အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

သေလွန်သောသူများအတွက်သင်ဘာလုပ်ပေးနိုင်သနည်း။

သေလွန်သောသူများအတွက်သင်ဘာလုပ်ပေးနိုင်သနည်း။

သေလွန်သွားပြီးသောသူများ အတွက် ဘာကိုမျှလုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု လက်ခံထားသောသူအများရှိသော်လည်း၊ ရှေးကနဦးခရစ်ယာန်များသည်
 ဆေးကြောခြင်း မခံမှီ သေလွန်သော ယုံကြည်သူများ အတွက်ဆေးကြော ခြင်း (baptism) ကိုပင် ကိုယ်စားခံယူပေးခဲ့ကြပေသည်။

(၁) ပ-ကော 15: 29 (1 Cor 15:29) တွင် သံပေါလုရေးထားသည်မှာ၊

---သေလွန်သောသူတို့သည် ထမြောက်ခြင်းအလျှင်း မရှိလျင်၊ သေလွန်သောသူ တို့၏ ကိုယ်စား ဆေးကြောခြင်း (Baptism) ကို ခံသောသူတို့သည် အဘယ်တို့ပြုရမည်နည်း။ သေလွန်သောသူတို့အတွက် အဘယ့်ကြောင့် ဆေးကြောခြင်း (Baptism) ကို
ခံရကြသနည်း။ (ပ-ကော ၁၅း၂၉)။

ထို့ကြောင့် ဆေးကြောခြင်း (Baptism) ကို ခံယူရရှိခြင်းမရှိမှီ သေလွန်သွားသော ယုံကြည်သူများအတွက် ဆုတောင်းပေးသည် သာမက၊ ဆေးကြောခြင်း (Baptism) ကိုပင် ကိုယ်စားခံယူပေးခဲ့ကြောင်း၊ ၄င်းခံယူပေးခြင်း သည် နောက်ဆုံးသောနေ့ရောက်သော အခါ၊ ကိုယ်တော်ရှင်သည် ထိုသူတို့ အား ထမြောက်စေရန် ယုံကြည်ခြင်းအားဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကို သံပေါလုက သင်ကြားပေး ခဲ့ပေသည်။

(၂) ၂-တိမောသေ ၁း ၁၆-၁၈ (2Tim 1:1-18)

သံပေါလုသည် သေလွန်ပြီးဖြစ်သော၊ Onesiforas အတွက် နောက် ဆုံး သောနေ့ရောက်သောအခါ၊ ကိုယ်တော်ရှင်သည် မိမိ၏ မဟာကရုဏာတော်အားဖြင့်၊ Onesiforas အား ကယ်တင်ခြင်းကျေး ဇူးတော် ပေးသနားရန် အလို့ငှါ ဆုတောင်းပေးခဲ့သည်ကို ကျမ်းစားတော်မြတ် တွင် သွန်သင်ထားခဲ့လေသည်။ ကျမ်းစာတော်မြတ်တွင်၊

--- ထာဝရဘုရား၏ ကရုဏာတော်သည် Onesiforas ၏ အိမ်တော်သို့ သက်ရောက်ပါစေသော်။ ... သူသည် ထိုနေ့ရက်တွင် ထာဝရဘုရား၏ လက်တော်မှ ကရုဏာတော်ကို ခံစားရမည်အကြောင်း၊ သခင်ဘုရားသည် ပေးသနားတော်မူပါစေသော်။ (၂-တိမောသေ ၁း ၁၆-၁၈). ဟု ရေးသားခဲ့လေသည်။

သံပေါလုသည် ၄င်းစာရေးသားချိန်တွင် Onesiforas ကွယ်လွန်ခဲပြီးဖြစ်ရာ၊ မိမိ၏ ယုံကြည်ခြင်းတွင် ချစ်သားလည်းဖြစ်၊ လုပ်ဆောင်ဘက် လည်း ဖြစ်သော Onesiforas အတွက်သော်၎င်း၊ သူ၏ ကျန်ရစ်သူ မိသားစု အတွက်သော် ၄င်း ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။

ကျမ်းစာတော်မြတ်၏ သွန်သင်ခြင်းမှ နေ့စဉ်ခွန်အားယူ ရင်း၊ သေလွန်သူများအတွက် အထူးဆုတောင်းရမည်ူ အချိန်အခါ သမယတွင် သေလွန်သူသော အပေါင်းတို့သည် ထာဝရဘုရား၏ မဟာကရုဏာတော်ခံစားရမည့်အကြောင်း ဆုတောင်းပေးခြင်းအားဖြင့် ကိုယ်တော်ထံအသနားခံတောင်းလျှောက်ပေးကြရမည့်အကြောင်း။  ။

No comments:

Post a Comment