#Crd to Cle Pike
အမေးအဖြေကဏ္ဍ (၃)
အမိကက်သလစ်သာသနာသည်၊ လာမည့်ဇူလိုင်လ (၂၆) ရက်နေ့ တွင်ကယ်တင်ရှင်ယေဇူးသခင်၏မယ်တော်ဖြစ်သောမယ်တော်မာရီးယာ၏မိဘနှစ်ပါးဖြစ်သည့်ရှင်ဂျော့ကင်း(မ်)နှင့်ရှင်အားနာတို့ ၏ပွဲနေ့ကိုကျင်းပမည်ဖြစ် ပါသည်။ တနည်းအားဖြင့်ဆိုသော်၎င်း တို့ နှစ်ပါး သည်၊ ယေဇူး သခင်၏အဖိုးအဖွားများဖြစ်ကြပါသည်။
သာသနာ၏သမိုင်းအစဉ်အလာအရ၄င်းတို့ အားဒုတိ ယရာစု အ လယ်လောက်မှစ၍ကြည်ညိုရိုသေခဲ့ကြကြောင်းမှတ်တမ်းတွင်မှတ်သားရပါသည်။(၆) ရာစုအရောက်တွင်၊ ကွန်စတန်တီနိုပယ်ဍ် (ယခုအီရန်၊ အီရတ် တကြော) ရှင်အားနာအားတိုင်တည်၍ဘုရားကျောင်းဆောင်တစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ထိုပွဲနေ့သည်အခြား သောနိုင်ငံများဍ်အမိသာသနာ၏သာ မန်ပွဲတစ်ပွဲအဖြစ်သာကျင်းပသည်ဆိုသော်လည်း၊ မြန်မာနိုင်ငံဍ်မူဤပွဲကိုကက်သလစ်သာသနာအနေဖြင့်တစ်နိုင်ငံလုံးအတို
င်းအတာဖြင့် "မိဘများပွဲ (သို့ ) မိခင်၊ ဖခင်များပွဲ"အဖြစ်သတ်မှတ်၍စည်ကားစွာကျင်းပကျပါသည်။ အဘယ်ကြောင့်မြန်မာနိုင်ငံမှကက်သလစ်သာသ နာအနေဖြင့်မိဘများ (သို့ ) မိခင်ဖခင်များပွဲနေ့ အဖြစ်သတ်မှတ်ကျင်းပရသနည်းဟုမူ၊ ကျွန်တော့်အမြင်ကိုဘာသာ ရေးရူ့ထောင့်မှတင်ပြပါမည်။
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏နာမတော်၌ဆေးကြောခြင်း မင်္ဂလာကိုခံယူခဲ့သောကြောင့်ကျွန်ုပ်တို့သည်ဘုရား၏သားသမီးများဖြစ်လာခဲ့ကြပါသည်။ ထိုပုဂိုလ်သုံးပါး အနက်ဒုတိယပုဂ္ဂိုလ်ဖြစ်သောယေဇူးသခင်သည်လူ့အဖြစ် ဇာတိကိုဖန်ဆင်းခြင်းမခံ၊ မွေးဖွားခြင်းခံယူ၍ကြွမြန်းလာခဲ့ပါသည်။ ယေဇူးသခင်၏ဒုက္ခခံခြင်း၊ သေခြင်း ၊ ရှင်ပြန်ထမြောက်ခဲ့ခြင်းကြောင့်သာလျှင်ကျွန်ုပ်တို့အားလုံးခရစ်ယာန်များဖြစ်နေကြပါသည်။
ယေဇူးသခင်အားမွေးဖွားသန့်စင်ပေးခဲ့သူမှာအမိမယ်တော်ဖြစ်ပါသည်။ အမိမယ်တော်၏မိဘနှစ်ပါးသည်ယေဇူးသခင်၏အဖိုး အဖွားများဖြစ်ပါသည်။ ဆေးကြောခြင်းမင်္ဂလာနှင့်နွယ်၍ကျွန်ုပ်တို့ သည်ယေဇူးသခင်၏ညီအစ်ကိုမောင်နှမများဖြစ်လာခဲ့ကြပါသည်။ ထို့ ကြောင့်ယေဇူးသခင် အဖိုး အဖွားပွဲနေ့ ကိုကျင်းပခြင်းသည်၊ ကျွန်ုပ်တို့ ၏အဖိုး အဖွားပွဲနေ့ကျင်းပခြင်းဖြစ်ပါသည်။
အမျှော်အမြင်ကြီးသောကျွန်ုပ်တို့၏သာသနာပြုများသည်၊ ထိုနေ့ကိုကျွန်ုပ်တို့ဝိညာဉ်ရေး၏အဖိုးအဖွားပွဲကိုကျင်းပသကဲ့သို့ ၊ ကျွန်ုပ်တို့၏မွေးမိဘများအားလည်းကျေးဇူးဆပ်တင်အပ်သည့်နေ့ တစ်နေ့ အဖြစ်ကျင်းပလာခဲ့ ဟန်ရှိပါသည်။ သာသနာ၏မှတ်တမ်းမှတ်ရာဍ်မူထိုနေ့အားမိဘများပွဲနေ့ ဟုသတ်မှတ်ကျင်းပရန်ရေးသားပြဌာန်းထား ခြင်းမရှိပေ။ ယခုအခါလူ မူရေးအသိုင်းအ၀ိုင်းဍ်သော်လည်းကောင်း၊ ဘာသာရေးအသိုင်းအ၀ိုင်းဍ်သော်လည်းကောင်း"မိခင် များနေ့ " "ခင်များနေ့"စသည်ဖြင့်ကျင်းပလာသည်ကိုမြင်တွေ့နေရပါသည်။ ကောင်းသောအလေ့အထတစ်ခု ဖြစ်ပါသည်။ သို့သော်လည်းလူမူရေးဘက် (သို့ ) ယဉ်ကျေးမူဘက် (သို့ ) ဘာသာရေးဘက်နွယ်၍ကျင်းပလာခြင်းလောဆိုသည်ကိုမူတိတိပပမသိ၊ မပြောနိုင်ပေ။ မည်သို့ ပင်ဆိုစေ၊ မိဘများပွဲ (သို့ ) မိခင်ဖခင်များပွဲနေ့  (သို့ ) အမေ့များနေ့ ၊ အဖေများနေ့ကျင်းပခြင်းသည်အလွန်ကောင်း၍၊ လှိုက်လှုစွာကြိုရမည့်အစဉ်အလာတစ်ခုဟုဆိုချင်ပါသည်။
မေးခွန်းကိုပြန်ကောက်ရလျှင်၊ ဤသို့မိဘများပွဲနေ့  (သို့ ) မိခင်ဖခင်များပွဲနေ့  (သို့ ) အမေများနေ့ ၊ အဖေများနေ့ဟုကျင်းပခြင်းကိုအနောက်တိုင်းယဉ်ကျေးမူကိုတုပသည်ဟုပြောဆိုဝေဖန်သူများအဖို့ မူ၊ မိဘတို့ အားရိုသေသမူပြုခြင်းသည်အပြစ်လော၊ မကောင်းသလော၊ မပြု အပ်သောအရာလောဟုသာမေးရန်ရှိတော့သည်။ အဘယ် ကြောင့် ဆိုသော်ကောင်းကျင့်ဟုဆို လျှင်အရှေ့တိုင်း၊ အနောက်တိုင်း ခွဲခြားစရာလိုပါသလော။ သို့ ဆိုလျှင်ယနေ့ကျွန်ုပ်တို့နိုင်ငံဍ်အနောက်တိုင်းအစားအစာ များ၊ အနောက်တိုင်းထုတ်ပစ္စည်းများအဘယ်ကြောင့်ကျယ်ကျယ်ပြန့် ပြန့်သုံးစွဲနေကြပါသနည်း။ ကောင်းသောဓလေ့သည်၊ ကောင်းသောပစ္စည်းထက်ပို၍မခုံမှင်အပ်ပါလော။
ဘုရားရှင်၏စတုတ္ထပညတ်တော်ကိုအစဉ်စောင့်စည်းနိုင်ပါစေ။

No comments:
Post a Comment