အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

မည်သူ့ထံအာပတ်ဖြေရအံ့နည်း

#မည်သူ့ထံ_အာပတ်ဖြေရအံ့နည်း?

          "ကျွန်ုပ်တို့သည် အမှားတစ်ခုခုကို ရည်ရွယ်၍ ပြုလုပ်ချိန်တွင် အပြစ်ထဲသို့ ကျရောက်ကြရသည်"(CCC.1849)လူသားဖြစ်တဲ့အလျောက် အပြစ်နဲ့မကင်းနိုင်ကြောင်းကို လူတိုင်းဝန်ခံကြရသည်။ ကျွန်ုပ်တိုာသည် အပြစ်တစ်ခုခုပြုမိလျှင် အလိုလိုနေရင်း စိတ်ထဲ၌ မပျော်နိုင်တော့ပါ။ မိမိအပြစ်ကို မည်သူမျှမသိပေးသော်လည်း ကိုအအပြစ်ပြုမိသွားမှန်းကို ကိုယ်ကအသိဆုံးပင်ဖြစ်သည်။ မိမိဩတ္တပ္ပစိတ်ကို အဘယ်သူမျှ လိမ်လည်၍မရပါ။
တချို မှာ စိုးရိမ်လွန်းအားကြီး၍ တစ်ရက်တည်းမှာပင် အာပတ်လေးငါးခါ ဖြေချင်လောက်အောင် ဖြစ်တတ်ကြသည်။ တချို့မမှာ
ကိုယ့်ကိုယ်ကိုပင် ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်ပြီး (Suicide)  မိမိကိုယ်ကို သတ်သေတဲ့အထိပါပဲ။ သို့သော် တချို့မမှာတော့ သီလသမ္မာစိအားနည်းကြပြီး ၊အေးတိအေးစက် အပြစ်ပြုမိလျှင်လည်း ပြုမိမှန်းတောင် မသိဖြစ်ကြပြန်ပါသည်။ အစိကမှာ အစွမ်းနှစ်ဖက်ရောက်မသွားဖို့ပင် အရေးကြီးသည်။

အာပတ်ဖြေလိုလျှင်....

1။ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်ခြင်းတရားကို အကြွင်းမဲ့ယုံကြည်ရပါမည်။
2။အပြစ်ရှိကြောင်းကို ရိုးရိုးသားသား ဝန်ခံရမည်။

3။မိမိအပြစ်အတွက် ဝမ်းနည်းစွာနောင်တစွဲယူရန်လိုအပ်သည်။ နော်တရပြောင်းကို တင်ရှားသည့် အမှတ်လက္ခဏာဖြစ်သော အာပတ်ဖြေခြင်း စက္ကရမင်းတူးမင်္ဂလာတော်မြတ်ကို ခံယူရမည်။

4။ ပိုမိုပြည့်စုံအောင် ရဟန်းဘုန်းတော်ကြီးချမှတ်ပေးသော အပြစ်ဒဏ်ကို နောင်တတရားအပြည့်နှင့် လက်ခံပြီး အပြစ်ဒဏ်ဆပ်ဖြေဖို့ရန် လိုအပ်သည်။

#နောက်ဆုံးနှစ်ကိုရင်များချန်ထားခဲ့သော_ခြေရာလက်ရာများ
Fr. Lanu Joseph

No comments:

Post a Comment