အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

ကျမ်းစာပါရဂူကြီး St Jerome မှ သူ၏သူငယ်ချင်းဖြစ်တဲ့ ရောမမြို့ရှိ သူဌေးမကြီး Leta ထံရေးသောစာ။ ။

ကျမ်းစာပါရဂူကြီး St Jerome မှ သူ၏သူငယ်ချင်းဖြစ်တဲ့ ရောမမြို့ရှိ သူဌေးမကြီး Leta ထံရေးသောစာ။ ။

ချစ်ခင်လေးစားရပါသော Leta,

သင်၏သမီးကို တစ်နေ့သမ္မာကျမ်းစာတစ်ပိုဒ် ဖတ်စေပါ။ သမ္မာကျမ်းစာ ဖတ်ခြင်းနှင့် ဆုတောင်းခြင်း အမြဲတွဲနေပါစေ။ ဤသို့အားဖြင့် ရွှေငွေကိုသော်လည်းကောင်း၊ လှပါတင့်  တယ်သောအ၀တ်တန်ဆာများကို သော်လည်းကောင်း ချစ်ခင်မြတ်နိုးတွယ်တာသည်ထက် အသက်ပေးနှုတ်ကပတ်တော်ဖြစ်   သောသမ္မာကျမ်းစာတော်မြတ်ကို ချစ်ခင်မြတ်နိုးတွယ်တာတတ်အောင် သင်ပေးလော့။

ထိုသို့ပြုလျင်၊ သူသည် လူတကာရှေ့မောက်တွင် ရွှေငွေနှင့်မဟုတ်၊ လှပသော အ၀တ်တန်ဆာနှင့်မဟုတ်၊ ကိုယ်တော်ရှင်၏ တရားတော်နှင့်သော်လည်းကောင်း၊ ကိုယ်တော်ရှင်၏ ရွှေညဏ်တော်နှင့်သော် လည်းကောင်း မိမိကိုယ်ကို အလှဆင်ယင်လျက် လူတကာရှေ့တွင် တင့်တယ်သော ကြယ်လေးတစ်ပွင့်လို ထွန်းလင်း လင်းလက် နေမယ်ကို ဘယ်တော့မှ မမိလေနှင့်။


ထိုသို့ဖြစ်လျင်၊ သင်သည် နောက်ဆုံးသောခရီးဆုံးရောက်သော ကာလ၌ သခင်ဘုရား၏ ကျေးဇူးတော်အားဖြင့်၊ စိတ်နှလုံးအေးချမ်းကြည်နူးစွာနှင့် ကိုယ်တော်ရှင်၏ ရင်ခွင်တွင်ခိုနားရသော အခွင့်ထူးကို ရရှိမည်ကို ယုံမှားခြင်းမရှိ မြဲမြဲယုံကြည်လော့။

ထိုသို့မဟုတ်၊ သင်၏ သမီးကို ရွှေ ငွေ၊ အလှဆုံး အ၀တ်အစား၊ အကောင်းဆုံး အသုံးအဆောင်များနှင့် ဆင်ယင်သည်ဆိုပါအံ့။ သင်သည် ဘယ်သောအခါမှ ရသက်မအေး၊ စိတ်နှလုံးအေးချမ်းခြင်းမရနိုင်သည် သာမက၊ သင်၏နောက်ဆုံးအချိန်၌ပင် သင်သည် ပူဆွေးခြင်းနှင့် ဘ၀နိဂုံးချုပ်ရပေလိမ့်မယ်။

 (St. Jerome, Epistula 107, 9:12)။

No comments:

Post a Comment