီ ယင်း ၃ ပါး ကို အကျွမ်း လှော် ဆေးဒန်း ၁ိ သား နှင့် ရောစပ် ထောင်း။ အုန်းဆီ နဲ့ ဖျော် လူး။
အထူ သဖြင့် ကလေး များ ခြေလက် ဆက် ၍ ပေါက်တတ်သော နှင်းခူ ၀ဲ ဆို၊ ၀ဲ ခြောက် များ နိုင်တယ်။
§ အရေပြား ယားနာ ဆို ရင် ကြက်ဟင်းခါး ပင် တပင် လုံး ပဉ္စငါးပါး ၊ သစ်ဂျပိုး ခေါက်၊ ပိတ် ချင်း ဆန်စေ့ ဗာ ဒံစေ့ အမျှယူ၊ ရောကြိတ်၍ လူး ပေး လိမ်း ပေး ပါ။
§ တကိုယ်လုံးယားယံ နေ လျင် မြင်းခွာ ရွက် ၉၀ သား ရေတပုန်း နှင့် ပြုတ်၊ ရေချိုး ပေး ပါ။
အများ ဆုံး ၃ ရက် ဆို ပျောက်ပြီ။
§ ၀ဲ နာ ယားနာ ဆိုလျင် ကြက်သွန်ဖြူ ထောင်း အုန်းဆီ နဲ့ ရော ပြီး လိမ်း ပါ။
ကြက် သွန် ဖြူ ချည်း ဘဲ လမိး လည်း ရတယ်။
ပိုး သေ စေ တယ်။
§ ယားနာ (သွေး ပွက်နာ) ..ဆို တာ သွး မသန့် လို့ ဖြစ်တာ။
ရာသီ ကျန် လို့။ ထိမ် လို့။ အခြား အကြောင်းများ ကြောင့် သွေး ဆိပ် တက် လို့ ဖြစ် ရင်၊ သွေး သန့် အောင် တိုင်ရင်းဆေး ၁၇ ကို နေ့ စဉ် ဇွန်းသေး တဇွန်း ရေအေး နဲ့ မပျောက် မခြင်း သောက်။ ကိုယ် ၀န် ဆောင် မိန်းမ များ သည် မသောက်ရ!!!#
##အထူး မှတ် ရန်။ ရှောင်ရန်#
§ ကိုယ် ၀န် ရှိ လျင် အတွင်း ဆေး ဘာ ဆေး မဆို ဆရာဝန် မညွှန် ကြား ဘဲ မသောက် ပါ နဲ့။!!!!
@@ယားနာ ဆေးချက် တင် ပေး ပါ ဆို သူ များ အတွက်...
ကျန်းမာ ကြပါ စေ။
သန့်သန့် လေး နေကြပါ။
Credit### ကိုကိုဝင်း

No comments:
Post a Comment