အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 28, 2017

"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"

"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"
"ရဟန်းများထံသို့ အာပတ်ဖြေရခြင်းအကြာင်းကို ဖြေရှင်းချက်"

မေး  ။  ။  ကျွန်ုပ်တို့သည်   ပြစ်မှားကျူးလွန်သောအခါ    ဘုရားသ္ခင်ထံသို့တိုက်ရိုက်
             အပြစ်ဝန်ချတောင်းပန်ကြသည်၊ သို့သော်    အဘယ်ကြောင့် ကက်သလစ်
             ဘာသာဝင်များက ၎င်းတို့၏         ရဟန်းများထံသွားရောက်ဝန်ခံရသနည်း၊
             ဘုရားသ္ခင်တစ်ပါးတည်းသာလျှင်အပြစ်လွတ်ပိုင်ရှင်မဟုတ်လော      ဘုရား

             သ္ခင်အား ဆန့်ကျင်ရာရောက်သည်မဟုတ်ပါလော။
ဖြေ ။   ။  မှန်ပါသည် သင်ပြစ်မှားသောအခါ ဘုရားသ္ခင်ထံသို့ဝန်ချတောင်းပန်သည်
            မှာလက်တွေ့ကျပါသည်၊ သို့သော်      ကက်သလစ်များ၏ လုပ်ဆောင်ချက်
            ကိုလည်း အမှားပြုလုပ်မိသည်ဟု ကျွန်ုပ်တို့မယုံကြပါ။
                                       
                                         (ရှင်းလင်းချက်)

         ခရစ်တော်ကိုယ်တိုင်ဤမေးခွန်းအားဖြေကြားခဲ့ပါသည်။  ဘုရားသ္ခင်မှတစ်ပါး
အဘယ်သူသည် အပြစ်လွတ်နိုင်သနည်း။ (မာကု ၂း ၇)   (လုကာ ၅း ၂၁)ထို့နောက် သူသည်အပြစ်လွတ်ပိုင်သောအရှင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ (မာကု ၂း၁၀- ၁၁)   (လုကား ၅း ၂၄-၂၅)       ခရစ်တော်သည် မိမိ၏အပြစ် လွတ်ပိုင်သောအာဏာ
တန်ခိုးကို ကယ်တင်ခြင်းဆက်လက်ဝေငှနေသော       တပည့်တော်ကြီးများထံသို့ လွှဲ
ပြောင်းတာဝန်ပေးအပ်လိုက်။        ဤအချက်တွင် လောကီသားတို့သည် ကိုယ်တော် အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွှတ်တော်မူ၏။    (ယော ၃း ၁၇)
သူသည် ဤလောက၏   အပြစ်ကိုဆောင်သွားသော ဘုရား၏သိုးသူငယ်ဖြစ်ပေသည်
(ယော ၁း ၂၉)။     ခရစ်တော်သည် ကောင်းကင်ဘုံသို့မတက်ကြွမှီ သူ၏တပည့်တော် များထံသို့       (ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကိုငါစေ
လွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့အပေါ်မှာမှုတ်လျက်၊     သင်တို့သည် သန့် ရှင်းသောဝိညာဉ်တော်ကိုခံကြလော။     (အကြင်သူ၏အပြစ်ကိုသင်တို့လွှတ်လျှင် ထို
သူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကိုသင်တို့တည်စေလျှင်    ထိုသူ သည်အပြစ်တည်လျက်ရှိ၏ဟုမိန့်တော်မူ၏။)  (ယော ၂၀း ၂၁-၂၃)။       ဤကျမ်းပိုဒ် တွင် ခရစ်တော်သည်     မိမိ၏တပည့်တော်များထံသို့ ယင်းအပြစ်လွှတ်ပိုင်သော အာ ဏာတော်အား လွှဲပြောင်းပေးအပ်သည်မှာ မည်သူမျှငြင်းဆိုနိုင်မည်မဟုတ်ပါ။

                     ထို့ကြောင့် ယင်းအာဏာတော်သည် တပည့်တော်ကြီးများဖြင့်သာ
လုံးလုံးလျားလျား သက်ဆိုင်သောကြောင့် ၎င်းတို့ကို  ဆက်ခံသောသူများထံသို့ လွှဲ ပြောင်းပေးအပ်ခဲ့ကြသည်၊ ထို့ကြောင့် ရှင်ပေါလုက ကောရိန္တုမြို့သူ/သားများထံသို့
(ထိုတရားဟူမူကား၊ဘုရားသ္ခင်သည်ခရစ်တော်အထဲ၌ရှိနေလျက် လောကီသားများ
၏ အပြစ်များကိုမှတ်တော်မမူ၊      ရန်ကိုငြိမ်းစေ၍ကိုယ်တော်နှင့်ပြန်လည်သင့်မြတ်စေ
တော်၏။ ထိုပြန်လည်သင့်မြတ်ခြင်းတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။)
(၂ကော ၅း ၁၉)။    ထိုအပြစ်လွှတ်ခြင်းကိုငါတို့၌ ပေးအပ်ကြောင်းထင်ရှာစွာတွေ့ရ
သည်။ထို့အပြင်ယင်းအပြစ်ခွင့်လွှတ်ခြင်းကိုအသင်းတော်အားဆက်လက်   ဦးဆောင်
သူများထံသို့ဆက်ခံပေးအပ်ကြောင်းကို(ဗျာဒိတ်တော်ကိုခံ၍    သင်းအုပ်များတို့သည် ကယ်တင်ခြင်းနှင့်တကွသင်၌အပ်ပေးသောဆုကျေးဇူးကိုမပြုစုဘဲမနေနှင့်)   (၁တိ ၄း ၁၄) ။ မှာထင်ရှားစွာတွေ့ရသည် တိမောသေအားထပ်မံ၍ ရှင်ပေါလုက   အဘယ်သူ ၏အပေါ်၌ လက်ကိုအလျှင်တဆောမတင်နှင့်သူတစ်ပါးအပြစ်၌မဆက်နှင့်    ကိုယ်ကို ကိုယ်စင်ကြယ် စေလော့။       ကျွန်ုပ်တို့၏ဆွေးနွေးသော အကြောင်းအရာအရ သင် လည်း အပြစ်ဝန်ချရန်ဘုရားသ္ခင်ထံသို့ တိုက်ရိုက်ဝန်ချသည်မှာ      မုချမှန်ကန်လှပေ သည် အဘယ်ကြောင့်ဆိုသော်သင်၏ သင်းအုပ်ပါစတာသည် အထက် က ယေဇူး ပေးသော အပြစ်လွှတ်ခြင်း အာဏာလွှဲအပ်ခြင်းကို ဆက်ခံ သောသူမ ဟုတ်သော ကြောင့် ဖြစ်ပေသည်။
     
                 ထိုကြောင့် ထိုအာဏာတော်ကိုဆက်ခံသော ဆရာကြီးများ သည် မိမိ၏ ရဟန်းများထံသို့    လက်တင်ဆုတောင်းသောအခါ ထိုကျေးဇူးကိုခံရကြ သည်။  ငါသည်သင်တို့အားပေးသမျှသောပညတ်တို့ကို စောင့်ရှောက်စေခြင်းငှါဆုံးမ သြဝါဒပေးကြလော့။ ငါသည်လည်းကပ် ကမ္ဘာကုန်သည့်တိုင်အောင်သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်။(မဿဲ ၂၈း ၂၀)ဟု သူ၏တပည့်များထံ သို့ကတိပေးသည့် အ တိုင်း ကပ်ကမ္ဘာကုန်သည့်တိုင်ကျွန်ုပ်တို့နှင့်အတူရှိတော်မူသော်ခရစ်တော်သည်ဧဝံ
ဂေလိ သတင်းကောင်းကိုဆက်လက်ဝေငှ၍   ဦးဆောင်နေသောတပည့်တော်များ၏ အရိုက်အရာကိုဆက်ခံသောသူများနှင့်လည်း အတူရှိမည်ဖြစ်ကြောင်း သူ၏ ကတိ  တော်ရ ကျွန်ုပ်တို့သိရှိနားလည်နိုင်ပေသည်။

မေး ။  ။ သို့သော် ရဟန်းများသည်အပြစ်ရှိသောလူများမဟုတ်ပါလော၊ ကိုယ်အပြစ်
          မရှိဟု ငါသည်ဆိုလျှင် ကိုယ့်ကိုကိုယ်လှည့်ဖြားကြ၏ ငါတို့၌သစ္စာတရားမရှိ
         (၁ယော ၁း ၈)။      ဤကျမ်းချက်အရ ဘုရားသ္ခင်ထံသို့ တိုက်ရိုက်ဝန်ခံခြင်း
         သည် သာ၍ကောင်းသည်မဟုတ်လော။
ဖြေ ။    ။ ဘုရားသ္ခင်မျက်မှောက်တွင် ကျွန်ုပ်တို့သည်အပြစ်ရှိလူများဖြစ်သည်၊မှန်ပါ၏
             ဘုရားသ္ခင်သာလျှင်အပြစ်လွတ်ပိုင်ရှင်ဖြစ်ကြောင်းလည်းကျွန်ုပ်တို့ယုံကြည်  ဝန်ခံကြပါ၏၊ ကက်သလစ်ဘုန်းတော်ကြီးများသည် သင်နှင့်ကျွန်ုပ်ကဲ့သို့အပြစ်ရှိကြ
ပါသည်၊   သို့သော် ဘုရားသ္ခင်သည် ကယ်တင်ခြင်းကို ဆက်လက်ဝေငှရန် အဘယ် ကြောင့်အပြစ်ရှိလူသားများ အချင်းချင်းပြန်လည်စေလွှတ်သနည်း။

                                            (ရှင်းလင်းချက်)

                      သမ္မာကျမ်းစာအရသော်၎င်း၊ အသိဥာဏ်ရှိသော်လူတို့အဖို့သော်၎င်း၊
အပြစ်ရှိလူသားအချင်းချင်း          အာပတ်သွားဖြေခြင်းအမှုမှာမလုပ်သင့်၊ မလုပ်ထိုက်
သောအလုပ်ဖြစ်ပေသည်။ သို့သော်သမ္မာကျမ်းစာသို့ပြန်သွားလျှင်လူတို့အတွက်  အ
ပြစ်ဖြေရာ ယဇ်ပူဇော်ပေးသောသူကို       ရွေးကောက်သောအခါ အပြစ်ရှိလူသားကိုမှ
ရွေးနှုတ်ကြသည်။ လူတို့တွင်ရွေးကောက်သော   ယဇ်ပရောဟိတ်မင်းမည်သည်ကား
ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာယဇ်ကို၎င်းပူဇော်၍၊       လူတို့အတွက်ဘုရားဝတ်ကို
ပြုစေခြင်းငှာခန့်ထားတော်မူသောသူဖြစ်၏၊     သူသည်ကိုယ်တိုင် နွမ်းရိအားနည်းခြင်း
ရှိသည်ဖြစ်၍ မိုက်သောသူ၊    မှားယွင်းသောသူတို့ကိုသည်းခံခြင်းငှာတတ်နိုင်၏ ထို
အကြောင်းကြောင့်လည်း      လူအများအပြစ်နှင့် မိမိအပြစ်ကိုဖြေခြင်းငှါတတ်နိုင်၏ ထိုအကြောင်းကြောင့်လည်း     လူအများအပြစ်နှင့်မိမိအပြစ်ဖြေခြင်းငှါပူဇော်ရ၏၊  ဘုရား သ္ခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတစ်ပါး၊    အဘယ်သူ မျှထိုအရာမြတ်ကိုမသိမ်းမယူရ။ ထိုနည်းတူခရစ်တော်သည် ယဇ်ပရော ဟိတ်မင်းအရာ၌ မိမိကိုယ်ကိုမိမိချီးမြှောက်သည်မဟုတ်။   သင်သည်ငါ၏သားဖြစ်၏ ယနေ့ပင်သင့်ကိုငါဖြစ်ပွားစေပြီဟုမိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်ေ တ်ာမူ၏။ (ဟေဗြဲ ၅း ၁-၅)။

         အထက်ပါကျမ်းချက်အရ ရဟန်းများသည်အပြစ်ရှိသောလူသားများဖြစ်သော်
လည်း ဘုရားရှင်၏အမှုတော်မြတ်ကိုသယ်ဆောင်ရာ၌သူ၏သနားခြင်းဂရုဏာတော် ကို ရရှိနိုင်ကြောင်းထင်ရှားသိသာလှပါသည်။   (သူသည်ကိုယ်တိုင် နွမ်းရိအားနည်း ခြင်းရှိသည်ဖြစ်၍မိုက်သောသူ၊    မှားယွင်းသော သူတို့ကိုသည်းခံခြင်းငှာတတ်နိုင်၏။ (ဟေဗြဲ ၅း ၂)။    
ထိုအပြင် ရှင်ပေါလုက ကောရိန္တုအသင်းတော်ကို ဤကဲ့သို့စာရေး သားခဲ့သည်၊  (ငါ့ကျေးဇူးသည်သင်တို့အဖို့လောက်ပေ၏ငါ့တန်ခိုးသည်အာနည်းခြင်း ခြင်းအဖြစ်၌ စုံလင်တတ်သည် ဟုမိန့်တော်မူ၏၊ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည့်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာသာ၍ ငါအလိုရှိ၏ သို့ဖြစ်၍ခရစ်တော်ကြောင့် ခံ ရသောအားနည်းခြင်း ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှင်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာ သောဒုက္ခဝေဒနာ ခံခြင်း တို့ကိုငါနှစ်သက်၏အကြောင်းမူကားငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံ လျက်ရှိ၏။ (၂ကော ၁၂း ၉-၁၀)။

                   ထို့ကြောင့် ခရစ်တော်သည် အားနွဲ့သောလူသားများကိုတန်ခိုးနှင့်ပြည့် စုံ စေခြင်းငှာ (ထိုသူတို့အပေါ်၌မှုလျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ကြလော့။အကြင်သူ၏အပြစ်ကိုသင်တို့လွှတ်လျှင်၊  ထိုသူသည်အပြစ်လွတ် လျက်ရှိ ၏ အကြင်သူ၏အပြစ်ကိုသင်တို့တည်စေလျှင်၊  ထိုသူသည်အပြစ်တည်လျက်ရှိ၏ဟု မိန့်တော် မူ၏။) (ယော ၂၀း ၂၂-၂၃)။          ထို့အပြင် ရှင်ပေါလုသည် ဆက်လက်၍ (လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏၊ ဟောင်းသော အရာတို့သည်ပြောင်းလဲ၍ခပ်သိမ်း သောအရာတို့သည်အသစ်ဖြစ်ကြပြီ။ထိုသို့ဆိုသော် ဘုရားသ္ခင်၏တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏၊  ဘုရားသ္ခင်သည် ယေဇူးခရစ်အားဖြင့် ငါ တို့၏ရန်ကိုငြိမ်းစေ၍ ကိုယ် တော်နှင့် မိတ်သဟာရဖွဲ့စေတော်မူ၏၊ ထိုမိတ်သဟာရ တ ရားကို ဟောရသော အခွင့် အရာကို ငါတို့၌အပ်ပေးတော်မူ၏။) (၂ကော ၅း ၁၇-၁၈)။

               ဤအကြောင်းကြောင့် ကက်သလစ်ခရစ်ယာန်များသည် ဘုရား၏ကိုယ်
စားလှယ်အမူတော်များကိုသယ်ဆောင်သော  အသင်းတော်၏   ကိုယ်စားများဖြစ်ကြ
သည်၊ ရဟန်းဘုန်းတော်ကြီးများအားဖြင့်အပ်နှင်းသော အပြစ်ခွင့်လွှတ်ခြင်းကို ခရစ် တော်၏ အထက်ပါသွန်သင်ချက်နှင့်အညီ ခံယူကြခြင်းဖြစ်သည်။

Source### Joseph Ghung Ki

No comments:

Post a Comment