အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, July 27, 2017

သိုးထိန်းကောင်းတစ်ပါး၏ခရစ္စမတ်(စ်)ခွန်းချွေလွှာ

သိုးထိန်းကောင်းတစ်ပါး၏ခရစ္စမတ်(စ်)ခွန်းချွေလွှာ
                         မိခင်သည်မိမိ၏နိုစို့ ရင်သွေးအားမေ့နိုင်အံ့လော။
 မေ့နိုင်ခဲ့လျှင်လည်းငါသည်သင်တို့ အားမမေ့နိုင် (ပရောဖက်အီဇာအီး ယာ ၄၉း၁၅) ဟုထာဝရဘုရားသခင်သည်ဤသို့ အမိန့် တော်ရှိပါ သည်။ ခေါင်းဆောင်ကောင်းတို့  ၏အရည်အချင်းတစ်ခုမှာရဲဘော်၊ ရဲဘက်စိတ်မွေးမြူနိုင်ခြင်းဖြစ်ပါသည်။ ထို့ အတူရဟန်းမင်းကြီး သည်မ ကြာမီရောက်ရှိလာတော့မည့်ခရစ္စမတ်(စ်)ပွဲကိုပြင်ဆင်သောအားဖြင့်လူမူဝန်းကျင်တစ်ခွင်၌ငွေရောင်၊ ရွှေရောင်မီးရောင်များတစ်ဖိတ် ဖိတ်တောက်အောင်ထွန်းညှိထားသော်လည်း၊

အပြေးအလွှား လှုပ်ရှားအလုပ်များသည်ဆိုသော်လည်း၊ အရပ်ရှစ် မျက်နှာသို့  ပွတ်လောရိုက်ခတ်တုန်ဟီးသွားစေသောတေးသွားများပျံ့နှံ့ နေသော်လည်း၊ အာရုံမထားနိုင်ရှာ။ အတိဒုက္ခ ကြား၌ဘ၀မလုံ မခြုံဖြတ်သန်းနေ ရသည့်၊ မကြာမီကြွလာတော့မည်ဖြစ်သောယေဇူး သခင်၏အငယ် ဆုံးသောညီအစ်ကို များကိုရဟန်းမင်းကြီးအနေဖြင့်မေ့နိုင်အံ့လော။ လုံးဝမေ့ရိုးထုံးစံမရှိပေ။
                       ထို့ ကြောင့်ဒီဇင်ဘာလ (၂၄) ရက်နေ့ အဖိတ်ည၌ ရ ဟန်းမင်းကြီးဖရန်စစ်သည်အီရတ်နိုင်ငံ၊ အန် ခါဝါမြို့ ရှိစစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ ဂြိုလ်တုဖုန်းဖြင့်အီတလီနိုင်ငံမှထုတ်လွှင့်နေသောတီဗွီ (၂၀၀၀) မှတစ်ဆင့် ဖုန်းဖြင့်နုတ်ဆက်ခဲ့ပါသည် ။ သူ၏နုတ် ဆက်စ ကားမှာ ‘ပျော်ရွှင်သောခရစ္စမတ်(စ်)ဖြစ်စေရန်ဆန္ဒပြုကြောင်း၊ ယနေ့  ည၌သင်တို့ သည်ယေဇူးသခင်နှင့်တူကြောင်း၊ သင်တို့ ကိုကောင်း ကြီးပေးကြောင်း၊ သင်တို့ နှင့်အနီးဆုံးတွင်ရှိနေမည် ဖြစ်ကြောင်း၊ လက် ရှိအခြေအနေ၌သင်တို့ သည်ယေဇူးသခင်နှင့်အဘယ်မျှလောက်ဆင်တူနေသည်ကိုစဉ်းစားစေလို ကြောင်း၊ သင်တို့ ၏လက်ရှိအခြေ အနေ သည်ကျွန်ုပ်အားပို၍ဆုတောင်းဖြစ်စေကြောင်း၊ ခရစ္စမတ်(စ်) သည်ဘု ရားသ ခင်ကျွန်ုပ်တို့ နှင့်အနေနီးခြင်းကိုပြသခြင်းဖြစ်ကြောင်း၊ နူးညံ့ သိမ်မွေ့ မူဖြင့်ဘုရားသခင်သည်မိမိကိုယ်မိမိဖော်ပြလျှက်ရှိ ကြောင်း၊ ထိုနူးညံ့သိမ်မွေ့ မူကိုခလေးသူငယ်တစ်ဦးနှင့်မိခင်တစ်ဦး၏နူးညံ့သိမ်မွေ့ ခြင်း၌ပြသလျှက်ရှိကြောင်း၊ ခရစ် ယာန်တို့ ၏အသက်တာကိုယေဇူး သခင်ကဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲ၌နှစ်နေရန်မိန့် ကြားထားကြောင်း၊ ပထမ တစ်နေရာမှာမင်္ဂလာတရားတော် (၈) ပါးဟောကြား စဉ် ၌ဖြစ်ပြီး၊ ကျန်တစ်နေရာမှာရှင်မာတေဦးအခန်းကြီး (၂၅) ၌ဖြစ်
 ကြောင်း၊ ထိုအခန်းကြီးတွင်လူနာများ၊ အကျဉ်းကျခံနေရသူများ သွားရောက်လည်ပတ်ရန်၊ အကူအညီလိုအပ်နေသူ များအား ကူညီပေး ရန်၊ မုဆိုမများအားစောင့်ရှောက်ပေးရန်၊ အ၀တ်မဲ့နေသူများ အား ဆင်မြန်းပေးရန်၊ ဆာလောင်မွတ် သိပ်နေသူများအားကျွေးမွေးရန်၊ အ ဘယ်ကြောင့်ဆိုသော်၎င်းတို့ သည်ခရစ်တော်၏ခန္ဒာကိုယ်တော်ဖြစ်ကြောင်း၊ ဤ သို့ ပြုစုပေးခြင်းကိုနူးညံ့သိမ်မွေ့ ခြင်းဟုခေါ်ကြောင်း ၊ ယေ ဇူးသခင်သည်ယနေ့ ညမွေးဖွားလာမည်ဖြစ်ကြောင်း၊ သူ သည်အပြစ် မဲ့သောခလေးသူငယ်တစ်ဦးအသွင်ဖြင့်လာမည်ဖြစ်ကြောင်း၊ ယေဇူးသူငယ်တော်သည်လူသားများအပေါ် ထားရှိသောဘုရားသ ခင်၏ ချစ်ခြင်းနှင့်နူးညံ့သိမ်မွေ့ ခြင်းကိုပြသောသက်သေဖြစ်ကြောင်း၊ ဘုရား သခင်သည်သေလွန် သွားသောခလေးများ၊ တလွှဲအသုံးချခံရသော ခလေးများအားကြီးမားသောချစ်ခြင်းဖြင့်လက်ခံနိုင်ရန်ကျေးဇူးပေးပါစေ ကြောင်း၊ ၄င်းအပြင်ကျွန်ုပ်အနေဖြင့်ခလေးများအတွက်သာမဟုတ်၊ မိမိတို့ အိမ်ပိုင်ရာပိုင်၌လွှတ်လပ်စွာနေထိုင်လာခဲ့ ရပြီး၊ ယခုမှာမူဒုက္ခကြီးစွာဖြင့်အိမ်ဝေး၊ ရာဝေးဝေးနေကြရသော သက်ကြီးရွယ် အိုများ အတွက် လည်းကိုယ်ချင်းစာနာမိ ကြောင်း၊ သို့ သော် ထိုသက်ကြီး ရွယ် များသည်၎င်းတို့ ၏အသိ၊ ဥာဏ်ပညာဖြင့် အသက်နှင့် ဆိုင်သောအ သိ ပညာများကို မျှဝေနိုင်ပါစေကြောင်း၊ ယနေ့ ည၌ခလေး သူငယ်များနှင့် သက်ကြီး ရွယ်အိုများသည်ကျွန်ုပ် ၏နှလုံးသားထဲ၌ ထူးခြားစွာ ရှိ နေ မည်ဖြစ်ကြောင်း၊ သင်တို့  အားလုံးအားကျွန်ုပ်၏ ရင်းတွင်း မှ ကောင်း ကြီးပေးလိုက်ပါ ကြောင်း’ အီတလီဘာ သာဖြင့် နုတ်ဆက် ခဲ့ရာ၊ ဒေ သခံဘုန်းတော်ကြီးတစ်ပါးကအာရဗီဘာသာစကားဖြင့်ပြန်ဆိုပေး ခဲ့ပါသည်။

Source#### Cle Pike

No comments:

Post a Comment