အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, July 22, 2017

ယုံကြည်ခြင်း

ယုံကြည်ခြင်း (Faith)
**********************

ပထမဦးဆုံး ကျွန်တော့်အနေဖြင့် ဝေါဟာရနှစ်လုံးကို ခွဲခြားသုံးရလိမ့်မည်။ ထိုဝေါဟာရနှစ်လုံးမှာ ယုံခြင်း (belief) နှင့် ယုံကြည်ခြင်း(faith) ပင်ဖြစ်ပါသည်။ ယုံခြင်းဆိုသည်မှာ အကြောင်းအရာတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးတွင် သာမာန်ယုံလိုက်ခြင်းသာဖြစ်၍ သူ၏တုန့်ပြန်မှု့မှာ အေးအေးဆေးဆေးရှိပေလိမ့်မည်။ ဥပမာ- သြော်၊ သူပြောတာဟုတ်မှာပါ။ အဲဒါမှန်လောက်ပါတယ်။ စသည့်အေးစက်စက်အတုန့်အပြန်သာရှိသည်။

သို့သော်လည်း ယုံကြည်ခြင်းဆိုသည်မှာ ၎င်းယုံခြင်းထက် ပိုမိုပြင်းထန်ပြီးခွန်အားများစွာပါဝင်နေသည်။ ထိုကြောင့် အတုန့်အပြန်မှာလည်း ပြင်းထန်ပေလိမ့်မည်။ မိမိယုံကြည်ရာကို လုပ်တတ်သည့်ပုဂ္ဂိုလ်အတွက်မူ ပို၍သဘောပေါက်လွယ်ပါလိမ့်မည်။ ဥပမာ- ဟုတ်တယ်-အဲဒါမှန်တယ် အဲဒီအတိုင်းငါလုပ်ရမယ်။ အဲဒီအတိုင်းငါနေထိုင်ရမည် စသည့်ခွန်အားများရှိလှသည်။ ထိုဝေါဟာရနှစ်ခုလုံးသည် ကျွန်တော်တို့လူသားများ၏ အသိဉာဏ်နှင့်သက်ဆိုင်ပေလိမ့်မည်။ ဒီအတွက်ကြောင့် မိမိယုံကြည်လိုက်သည့်အရာတစ်ခုခုဟာ မိမိရဲ့အသိဉာဏ် (သြတ္တပစိတ်)နှင့် တသားတည်းလက်မခံနိုင်ခဲ့လျှင် တချိန်ချိန်မှာ မိမိစိတ်ပင် ဒွဟဖြစ်လာပြီး ပြသနာတက်လာနိုင်ပါတယ်။ ထိုကြောင့် စိန်သောမတ်အကွိုင်နက်စ်ပြောသလိုပဲ- ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရား (Faith and Reason) အမြဲတမ်းအတူတူယှဉ်တွဲသွားနေဖို့လိုအပ်ပါတယ်။ ဒါဟာ သိပ္ပံနည်းလမ်းကျကျ ယုံကြည်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ထိုကြောင့် ယုံကြည်ခြင်းဘ၀ခရီးဆက်ရာမှာ ဘ၀လမ်းဖြောင့်ဖြူးပေပါလိမ့်မယ်။

Source  Joseph Ghung Ki

No comments:

Post a Comment