အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

ကက်သလစ်ခရစ်ယာန်ဝေါဟာရအသုံးအနှုန်း

ကက်သလစ်ခရစ်ယာန်ဝေါဟာရအသုံးအနှုန်း

Catholic Church = ကက်သလစ်အသင်းတော်
Catholic Mission = ကက်သလစ်သာသနာတော်
Archdiocese      = ဂိုဏ်းချုပ်သာသနာ
Diocese           = ဂိုဏ်းအုပ်သာသနာ
Zone               = တိုက်နယ် (စီရင်စု သုံးလေးခုစုထားခြင်း)
Parish            = စီရင်စု (ရဟန်းတစ်ပါးဦးဆောင်သော ဘာသာတူအုပ်စု)

Archbishop = ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး
Bishop = ဆရာတော်
Diocesan Bishop = ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ကြီး

Auxiliary Bishop = ဆရာတော်အကူ
Coadjutor Bishop = သာသနာပိုင်ဆရာတော်ကို ဆက်ခံမည့်ဆရာတော်အကူ
Emeritus Bishop = ဂိုဏ်သိက္ခာရှိစွာအနားယူသောဆရာတော်ကြီး

Church = ဘုရားကျောင်းအဆောက်အဦ
Church = အသင်းတော်
Cathedral = သာသနာပိုင် ဆရာတော်ဘုရားကျောင်းထိုင်ရာ ဘုရားကျောင်း
Parish Church = စီရင်စုပိုင် ရဟန်းဘုန်းတော်ကြီး ကျောင်းထိုင်ရာ ဘုရားကျောင်း

ကက်သလစ်ခရစ်ယာန်ဝေါဟာရ (၂)

Arianism  = ခရစ်တော်၏ဘုရားအဖြစ်တော်ကို ငြင်းဆန်သောအယူမှားမှု

ရှင်းလင်းချက်။ ။

Arianism ဟုခေါ်သော ခရစ်တော်၏ဘုရားအဖြစ်တော်ကို ငြင်းဆန်သောအယူမှားမှုကြီးသည်  Antioch မြို့မှ ရဟန်းဘုန်းတော်ကြီးလည်းဖြစ်၊ ဓမ္မပညာရှင်လည်းဖြစ်သော Arius သည် ၃၀၆ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သူ၏နာမည်ကို အစွဲပြု၍၊ သူ၏အယူအဆကို Arianism ဟု သုံးနှုန်းခေါ်တွင်ခဲ့ကြရာ၊ သူ၏နောက်လိုက်များကိုမူ Arians ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။

Arius သည် အေဒီ ၂၅၀ မွေးဖွားကာ ၃၃၆ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ သူ၏အယူဝါဒသွန်သင်ချက် ဖြစ်သော ခရစ်တော်သခင်သည် ဘုရားစင်စစ်မဟုတ်၊ ဘုရားသခင်ဖန်ဆင်းထား  သော လူပုဂ္ဂိုလ်အားလုံးတွင် အမြင့်ဆုံးနှင့်အထူးမြတ်ဆုံးသူသာဖြစ်သည်ဟု သွန် သင်ခဲ့သည်။

ထို့ကြောင့်၊ သားတော်ဘုရား၏လူ့ဇာတိပကတိအဖြစ်ကိုယူတော်မူရာ (ယောဟန် ၁၊၁နှင့်၁၄) ကညာစင်မာရိယာကို သားတော်ဘုရား၏  မြတ်မယ်တော်ဖြစ်ကြောင်းလက်မခံနိုင်ခဲ့ချေ။

Arius ၏သွန်သင်ခြင်းမှာ - ယေဇူးခရစ်တော်သခင်သည်လူသားစင်စစ်သာဖြစ်ကြောင်း။ ထို့ကြောင့်၊ သူ၏မြတ်မယ်တော် မာရိယာသည်လည်း သားတော်ဘုရား၏လူ့အဖြစ်ကို ယူတော်မူရာမြတ်မယ်တော်မဟုတ်ကြောင်း။ သို့သော်၊ ကညာစင်မာရိယာ သည် လူသားဖြစ်သော ယေဇူး၏မိခင်သာဖြစ်ကြောင်း။ ထို့ကြောင့်၊ ကညာစင် မာရိယာကို သားတော်ဘုရား၏မြတ်မယ်တော်ဟု လုံးဝမခေါ်ဆို နိုင်ကြောင်းသွန်သင်ခဲ့သည်။

သူ၏သွန်သင်ခြင်းသည်၊ သမ္မာကျမ်းစာတော်မြတ်သွန်သင်ထားသော - အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် လူ့ဇာတိပကတိအဖြစ်ကိုယူတော်မူ၏ (ယောဟန် ၁၊၁နှင့်၁၄) နှင့် လုံးဝဆန့်ကျင်သောသွန်သင်ခြင်းဖြစ်သည်။

ဤသို့ဖြင့်၊ Arius ၏သွန်သင်ခြင်းနှင့် သူ၏အယူဝါဒသည် တပည့်တော်ကြီး တို့မှဆင်းတက်လာသော စစ်မှန်သောခရစ်ယာန်ယုံကြည်ခြင်းနှင့် လုံးဝဥဿုံဆန့် ကျင်သော အလွန်ဆိုးဝါးသည့် အယုံမှားမှုဖြစ်ကြောင်း၊ ခရစ်ယာန်အသင်းတော်ကြီးသည်  ၃၂၅ ခုနှစ်တွင်ကျင်းပသော Nicaea ဓမ္မညီလာခံကြီးမှတရားဝင်ကြေငြာခဲ့သည်။

သို့သော်၊ သူ၏အယူမှားမှုသည် ခဏတာပျောက်ကွယ်သွားဟန်ရှိသော်လည်း  ၁၆၀၀ ခုနှစ် နှောင်းပိုင်းတွင် ပြန်လည်နိုးထလာခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ အထူးသဖြင့်၊ အစအဦး၌ရှိတော်မူသော၊ နှုတ်ကပတ်တော်သည် သားတော် ဘုရားဖြစ်တော်မူကြောင်း၊ ထိုသားတော်ဘုရား၏ လူ့ဇာတိပကတိအဖြစ်ကို ယူတော်မူရာ ကညာစင်မာရိယာအား အမှန်စင်စစ် သားတော်ဘုရား၏ လူ့အဖြစ်ယူတော်မူရာမြတ်မယ်တော်ဖြစ်ခြင်းကို လက်မခံဆန့်ကျင်သော ခရစ်ယာန်ယုံကြည်ခြင်းဆိုင်ရာ ကြီးမားသောအယူမှားမှုသည် နောက်တစ်ချိန်ခရစ်ယာန်သမိုင်းတွင် ထိုးဖောက်ဝင်လာခဲ့ပြန်သည်။

အထူးသဖြင့်၊ တပည့်တော်ကြီးတို့မှဆင်းတက်လာသော တစ်ခုတည်းသော ခရစ်ယာန်အသင်းတော်မှ ၁၅၁၇ ခုနှစ်နောက်ပိုင်းတွင် ကွဲထွက်သွားသော ခရစ်ယာန်ဂိုဏ်းဂဏများစွာတို့သည် ၄င်း Arius ၏အယူမှားမှုကြီးကို ပြန်လည်အသက်သွင်းလျက် သစ္စာရှိရှိစောင့်ထိန်းကာ ကညာစင်မာရိယာသည် သားတော်ဘုရား၏ လူ့အဖြစ်ကိုယူတော်မူရာ မြတ်မယ်တော်ဖြစ်ကြောင်းကို ယနေ့ထိတိုင် ငြင်းဆန်နေကြဆဲဖြစ်သည်။

ထိုကဲ့သို့၊ ကညာစင်မာရိယာသည် သားတော်ဘုရားလူ့အဖြစ်ကိုယူတော်မူရာ မြတ်မယ်တော်အမှန်ဖြစ်ကြောင်း ငြင်းဆန်ခြင်းအားဖြင့်၊ ခရစ်တော်သခင်၏ဘုရားအဖြစ်တော် ကို ငြင်းဆန်ခြင်းဖြစ်ကြောင်းကိုသော်လည်းကောင်း၊ ခရစ်တော်သခင်သည် ဘုရားစင်စစ်မဟုတ်၊ သို့သော်၊ ထူးခြားဆုံးလူသားတစ်ဦးသာဖြစ်ကြောင်း လက်ခံယုံကြည်ခြင်းဖြစ်သည်ကိုပင် သတိပြုမိဟန်မတူကြသည်မှာ အံ့သြလှစွာသောအချက်တစ်ခုဖြစ်သည်။

No comments:

Post a Comment