အသိပေးကျေးဇူးတင်လွှာ
ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!
Sunday, July 23, 2017
'` စိပ်​ပုတီး´´ ဖြစ်​​ပေါ်လာပုံ
[`` စိပ်​ပုတီး´´ ဖြစ်​​ပေါ်လာပုံ]
            ခရစ်​ယာန်​တို့အား ( လူသားတို့အား ) မှိုင်းမရန်​ ခန့်​အပ်​ခြင်းခံရ​သော မယ်​​တော်​မာရီးယားကို နာခံဖို့ ၊ နား​ထောင်​ဖို့ရန်​ ခရစ်​​တော်​ရှင်​၏ အလို​တော်​ဖြစ်​သည်​ ။ ထို့​ကြောင့်​လည်း သူ၏မိခင်​ကို လူသားတို့အား ကြည့်​ရှု​စောင့်​​ရှောက်​အံ့ငှါ ၊ မိခင်​အဖြစ်​​ပေးရရှာသည်​ ။ ( ​ယော ၁၉း ၂၆ - ၂၇ ) ဤသို့အားဖြင့်​ မာရိယား၏အလို​တော်​ကို လိုက်​နာ​ဆောင်​ရွက်​ခြင်းသည်​  သား​တော်​ ဘုရားကိုလွန်​စွာ နှစ်​သက်​​စေခဲသည်​ ။ သို့ဖြစ်​၍ မာရိယား၏အလို​တော်​ဖြစ်​​သော ` စိပ်​ပုတီး ´ စိပ်​ခြင်းသည်​ ဘယ်​ကစ၍ ဘယ်​သို့​သောတန်​ခိုး အာနု​ဘော်​​တော်​ ရှိသည်​ကိုလည်း​ကောင်း သိထားအပ်​လှ​ပေသည်​ ။
                 ၁၂ - ရာစု မတိုင်​မီအထိ စိပ်​ပုတီးစိပ်​ခြင်းဟူသည်​ မရှိခဲ​ပေ သို့​သော်​ မယ်​​တော်​ကို
အားကိုး​သော ရ​သေ့တို့သည်​ မယ်​​တော်​ထံ​တော်​သို့ ကိုယ်​အမူအရာအားဖြင့်​ ဆု​တောင်းခြင်းအမှုကို ပြုလုပ်​လျှက်​ရှိကြသည်​။ အထူးသဖြင့်​ St. Dominic သည်​ သူကိုယ်​တိုင်​တည်​​ထောင်​​သော Dominic ရ​သေ့ဂုဏ်းကြီး​ကြောင့်​ စပ်​ပုတီး စိပ်​ခြင်းကို အစပြုပြီး ၊ ဥ​ရောပတစ်​ခုလုံးသို့ ပျံ့ နှံ့သွား​စေခဲ့သည်​။  ဤသို့ဖြင့်​ စိပ်​ပုတီးစိပ်​ခြင်းသည်​ သန့်​ရှင်းမြင့်​မြတ်​​သော တရားကျင့်​ ရ​သေ့ထံမှအစပြုလာသည်​။
               ၁၂ - ရာစုတွင်​ မယ်​​တော်​ကိုကြည်​ညို​သော ရ​သေ့တချို့သည်​ ( လုကာ ၁း၂၈ ) မှ ``ဂုဏ်​​ကျေးဇူး​တော်​ အ​ပေါင်းနှင့်​ ပြည့်​စုံ​တော်​မူ​သော မာရီးယား သင့်​အားမင်္ဂလာရှိ​စေသတည်း။ ဘုရားသခင်​သည်​ သခင်​မနှင့်​ အတူရှိ​တော်​မူ၏ သင်​သည်​လည်း မိန်းမတကာတို့ထက်​ မြတ်​စွာ​သော မင်္ဂလာရှိ၏´´ ။ ဟူ​သော ​ကောင်းကင်​တမန်​ Gabriel က မာရီးယားအားနုတ်​ဆက်​​သောကျမ်းပိုက်​နှင့်​ ( လုကာ ၁း၄၂ )မှ `` သင်​၏ဝမ်း၌ရှိ​သောသူငယ်​သည်​လည်း မြတ်​စွာ​သော မင်္ဂလာရှိ၏´´ ဟူ​သော ဧလိဇဘက်​ ( Elizabeth) ၏နှုတ်​ဆက်​ခြင်းကျမ်းပိုဒ်​ နှစ်​ခု​ပေါင်းပြီး ​မေတ္တာအဖြစ်​ တစ်​ခါဆိုလျှင်​ ( ၁၅၀ ) တိုင်​ဆိုကြသည်​။ ၁၂- ရာစု ​နောက်​ပိုင်းတွင်​ ​ကောင်းကင်​ဘုံ​မေတ္တာနှင့်​ ဂုဏ်​​ကျေးဇူး​တော်​ ​မေတ္တာ နှစ်​ခု​ပေါင်း၍ တစ်​လှည့်​စီ အကြိမ်​ ( ၁၅၀ ) ထိဆိုကြပြန်​သည်​။
             ဤသို့ဖြင့်​ တဖြည့်​ဖြည့်​ပြည့်​စုံလာရာ ၁၄ - ရာစုအလယ်​​လောက်​တွင်​ ပြင်​သစ်​လူမျိုး ရ​သေ့ ကာပူးချားရ​သေ့    ` Henry ´ သည်​ ​ကောင်းကင်​ဘုံ​မေတ္တာ တစ်​​ခေါက်​ဆိုပြီးတိုင်း ဂုဏ်​​ကျေးဇူး​တော်​​မေတ္တာ ဆယ်​ခါဆိုရန်​ စီစဉ်​ပြန်​သည်​ ။ ၁၅ - ရာစု​နောက်​ပိုင်းမှ စိပ်​ပုတီးစိပ်​ရာတွင်​ ​ထောက်​ရှုရန်​ နက်​နဲဖွယ်​အချက်​ ( ၁၅ ) ချက်​ကို တိတိကျကျသက်​မှတ်​နိုင်​ခဲသည်​။ ၂၀၀၂ ခုနှစ်​တွင်​ ရဟန်းမင်းကြီး ဒုတိယ​မြောက်​ ဂျွန်​​ပေါလ်​သည်​ ​နောက်​ထပ်​အလင်း​တော်​၏ နက်​နဲဖွယ်​ရာအချက်​ ( ၅ ) ( Five Luminus Mysteries)  ချက်​ကို ဖြည့်​စွက်​ သက်​မှတ်​​ပေးခဲ့သည်​ ။
               ၁၆ - ရာစု ​ရောက်​​သောအခါ ဂုဏ်​​ကျေးဇူး​တော်​ ဆယ်​ခါဆိုပြီးတိုင်း ` ခမည်း​တော်​ ၊ သား​တော်​ ၊ သန့်​ရှင်း​သော ဝိညာဉ်​​တော်​အား ဘုန်း​တော်​ဂုဏ်​​တော်​ရှိပါ​စေ ´ .......ဟူ​သော ​မေတ္တာကို ဆိုစပြုလာကြသည်​ ။ ၄င်းအပြင်​ ဂုဏ်​​ကျေးဇူး​တော်​ ​မေတ္တာ ၏ ဒုတိယပိုင်းဖြစ်​​သော ` ဘုရား၏မယ်​​တော်​ ၊ သန့်​ရှင်း​သောမာရီးယား ၊ ယခုမှစ၍ ​သေခါနီးတွင်​ အပြစ်​ရှိသူ  ကျွန်​ပ်​တို့အဖို့ငှါ ဆု​တောင်း​ပေး​တော်​မူပါ´ ကို​ပေါင်းဆိုကြ​တောသည်​။ ၁၅၆ - ၁၅၇၂ ခုနှစ်​အတွင်း နန်းစံ​တော်​မူခဲ့​သော ပုပ်​ရဟန်းမင်းကြီး ပဉ္စမ​မြောက်​ပီဦး [ Pope pius V ] က စိပ်​ပုတီးစိပ်​ခြင်းသည်​ မွန်​မြတ်​လှ​သော အလွန်​တရာ တန်​ခိုးကြီးသည့်​ ဆု​တောင်း ​မေတ္တာ ဖြစ်​​ကြောင်း တရားဝင်​​ကြေညာထုပ်​ပြန်​ခဲသည်​။
               ၁၉၁၇ - ခုနှစ်​ ဖာတီမာ [ Fatima ] မြို့တွင်​မယ်​​တော်​သည်​ က​လေးသုံး​ယောက်​ [ Francisca , Juscinta , And Lucia ] အားထင်​ရှားပြရာ၌ `` အို​ယေဇူး ကျွန်​ပ်​တို့အပြစ်​များကို အခွင့်​ချမ်းသာ​ ​ပေး​တော်​မူပါ ။ ငရဲမီးဒဏ်​မှ ကာကွယ်​​တော်​မူပါ အထူးသဖြင့်​ ကိုယ်​​တော်​၏ သနားခြင်းကို အထူးလိုလား​နေကြ​သော ဝိညာဉ်​များကို ​ကောင်းကင်​ဘုံသို့ ပို့​ဆောင်​​တော်​မူပါ´´။ ဟူ​သော လှပ​လေးနက်​လှသည့်​ ​မေတ္တာကို သင်​ကြား​ပေးကာ ရွက်​ဆိုရန်​ မှာကြားထားခဲ့သည်​။
              စိပ်​ပုတီးတကုံးသည်​ အမိမယ်​​တော်​နှင့်​ ခရစ်​​တော်​ရှင်​တို့၏ ဘဝအ​ကြောင်းများ​ပေါင်းစပ်​ထားသည့်​ ​မေတ္တာ ဖြစ်​​သော​ကြောင့်​ အလွန်​ပင်​တန်​ခိုးကြီး​သော ​မေတ္တာ​တော်​ စိပ်​ပုတီးဖြစ်​လာခဲသည်​။ သား​​တော်​၏ ဘဝအလုံးအစုံကို ​ပေါင်းစပ်​ထား​သော ​မေတ္တာ ဖြစ်​​သော​ကြောင့်​ စိပ်​ပုတီးစိပ်​ခြင်းသည်​ အမိမယ်​​တော်​ အလိုလားဆုံးနှင့်​ အနှစ်​သက်​ဆုံး ဆု​တောင်း​မေတ္တာ ဖြစ်​လာခဲရာ Fatima မြို့ က​ဘေးသုံး​ယောက်​များထံ `` ငါသည်​ စိပ်​ပုတီး၏ ဘုရင်​မဖြစ်​သည်​ ´´ ဟု အမိမယ်​​တော်​ကိုယ်​တိုင်​ ​ပြောကြားသွားခဲ့သည်​။ ဆက်​လက်​၍ (၁၈၅၈ ) ခုနှစ်​ ​ဖေ​ဖော်​ဝါရီလ ( ၁၁ ) ရက်​​နေ့တွင်​  Benedette အားထင်​ရှားပြရာ၌ `` သင့်​မှာစိပ်​ပုတီးရှိရင်​ ငါနှင့်​အတူစိပ်​ပါ ´´ ဟုမယ်​​တော်​မှာထားခဲပြန်​သည်​။ [ Lorude မြို့၌ Benedette အားထင်​ရှားပြခြင်းမှ]။
   သို့ဖြစ်​၍ စိပ်​ပုတီးကာ ဆု​တောင်းကာ ဆု​တောင်းခြင်းသည်​ အမိမယ်​​တော်​နှင့်​အတူ ဆု​တောင်းခြင်းပင်​​ဖြစ်​ရာ လွန်​စွာအ​ရေးကြီးလှသည်​။ စိပ်​ပုတီးကို ​ဘေးဖယ်​ထားခြင်း လျှစ်​လျူရူပြုခြင်း ကဲရဲခနဲ့ပြုခြင်းသည်​ စိပ်​ပုတီးပိုင်​ရှင်​ စိပ်​ပုတီး၏ ဘုရင်​မဖြစ်​​သော သား​တော်​ဘုရား၏မြတ်​မယ်​​တော်​ ( လုကာ ၁း ၃၁ ) သန့်​ရှင်း​သော ဝိညာဉ်​​တော်​နှင့်​ ပြည့်​ဝ​သော ကညာစင်​စစ်​ မာရီးယား ( လုကာ ၁း ၃၄ ၊ ၃၅ )ကို မထိ​လေးစားပြုခြင်းဖြစ်​သည်​။ ( ​ယော ၁၉း ၅၇ ) ``သင့်​အ​မေကိုကြည့်​ပါ´´
🙏🙏
No comments:
Post a Comment