အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, July 22, 2017

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ
Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

၂၀၁၅ ခုနှစ်က သတင်းဖြစ်ပါတယ်။

ကက်သလစ် စစ္စတာ အသင်းပေါင်းစုံက စစ္စတာပေါင်း ၁၁၀၀ ဟာ ကွန်ရက်ချိတ်ဆက်ပြီး နိုင်ငံပေါင်း ၈၀ ကျော်မှာ လူကုန်ကူးမှုရဲ့ သားကောင်များ ဖြစ်တဲ့ လိင်လုပ်သမများကို ကယ်ဆယ်ကူညီနေကြပါတယ်။

ကက်သလစ် စစ္စတာများ လုပ်နေတဲ့ အဓိက လုပ်ဆောင်ချက်များဟာ လိင်လုပ်ငန်းများအတွင်း ဝင်ရောက်ပြီး အသက်မပြည့်သေးတဲ့ လိင်လုပ်သား/သမများကို ပြန်လည် ဝယ်ယူခြင်း ကယ်ဆယ်ခြင်းနဲ့
မတရား လူကုန်ကူးခံနေရတဲ့ အရွယ်ရောက် လိင်လုပ်သမများကို ပြန်လည် ခေါ်ဆောင် ပြုစုစောင့်ရှောက် သင်တန်းပေးကာ ပုံမှန် အလုပ်လုပ်စားနိုင်မယ့် အခြေအနေမျိုး ရောက်အောင် လုပ်ပေးနေကြတာပါ။

စာရင်းများအရ ကမ္ဘာပေါ်မှာ မတရား လူကုန်ကူးခံရသူ သန်း ၇၀ ကျော်ရှိကာ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီး ဖြစ်ပြီး
သန်း ၇၀ ကျော်က တဝက်မှာ ၁၆ / ၁၈ နှစ်အာက် ကလေးသူငယ်များ ဖြစ်ကြပါတယ်။


ကွန်ရက် အဖွဲ့ဝင် ၁၁၀၀ ကျော် စစ္စတာများ အနေနဲ့ သူတို့ကိုယ်တိုင် ဒီအမှုတော်ကို ကယ်တင်လုပ်ဆောင်နေတာဖြစ်ပြီး ရဲများနဲ့ အဖွဲ့အစည်းများကိုတောင် မယုံကြည်ပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နေတာပါ။

ပုံပါ စစ္စတာများကတော့
ကနေဒါနိုင်ငံ Quebec မြို့က လမ်းဘေးမှာ လိက်လုပ်သမများကို ကယ်ဆယ်ကူည်ီဖို့ သွားလာနေတဲ့ စစ္စတာများပုံ ဖြစ်ပါတယ်။

Source - www.Huffpost.com

No comments:

Post a Comment