အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

ရဟန်းသိက္ခာတင်ခြင်း (Priestly Ordination)

ရဟန်းသိက္ခာတင်ခြင်း (Priestly Ordination)

ရဟန်းသိက္ခတင်ခြင်း (priestly ordination) သည် လောကီနှင့်ဆိုင်သော ဂုဏ်ထူးရာထူးချီးမြှင့်ခြင်း၊ အပ်နှင်းခြင်း မဟုတ်ပေ။ ရဟန်းသိက္ခာတင်ခြင်းသည် လောကီရေးရာ ဂုဏ်ပကာသနနှင့် စပ်လျဉ်းခြင်းလုံးဝမရှိပေ။ ခရစ်တော်၏  နောက်လိုက်တမန်တော်ကြီးများသည် မိမိတို့၏အရိုက်အရာကိုဆက်ခံရန် ရွေးချယ်ထားသော သူများအား “လက်တင် ခြင်း”၊ “၀ိညာန်တော်ဘုရားအား ဖိတ်ခေါ်ခြင်း” နှင့် “ယုံကြည်သူများအားလုံး၏ ဆုတောင်းခြင်း” အားဖြင့် မိမိတို့၏ ရဟန်းတာဝန်နှင့် ၀တ္တရားများကို အပ်နှင်းခဲ့ကြသည်ကို သမ္မာကျမ်းစာထဲတွင်လည်းကောင်း (ဥပမာ၊ တမန်တော် ၁၊ ၁၂-၂၆ - Judah Iscariot နေရာအား အစားထိုးရန် Matthias  အား ခန့်အပ်ခြင်း၊ တိမောသေ ပထမစောင် ၄၊၁၄ နှင့် ဒုတိယစောင် ၁၊၆)၊ ရှေးကနဦးအသင်းတော်ဖခင်ကြီးများရေးသားသော စာများတွင်လည်းကောင်း (Hippolytus, “Apostolic Tradition” written AD 215; The Teaching of the Twelve called Didache written about AD 50-120; Epistles of Clement written AD 100) တွေ့ရသည်။



The Didache နှင့် Hippolytus ရေးထားသော Apostolic Tradition or The Apostolic Constitutions တွင် ရဟန်းသိက္ခာ တင်ခြင်းနှင့် စပ်လျဉ်း၍ ၀ိနည်း (rite) နှင့်အတူ ရဟန်သိက္ခာတင်ရာနှင့် လိုက်နာအပ်သောကျင့်ထုံးများ၊ ရဟန်းသိက္ခာ တင်ရာတွင် အသုံးပြုရမည့် သိက္ခာတင်ခြင်းဆိုင်ရာ ဆုတောင်းမေတ္တာများနှင့် ရဟန်းသိက္ခာခံယူရရှိသောသူသည် မည်သို့သောအားဖြင့် ရွေးချယ်စိစစ်ရမည်ဟူသော အချက်များကျနစွာ ရေးသားထားခဲ့ပေသည်။

ရဟန်းသိက္ခာတင်ရာတွင် အဓိကအရေးကြီးသော အချက်တစ်ခုသည် သိက္ခာတင်ခြင်းပေးနိုင်သော တမန်တော်ကြီးများ ၏ အရိုက်အရာကို ဆက်ခံသောသူသည်သာလျှင် “လက်တင်ခြင်း” အားဖြင့် သိက္ခာတင်ခြင်းပင်ဖြစ်သည်။ တမန်တော် ကြီးများ၏ အရိုက်အရာကို ဆက်ခံသောသူ၏ သိက္ခာတင်ပေးခြင်းသာလျှင် သိက္ခာတင်ခြင်းအဖြစ် ခရစ်ယာန်အစတည် ကတည်းမှသည် အလယ်ခေတ်ကျော် (1500 AD) သည့်တိုင် ခရစ်ယာန်ဟူသမျှအားလုံးသည် ယုံကြည်လက်ခံ ကျင့်သုံး လာခဲ့ကြသည်။

ဤအကြောင်းကြောင့်ပင်၊ ရဟန်းသည် မိမိကိုယ်ဆက်ခံရန် တစ်ခြားသူအား ရဟန်းသိက္ခာပေးခြင်းအလျင်းမပြုနိုင်ပေ။ ထိုနည်းတူ၊ ယုံကြည်သူများသည် မိမိတို့၏အလိုအတိုင်း မည်သူကိုမျှ ရဟန်းသိက္ခာမတင်ပေးနိုင်ချေ။ ထို့ကြောင့်၊ မိမိ ကိုယ်ကို မိမိ သိက္ခာပေးခြင်း၊ တမန်တော်ကြီးများ၏ အရိုက်အရာကို ဆက်ခံသောသူ မရှိဘဲလျက် ယုံကြည်သူများသည် မိမိတို့ရွေးချယ်လိုသောသူအား သိက္ခာတော်ရအဖြစ်တင်မြှောက်ခြင်း၊ ရဟန်းတပါးသည် တပါးသူအား ရဟန်းသိက္ခာ တင်ပေးခြင်းများသည် ရှေးကနဦးမှစ၍ ယုံမှားသောသူများ၏ မောက်မာကောက်ကျစ်သော ကျင့်ကြံမှုအဖြစ်သတ်မှတ် လာခဲ့သည်။

အေဒီ ၁၅၀၀ နောက်ပိုင်းတွင်၊ Martin Luther သည် ခရစ်ယာန်အသင်းတော်မှ German လူမျိုးကြီးဝါဒကို အခြေခံသော အသင်းတော်တစ်ခုတည်ထောင်လာသော အချိန်မှစ၍၊ တမန်တော်ကြီးများ၏ အရိုက်အရာကို ဆက်ခံသောသူများဖြစ် သည့် ဆရာတော်ကြီးများ၏ သိက္ခာတင်ခြင်းကို လုံးဝဆန့်ကျင်လာလေသည် (Martin Luther, The Babylonian Captivity of the Church)။ သို့သော်၊ ၂၀ ရာစုမှစ၍ အသင်းတော်သမိုင်းမှန်နှင့် အသင်းတော်ဖခင်ကြီးများ၏ ရေးသော စာများအား လေ့လာခြင်းကြီးထွားလာရာ၊ ၄င်းလေ့လာခြင်း၏အကျိုးသည် သင်းကွဲအသင်းတော်များပင် လက်တင် ခြင်းအားဖြင့် သိက္ခာတင် ခြင်းကို ပြန်လည်လက်ခံတတ်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ၊ ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုတွင် သိက္ခာတော်ရဆရာ၊ သိက္ခာတော်ရ ဆရာတော် စသည်အားဖြင့် အသုံးအနှုန်းများကို ကြားလာရခြင်း  ဖြစ်သည်။ သို့သော်၊ ၄င်းတို့၏ သိက္ခာတင်ခြင်းသည် ရှေးကနဦးခရစ်ယာန်များမှ လက်ခံယုံကြည်လာသော သိက္ခာတင် ခြင်းမျိုးဖြစ်ရန်မှာ ဆက်လက်ကြိုးစားရန်ဖြစ်သည်။

No comments:

Post a Comment