အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Monday, July 24, 2017

#ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၏ လျှို့ဝှက်ချက် ၇ ချက်

#ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၏ လျှို့ဝှက်ချက် ၇ ချက်

- ဇို[တီးတိန်]
"7 Secrets of the Eucharist"
By Vinny Flynn

ပုပ်ရဟန်မင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က - "ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာသည် အသင်းတော်၏အကြီးမြတ်ဆုံးသော ရတနာဖြစ်သည်"ဟူ၍ ညွှန်းဆိုခဲ့ပါသည်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတော်သည် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းသက်သက်မျှမဟုတ်ဘဲ သင်၏နေ့စဉ်ဘဝအသက်တာကို ပြုပြင်ပြောင်းလဲခြင်းလည်းဖြစ်ပါသည်။

#လျှို့ဝှက်ချက် (၁)

"ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာသည် အသက်ရှင်လျက်ရှိ၏"


၁၉၁၆ ခုနှစ်သည် ဖာတီမာမြို့၌ မယ်တော်သခင်မ ထင်ရှားပြသခြင်းများအတွက် ပြင်ဆင်မှုပြုသည့် နှစ်တစ်နှစ်ဖြစ်သည့်အလျောက် ငြိမ်းချမ်းရေးသိကြားတမန်တော်က လူစီးယား၊ ဂျာစင်းတားနှင့် ဖရန်စစ္စကိုထံသို့ သုံးကြိမ်သုံးခါတိုင် ကိုယ်ထင်ရှားပြခဲ့ပါသည်။


အထူးခြားဆုံးမှာ တတိယကိုယ်ထင်ရှားပြသခြင်းပင်ဖြစ်ပါသည်။ သိကြားတမန်တော်က ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတော်မြတ်နှင့် ကြွလာသည်။ လေထဲမှာ ကာလီခွက်နှင့် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်မြှောက်ထားပြီး သိကြားတမန်တော်က မြေကြီးပေါ်မှာ ဒူးထောက်လိုက်သည်။ ထို့နောက်၊ ကလေးငယ်များက အောက်ပါဆုတောင်းမေတ္တာကို သုံးကြိမ်သုံးခါ ရွတ်ဆိုကြသည်။

"အလွန်သန့်ရှင်းစင်ကြယ်တော်မူသော သုံးပါးတစ်ဆူဘုရား၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ တပည့်တော်တို့ ပြစ်မှားကျူးလွန်ခဲ့သောအပြစ်အမှားများအတွက် နောင်တသံဝေဂစွဲလျက် ကမ္ဘာလောကရှိ ဗိမာန်တော်အားလုံး၌ တည်ရှိကိန်းဝပ်တော်မူသော ခရစ်တော်ယေဇူး၏ မြင့်မြတ်သန့်ရှင်းစင်ကြယ်လှသော အသားတော်၊ အသွေးတော်၊ ဝိညာဉ်တော်နှင့် ဘုရားအဖြစ်တော်တို့ကို တင်ပူဇော်ပါ၏။ ထို့ပြင်၊ မယ်တော်မာရီးယား၏ အလွန်သန့်ရှင်းဖြူစင်လှသော နှလုံးတော်နှင့် ကိုယ်တော်၏ရွှေနှလုံးတော်တို့၏ အနှိုင်းမဲ့ကုသိုလ်ကောင်းမှုကြောင့် သနားစဖွယ်အပြစ်သားများအတွက် ကိုယ်တော်ကို အသနားခံတောင်းလျှောက်ပါ၏"

"ကက်သလစ်အသင်းတော်သည် ယုံကြည်သူဘာသာဝင်များထံမှ ကိုယ်တော်မြတ်ပင့်ယူချိန်၌ ရိုသေလေးစားမှုနှင့် သဒ္ဓါကြည်ညိုခြင်းကို အစဉ်အမြဲ တောင်းဆိုပါသည်"
        - Inaestimabile Donum, 11

"ယုံကြည်သူဘာသာဝင်များသည် ဒူးထောက်သည့်အခါ၌ ၎င်းဒူးထောက်ခြင်းကိုယ်၌က ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတော်ကို သဒ္ဓါကြည်ညိုဖူးမြော်ခြင်းဖြစ်ရကား ကျန်အရိုအသေပြုသည့် အမှတ်လက္ခဏာများ ပြုလုပ်ရန် မလိုအပ်တော့ပေ။ ဘာသာဝင်များသည် တန်းစီကာ မတ်တတ်ရပ်လျက် ကိုယ်တော်မြတ်ပင့်ယူသည့်အခါ ကိုယ်တော်မြတ်ပင့်ယူခြင်းမပြုမီ အရိုအသေပြုသည့်လက္ခဏာတစ်ခုပြုလုပ်သင့်ကြောင်း အခိုင်အမာ နှိုးဆော်တိုက်တွန်းထားပါသည်"
       - Ineastimabile Donum, 11
နောက်ဆုံးညစာစားပွဲ၌ ယေဇူးသခင်သည် မုန့်နှင့်စပျစ်ရည်ကို ကောင်းကြီးပေးပြီးနောက် ကားတိုင်တော်ထက်၌ ကျွန်ုပ်တို့အတွက် တင်ပူဇော်ရမည့် သူ၏အသားတော်နှင့် အသွေးတော်အဖြစ်သို့ ပြောင်းလဲစေခဲ့ပါသည်။ ထိုနည်းတူ၊ ရဟန်းတော်က မင်္ဂလာစကား ရွတ်ဆိုပြီး ကောင်းကြီးပေးသည့် မုန့်နှင့်စပျစ်ရည်သည်  ခရစ်တော်၏အသားတော်နှင့် အသွေးတော်အဖြစ် ပြောင်းလဲသွားပါသည်။

"ဖန်ဆင်းထားသော မုန့်နှင့်စပျစ်ရည်တို့၏ အဆင်းသဏ္ဌာန်အောက်တွင် ခရစ်တော်သခင်ကိုယ်တော်တိုင်သည် ဘုန်းဂုဏ်တော်နှင့် အသက်ရှင်လျက် အမှန်စင်စစ် ဇာတိတော်၌ ကိန်းဝပ်တည်ရှိတော်မူ၏"
          - Catechism of the Catholic Church, 1413

ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတော်သည် အရာဝတ္တုတစ်ခုမဟုတ်။ အသက်မဲ့သောအရာမဟုတ်။ ကိုယ်တော်မြတ်မင်္ဂလာတော်သည် ခရစ်တော်ဘုရားရှင်ပင်ဖြစ်၏။ သူသည် ပြည့်ပြည့်ဝဝ အသက်ရှင်လျက်ရှိ၏။ ကျွန်ုပ်တို့သည် ဤအသိတရားကို လက်ကိုင်ထားပြီး ကိုယ်တော်မြတ်ကို ပင့်ယူသည့်အခါ ကျွန်ုပ်တို့သည် ပို၍ ပြည့်ပြည့်ဝဝ အသက်ရှင်သန်သောသူဖြစ်လာကြပါသည်။

"ငါသည် ကိုယ်တိုင်မရှင်။ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏"(ဂလာတိသြဝါဒစာ ၂း၂၀)

"ငါသည် အသက်ရှင်သောမုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား အစဉ်အမြဲ အသက်ရှင်လိမ့်မည်။ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ခမည်းတော်အားဖြင့် ငါသည် အသက်ရှင်သည့်နည်းတူ ငါ့ကို စားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်"(ရှင်ယောဟန် ၆း ၅၁၊ ၅၇)

Source###' ဇိုတီးတိန်

No comments:

Post a Comment