St. Francis နှင့် သိုးငယ်လေး
တစ်ခါက၊ St. Francis ဟာ သူငယ်ချင်းများနှင့် လယ်တောတစ်ခု ဖြတ်သွား ရင်း ဆိတ် နှင့် နွားများကြားမှာ ပျော်ရွှင်စွာ ကျက်စားနေတဲ့ သိုးငယ်လေး တစ်ကောင်ကို လှမ်းမြင်လိုက်တယ်။ ဒါနှင့် St. Francis က သူငယ်ချင်းတွေကို
"ကြည့်စမ်းပါအုံး၊ ဟိုမှာဆိတ်အုပ် နွားအုပ်တွေကြားမှာ သိုးငယ်တစ်ကောင် လွတ်လွတ်လပ်လပ်သွားလာတာ ကြည်နူးစရာကောင်းလိုက်တာ" လို့ပြောလိုက်တယ်။
နောက်တစ်နေ့ သိုးငယ်လေးအဖြစ်ကို ရှုစားဘို့ အဲဒီလယ်တောကို St. Francis နှင့် သူငယ်ချင်းတစ်စုပြန်လာခဲ့ကြတယ်။ လယ်ကွင်းလဲရောက်ရော၊ ဘာတွေ့သလဲဆိုတော့ ကျားသစ်တစ်ကောင်ကနေမှ ဆိတ်အုပ်နွားအုပ်ကြားမှ ပင် ၄င်းသိုးငယ်ကိုမှ ရွေးပြီးတိုက်ခိုက် ကိုက်စားဘို့ ကြိုးစားနေတာကို တွေ့လိုက်ရတယ်။
မဆိုင်းမတွဘဲ St. Francis နှင့်အဖွဲ့ဟာ သိုးငယ်လေးကို ကယ်နိုင်ဘို့ ကျားသစ်နှင့် တိုက်ပွဲဆင်ပါတော့တယ်။ သို့သော်လည်းဘဲ၊ အလာကောင်းပေမယ့် အခါနည်းနည်းနောင်းသွားတာမို့ သိုးငယ်လေးရဲ့ အသက်မကယ်နိုင်ဖြစ်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်နှစ်ခုဟာ St. Francis ရဲ့ဘ၀မှာ ကြီးမားတဲ့သင်ခန်းစာဖြစ်ခဲ့ပါ တယ်။
အဲဒီမှာအကြီးမားဆုံးသင်္ခန်းစာတစ်ခုကတော့ အကြမ်းမဖက်ရေးမူဝါဒ ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကို လုံးဝသဘောပေါက်နားလည်ခြင်းဖြစ်ပါတယ်။
အကြမ်းမဖက်ရေးမူဝါဒဟာ အားနည်းသောသူ၊ အကာအကွယ်မဲ့သူသော၊ အသက်အန္တရယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရသောသူများကို ကာကွယ်ခြင်းနှင့် ဆန့်ကျင်ဘက်မဟုတ်ဘူး ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။
အစွမ်းရောက်သမားတွေရဲ့ လူသားမဆန် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံနေရရှာတဲ့ အကာအကွယ်မဲ့၊ ခိုးကိုးရာမဲ့၊ သိုးငယ်လေးလိုဖြစ်နေတဲ့ လူကြီးမိန်းမကလေးတွေရဲ့ဘ၀ကို St. Francis သာ တွေ့မြင်ခဲ့သည်ရှိသော် ဆုများများတောင်းပါလို့ပြောမှာလား၊ ဘာများပြောမလဲ တွေးတွေးမိတယ်။
အခုတော့လဲ St Francis ရဲ့ ငြိမ်းချမ်းခြင်းအတွက် ဆုတောင်းမေတ္တာကို ဆိုနေကြပြီး၊ St. Francis ရဲ့ သိုးငယ်လေးကို ကယ်တင်ဘို့ ကြိုးစားခဲ့တဲ့အဖြစ်မှ ရတဲ့သင်္ခန်းစာ ကို မေ့နေကြဟန်တူနေတာကို စိတ်ထဲအစာမကြေသလိုဖြစ်နေတယ်။ ။

No comments:
Post a Comment