အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, July 23, 2017

Mass နဲ့ကျမ်းစာ

Mass နဲ့ ကျမ်းစာ
*****************
၁။Mass တိုင်းကို ခမည်းတော်သားတော်သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ ဆိုပြီး “ခရစ်တူးအမှတ်အသား” ပြုလုပ်ပြီးတော့ စကြပါတယ်။  “ခရစ်တူးအမှတ်အသား” ကို တမန်တော်ကြီးများက ဆေးကြောခြင်းခံသော ဘာသာသူအသစ်များရဲ့ နဖူးပေါ်မှာ တံဆိတ်ခတ် အမှတ်အသားပြုလုပ်ပြီးစတင်အသုံးပြုခဲ့ကြပါတယ်။ (Ephesians 1:13, Revelation 7:3)
“ခရစ်တူးအမှတ်အသား”  ပြုလုပ်တဲ့အချိန်မှာ ဆိုတဲ့ စာကလုံး (စာသား) ကိုကြတော့ သခင်ယေဇူးရဲ့ နှုတ်တော်ထဲကနေ တိုက်ရိုက်လာခဲ့တဲ့ စကားလုံးတွေပါ။ အဲဒီစကားလုံးတွေဟာ သခင်ယေဇူးရဲ့ နောက်ဆုံး တမန်တော်ကြီးတွေကို ပြောခဲ့တဲ့ နှုတ်တော်ထွက်စကားတွေပါ။

(Matthew 28:19)

"ခရစ်တူးအမှတ်အသား" ပေါ်ပေါက်လာပုံကို အသေးစိတ်ရှေ့ post မှာတင်ထားပေးတာရှိလို့မရှင်းပြတော့ပါဘူး။


၂။ “ခရစ်တူးအမှတ်အသား” ပြုလုပ်ပြီးတဲ့နောက်မှာ ဘုန်းတော်ကြီးက ကျွန်တော်တို့ကို “ဘုရားသခင်သည် သင်တို့နဲ့အတူရှိပါစေ”  (သို့) “ ခရစ်တော်သခင်သည် သင်တို့နှင့်ရှိပါစေ” လို့ နှုတ်ခွန်းဆက်ကြပါတယ်။ ဒီမှာလဲ ဘုန်းတော်ကြီးနဲ့ ကျွန်တော်တို့ရဲ့ နှုတ်ဆက်ခြင်းဟာ ကျမ်းစာ ထဲက စကားလုံးတွေပါ။ (2 Timothy 4:22) ဒီစကားလုံးတွေဟာ ကျမ်းစာထဲမှာ ဘုရားကျွန်တော်တို့နဲံအတူတည်ရှိခြင်း၊ ကာကွယ်ပေးခြင်း နဲ့ အကူအညီပေးခြင်းဆိုတဲ့ ကတိ ကစားလုံးတွေပါ။ ( Exodus 3:12, Luke 1:28)။ တစ်ခါတစ်လေ ဘုန်းတော်ကြီးက
“ ယေဇူးခရစ်တော်သခင်၏ ကျေးဇူးတော်…….. “ ဆိုပြီး တစ်မျိုးနှုတ်ဆက်ကောင်းနှုတ်ဆက်လိမ့်မယ်။ အဲဒါကလဲ ကျမ်းစာထဲက စကားလုံးတွေပါပဲ(2 Corinthians 13:14, Ephesians 1:2)/

 တကယ်တမ်းကြတော့ MASS တစ်ခုလုံးမှာ အပြန်အလှန်အသုံးပြုတဲ့ စကားတိုင်းဟာ ကျမ်းစာထဲက စကားလုံးတွေကို အခြေခံပြီးအသုံးပြုတဲ့အတွက် ဘုရားနဲ့ လူသားပြောနေတဲ့အတိုင်းပါပဲ။ ဒါကိုဘုန်းတော်ကြီးက ကြားကနေ၀င်ရောက်ဖျန်ပြေတဲ့သဘောပါပဲ။ ဘုန်းတော်ကြီးဟာ ဘုရားကိုယ်စား(ခရစ်တော်) ကြားခံ အသုံးတော်ခံဖြစ်ပါတယ်။ အဲဒီတော့ Mass တစ်ခုလုံးဟာ ဘုရားနဲ့လူသားတို့ရဲ့ အပြန်အလှန်ပြောဆိုတဲ့ စကားဝိုင်းတစ်ခုလို့ သင်သိလာမယ်ဆိုရင် ဘယ်လောက်အဓိပယ်ရှိလိမ့်မလဲနော်။

၃။နောက် ဘုန်းတော်ကြီးက ဘာသာသူတွေကို နှုတ်ဆက်ပြီးတဲ့နောက်မှာ “ဘုရားသခင် သနားတော်မူပါ” ဆိုပြီး အကူအညီနဲ့ခွင့်လွတ်သနားခြင်းကိုတောင်းခံတာလဲ ကျမ်းစားထဲက စကားလုံးတွေပါပဲ (Paslm 51:1, Baruch 3:2, Luke 18:13,38,39)

၎။နောက် ကျွန်တော်တို့ ဘုရားကို ချီးမွမ်းတဲ့အခါမှာလဲ(Gloria ဆိုတဲ့အခါ) ကောင်းကင်တမန်တော်တွေက ခရစ်တော်ဘုရားမွေးဖွားတဲ့ ညမှာ ဆိုတဲ့ဟာကို ကျွန်တော်တို့ဆိုကြပါတယ် (Luke 2:14)
Creed ဆိုတဲ့ ယုံကြည့်ခြင်းအချုပ်နဲ့ Eucharistic prayers ကိုလဲ ကျမ်းစာကို အခြေခံပြီး ရေးသားထားပါတယ်။

၅။နောက်ပြီး “သန့်ရှင်း၊သန့်ရှင်း၊သန့်ရှင်း” ဆိုတဲ့ ကောင်းကင်တမန်တော်သီချင်းဟာလဲ ကျမ်းစာထဲကပါပဲ( Isaiah 6:3, Revelation 4:8) ၊ “ဟိုဇားနားဖြစ်စေသတည်း၊ ထာဝရဘုရားသခင်၏နာမတော်၌ ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း” ( Mark 11:9-10)

၆။Mass ရဲ့ အတိကအကျဆုံး၊ အရေးကြီးဆုံးအပိုင်းမှာလဲ သခင်ယေဇူးရဲ့ နှုတ်တော်ထွက်စကားကိုပဲ ကြားနာကြရပါတယ် (Mark 14:22-24)

၇။အဲဒီနောက်မှာတော့ ခရစ်တော်ဘုရားကိုယ်တော်တိုင် သင်ပေးခဲ့တဲ့ ကောင်းကင်ဘုံမေတာ (Matthew 6:9-13) နဲ့ John the Baptist လိုပဲ ကျွန်တော်တို့ဟာ ခရစ်တော်ဘုရားကို “လောကအပြစ်ကိုချွတ်တော်မူသော သိုးငယ်တော်ကိုကြည့်လော”  (John 1:29,36) ဆိုတဲ့ စကားလုံးတွေကိုလဲ ကျမ်းစာထဲကပါပဲ။

၈။ကိုယ်တော်မြတ်ကိုအပင့်ယူခင် ကျွန်တော်တို့ရဲ့ မထိုက်တန်မှုကို ၀န်ခံတဲ့အခါမှာလဲ ရောမစစ်သားက သခင်ယေဇူးရဲ့ အကူအညီကိုတောင်းခံတဲ့အခါမှာ ပြောတဲ့စကားလုံးကိုပဲသုံးထားပါတယ်( Luke 7:6-7)

နောက်မှ Mass အတွင်းမှာ ပြုလုပ်တဲ့ အမူအရာတွေအကြောင်းကို ကျမ်းစာနဲ့ တကွပြန်လည်မျှဝေပါ့မယ်။

မှတ်ချက်။ ။ Mass အတွင်းမှာ ကျမ်းစာတွေဖတ်တာ နဲ့ ဘုန်းတော်ကြီးရဲ့ သြ၀ါဒတွေကိုတော့ ထွေထွေထူးထူး မပြောလိုတော့ဘူး။ ဘုန်းတော်ကြီးရဲ့ သြ၀ါဒဟာလဲ ကျမ်းစာပေါ်မှာအခြေခံလို့ပါပဲ။ အခုဝေမျှတဲ့အကြောင်းအရာတွေကို နောက်မှ အကျယ်​တဝန်း​ဝေမျှပါ့မယ်​။

Source### Joseph Ghung Ki Facebook

No comments:

Post a Comment