Superstition - အယူသည်းခြင်း၊
အယူသည်းမှုဟိုသည် မှားယွင်းသော
စွဲလမ်းခြင်းဖြစ်လေရာ၊ မှားယွင်းသောယုံကြည်ခြင်းလည်းဖြစ်ပေသည်။
ဓမ္မပညာရှင်များနှင့် ကျမ်းတတ်ပညာရှင်များသည် ၄င်း အယူသည်းခြင်းကို
နတ်ဆိုးလက်နက် (agency of Satan) ဟုပင်ခေါ်ဝေါ်ကြလေသည်။
အကြောင်းမှာ ၄င်း Superstition ခေါ်သော မှားယွင်းသော အယူသည်းခြင်း သည် ဘုရားနှင့် မဆိုင်၊ တရားတော်မှ ရှောင်လွဲသွေဖယ်သော အကျင့်ပေါင်း များစွာမွေးထုတ်ပေးသောကြောင့်ြ်ဖစ်သည်။
၁။ Superstition ဟုခေါ်သော အယူသည်းခြင်းသည် မှားယွင်းသော စိတ်အစွဲအလမ်းကို အခြေခံသောယုံကြည်ခြင်းဖြစ်၍၊ သမ္မာကျမ်းစာတော်နှင့်
တရားတော်ကို အခြေခံသော ယုံကြည်ခြင်း မဟုတ်ပေ။
၂။ ရုပ်ထုဆင်းတုကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်းမပြုရ (ထွက်မြောက်ရာ
ကျမ်း ၂၀၊ ၂-၃) ဟူသော ပညတ်တော်နှင့် လုံးဝဆန့်ကျင်သော ယုံကြည်ခြင်း
ဖြစ်သည်။
၎င်းမှားယွင်းသော အယူသည်းမှု၊ အယူသည်းခြင်းအား တွေ့ရတတ်သော အဖြစ်များမှ တချို့ကိုဖော်ပြမည်ဆိုပါက၊
(က) ဤစာကို သင့်ရဲ့သူငယ်ချင်းများ အယောက် ၁၀ (သို့) ၂၀ အား ဖြန့်ဝေပါ။
ထိုသို့မပြုလျှင် သင်ကံဆိုးလိမ့်မယ် ... ဟူသော စာများကို ယုံကြည်၍ သော်
လည်းကောင်း၊ ထပ်မဖြန့် (share) မိလျှင် အမှန်ကံဆိုးမှာကြောက်ခြင်းအား
ဖြင့် သော်လည်းကောင်း ပြန် share လိုက်ခြင်းများ
(ခ) ဤပုံကို ပြန်share ပါ၊ ၀င်ငွေကောင်းမည်။ မshare လျှင်သင် ဒုက္ခ
ရောက်လိမ့်မယ် ... ဟူသော စာနှင့် ပုံများအား ၀င်ငွေကောင်းလို၍ သော်
လည်းကောင်း၊ မshare မိလျှင် အမှန်တကယ် ဒုက္ခရောက်မည်စိုး၍ သော်
လည်းကောင်း၊ ပြန် share ခြင်းများ
(ဂ) ဤဆုတောင်းမေတ္တာကို အယောက် ၁၀ (သို့) ၂၀ အား ပြန်မျှဝေပါ။ ဘယ်ကောင်းကြီးရမယ်၊ ဘာအဆင်ပြေမယ် ညာအဆင်ပြေမယ် ... ဟူသော
စာများအား အဟုတ်အမှန်ထင်မှတ်၍သော် လည်းကောင်း၊ ပြန်ဝေမျှခြင်း
မပြုမိလျှင် မိမိသည် အပြစ်တစ်ခုခု ကျူးလွန်သကဲ့သို့ ခံစားရခြင်းမျိုး သော်
လည်းကောင်း၊
ဤအပြုအမူများ၊ အကျင့်အကြံများသည် ယနေ့လူမှုကွန်ယက်စာမျက်နှာတွင်
နေ့စဉ်နှင့်အမျှတွေ့ရပေသည်။
ခရစ်တော်ကို အမှန်တကယ်ယုံကြည်ပါသည်ဟု ကြုံးဝါးနေသူများ၊ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ချို့ပင် ၄င်းအယူသည်းမှု၊ အယူသည်းခြင်း လုပ်ရပ် များတွင် တက်ကြွစွာပါဝင်တတ်ကြသည်ကိုပင် တွေ့မြင်ရတတ်
သည်မှာရင်နင့်ဝမ်းနည်းဘွယ်ရာအဖြစ်တစ်ခုဖြစ်ကြောင်း....။
သိထားရမည်မှာ သင်သည် ထိုသို့ပြုသောအခါ Satan အလွန်ဝမ်းမြောက်ခြင်း
ပင်တည်း။

No comments:
Post a Comment