တောင်ကြီး
မိဘများပွဲနေ့ကျင်းပခြင်း(30-7-2017)
ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai ဟောကြားသောဒေသနာ မှ ကောက်နုတ်ချက်
ဘဝ၏တန်ဖိုး
ရိုးရာဓလေ့မှာဘဲဖြစ်စေ၊ ဘာသာတရားမှာပဲဖြစ်စေ မိဘဆိုတာ ဘုရားနဲ့တဂိုဏ်းထဲထားပြီး ရိုသေကြတယ်၊ ရိုသေအပ်တဲ့ပုဂ်ဂိုလ်တွေဖြစ်တယ်။
ဒါကြောင့်မိဘနဲ့ပတ်သက်ပြီး သင်ခန်းစာပေးကြတယ် နှစ်စဉ္နှစ်တိုင်းပွဲနေ့မှာ ဟောပြောကြတယ်။
ဒီကနေ့မိဘပွဲနေ့မှာ ကြားနာခဲ့ရတဲ့ ကျမ်းပိုဒ်နှစ်ပိုဒ် ကိုယူပြီး သင်ခန်းစာယူကြပါစို့။
ပထမကျမ်း ၃ ဓမ်မ (၃း၄- ၁၂) မှာ ဘုရင်ဆော်လမွန်အကြောင်းကြားရတယ်၊ ဆော်လမွန်ဘုရင်ဆုတောင်းကောင်းတယ်၊ ဒါကြောင့် ဆုတောင်းပြုခြင်းအပြီးမှာ ဘုရားသခင်က သူ့ကိုချီးမွမ်းတယ်၊ ဘုရားသခင်ကပြောတယ်၊ လိုသမျှကိုတောင်းပါ ငါပေးမယ်လို့ပြောတယ်၊ ဒါပေမယ့် ဆော်လမွန်က စည်းစိမ်ဥစ်စာရတနာတွေ မတောင်းဘူး၊ အစ်စရာအဲလ်လူမျိုးတွေကို အုပ်ချုပ်နိုင်ဖို့ ဥာဏ်ပညာသာပေးသနားပါလို့ဘဲ တောင်းခံတယ်။
ဒုတိယကျမ်း မာတေးဦး (၁၃း၄၄- ၅၂)
ကုန်သည်တစ်ယောက်ဟာ လယ်ပြင်တစ်နေရာမှာ ရတနာကိုတွေ့တယ် တိတ်တဆိတ်ပြန်သွားပြီး ရှိသမျှကိုရောင်းပြီးလယ်ကိုပြန်လာဝယ်တယ်။
ဆော်လမွန်မင်းကြီး - ဘုရင်တစ်ပါးရဲ့တန်ဖိုးကို သူနားလည်တယ်၊ ဘဝရဲ့တန်ဖိုးကိုလူတိုင်းနားလည် ရမယ်။ ကိုယ့်ဘဝကိုယ်ရပ်တည်မယ့်နေရာ တန်ဖိုးအကြီးဆုံးဟာဘာလဲဆိုတာ ကိုယ်သိတယ်ဆိုရင် ဘာမှပြဿနာမရှိဘူး။
ဘုရင်တစ်ပါးရဲ့တန်ဖိုးကို ဆော်လမွန် ကောင်းကောင်းလေးသိတယ်။ ဘုရင်တစ်ပါးအတွက်အလိုအပ်ဆုံးအရာဟာဘာလဲ Ultimate Value ဟာဘာလဲ၊ တိုင်းသူပြည်သားကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ဘဲ၊ ရှှေငွေဘယ်လောက်ဘဲရှိရှိ အစ်စရာအဲလ် လူမျိုးကို မအုပ်ချုပ်နိုင်ဘူးဆိုရင် ရာဇဝင်တစ်သက်လုံး ရိုင်းသွားလိမ့်မယ် သူသိတယ်။ ဒါကြောင့် အစ်စရာအဲလ်ဘုရင်တစ်ပါးအနေနဲ့ အုပ်ချုပ်ရေးကို ကောင်းမွန်စွာနိုင်ဖို့ ဥာဏ်ပညာလေးကိုသာ ပေးပါဘုရားလို့ တောင်းခံခြင်းဘဲဖြစ်တယ်။
ကုန်သည်စီးပွါးပွဲစားဆိုတာ ပွဲစားတစ်ယောက်ရဲ့ ဘဝတန်ဖိုးကို အဲဒီကုန်သည်နားလည်တယ်၊ ဥစ်စာတနာဆိုတာ သူ့အတွက်ဘယ်လိုရှာရမလဲဆိုတာ သူသိတယ်။ ဒါကြောင့်လည်းရှိသမျှကိုရောင်းပြီး လယ်ကိုဝယ်တယ်။ ရတနာကိုယူတယ်။
ဘဝမှာ ဦးစားပေးမှားတာတွေအများကြီးရှိတယ်။ ဘာကြောင့်ဦးစားပေးမှားကြတာလဲ။ ဘဝမှာတန်ဖိုး မှားလို့ဘဲ။ ကျောင်းသားတွေစာသင်ရမယ့်အရွယ်မှာ တန်ဖိုးထားမှားကြတယ်။ အချစ်သာကိုးကွယ်ရာ ဆိုပြီးတော့မှ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ ကျောင်း
ထွက်ရ ဘဝပျက်ရတဲ့သူတွေအများကြီးရှိတယ်။ တန်ဖိုးမှားတာဘဲ။ ကျောင်းသားတစ်ယောက်ရဲ့ ဘဝတန်ဖိုးက စာကြိုးစားရမယ်။ မကြိုးစားဘူး။ တန်ဖိုးလှှဲသွားတယ်။ တန်ဖိုးးမှားတာဟာ ဘာကြောင့်လဲ။ ရေရှည်မစဉျးစားလို့။ တစ်နေ့ကျရင် ငါဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပျောက်သွားတယ် လမ်းတစ်ဝက်မှာပျောက်ဆုံးသွားတယ်။ ဘဝတန်ဖိုးထားမှုနည်းသွားတယ်။
ရဟန်းဖြစ်သင်ကျောင်းသားတစ်ယောက် - ဘာဖြစ်လို့ ဘဝတန်ဖိုးမှားသွားတာလဲ။ တနေ့ငါရဟန်းဖြစ်ရမယ် သာသနာတော်မှာ ဟောပြောရမယ်။ ဆိုတဲ့ရည်မှန်းချက်မရှိတော့ တန်ဖိုးမှားသွားတဲ့အခါမှာ
စီးပွါးရှာစားတဲ့ ကျောင်းပြီးလူထွက် အပြင်မှာလုပ်စားကြတယ်။ တန်ဖိုးမှားသွားတယ်။ ရည်ရွယ်ချက်ရှိရှိ သာသနာကိုအကျိုးပြုဖို့ မစဉျးစားကြဘူး။
ရဟန်းတစ်ပါးမှာလည်းသူ့တန်ဖိုးရှိတယ်။ ဆရာတော် တစ်ပါးမှာလည်းသူ့တန်ဖိုးရှိတယ်။
လူတစ်ယောက်ကဘုန်းကြီးတစ်ပါးဆီလာတယ်။ ခွေးကိုအသုဘတရားဟောပေးပါတဲ့။ ဘုန်းကြီးက အကြီးအကျယ်စိတ်ဆိုးတယ်။ မင်းခွေးများငါ့ကိုဟောခိုင်းတယ်။ အဲဒီခွေးကိုတပည့်တော်သိပ်ပြီးချစ်လွန်းလို့ပါ။ အခုသေသွားလို့ကိုယ်တော်ကိုပင့်ချင်တယ်။ တန်ရာတန်ဖိုးပေးပါ့မယ်။ ငါးသိန်းဆိုရင်လည်းပေးပါ့မယ်။ အဲဒီမှာဘုန်းကြီးလေသံပျော့သွားတယ်။ မင်းခွေးဘယ်တုန်းက ဆေးကြောခြင်းခံလိုက်တာလဲ မင်းငါ့ကိုတောင်မှ မပြောပြပါလားတဲ့။ ဘဝတန်ဖိုးအဲဒီမှာမရှိပါဘူး။ အလှူအတန်းမှာမရှိပါဘူး။ ရဟန်းဆရာတော်တစ်ပါးရဲ့တာဝန်ဟာ သူများကို တရားပေးဖို့ဖြစ်တယ်။ တန်ဖိုးမှားရင်တန်ဖိုးကျတယ်
သီလရှင်တစ်ပါးရဲ့တာဝန် - ထိုနည်း၎ဘဲ၊ မာသာရ်ထရေးဇာ - တန်ဖိုးနဲ့နေပြီးသေခဲ့တယ်။ ကမ်ဘာကျော်ခဲ့တယ်။ သူများသိတယ် တန်ဖိုးက ကိုယ်သာမသိလိုက်တာ ကိုယ့်ဘဝတန်ဖိုး ဘယ်လောက်ကြီးသလဲဆိုတာ။
အဖေတစ်ယောက်ရဲ့ဘဝတန်ဖိုးရှိဖို့လိုတယ်။ လူပျိုလူလွတ်ဘဝမှာ ကြိုက်သလိုသောက်စား ပျော်သလိုနေလို့ရတယ်။ ဒါပေမယ့် အဖေနေရာ ရောက်လာရင် သားသမီးအတွက် ငဲ့ကွက်ရမယ်။ တာဝန်ရှိတယ်။ သားသမီးအတွက်အနစ်နာခံရတယ် အချိန်အခါရှိတယ်။ ပျော်သလိုသောက်စားလို့မရတော့ဘူး။ အဖေတိုင်းသိတယ်။ သိသိရက်နဲ့ ဦးစားပေးမှားတတ်တယ်။ ခုနပြောခဲ့သလို တန်ဖိုးထားမှားတတ်တယ်။
အမေတစ်ယောက်ရဲ့တန်ဖိုး ကြီးမားလှတယ်။ ပုခက်လှှဲတဲ့လက်ဟာ ကမ်ဘာကိုအုပ်စိုးတယ်။ အဲဒီလောက်ကြီးမားတဲ့တန်ဖိုး။ တခြားဘာနဲ့မှ မလဲနိုင်ဘူး။သားသမီးတွေသိတယ်။သားတစ်ယောက်ရဲ့တန်ဖိုးပြန်တွက်မယ်ဆိုရင် တစ်ရက်ကိုမုန့်ဖိုး ၁၀၀၀ / ၂၀၀၀ ဆိုရင် တစ်လတနှစ်ဆိုရင် ဘယ်လောက်လဲ။ ငွေကြေးနဲ့ဘဲရှိသေးတယ်။ မေတ်တာနဲ့မတွက်သေးဘူး။ တန်ဖိုးကြီးတယ်။ မေတ်တာကြီးလေလေ တန်ဖိုးကြီးတယ်။
ဒါပေမယ့် ကိုယ့်တန်ဖိုးကိုမသိတဲ့သား။
ကိုယ့်တန်ဖိုးကိုမသိတဲ့သမီး။ မှားတတ်တယ်။ ဒါကြောင့်မိဘများပွဲနေ့မှာပြန်သတိပေးရတယ်။ မိဘကိုပြန်ငဲ့ကြည့်ပါအုံး။ မိဘကိုရိုသေအုံး။ မိဘစကားကိုနားထောင်ပါအုံး။
ခရစ်ယာန်တစ်ယောက်ရဲ့တန်ဖိုးတအားကြီးတယ်။ ခရစ်ယာန်တစ်ယောက်ရဲ့တန်ဖိုး၊ ကက်သလစ်တစ်ယောက်ရဲ့တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ ခရစ်တော်ကားတိုင်ပေါ်မှာ သွန်းလောင်းတဲ့အသွေး။ တစက်စက်ကျတဲ့သွေးနဲ့နှိုင်းယှဉျတယ်။ ခရစ်တော်ရဲ့သွေးတစ်စက်တန်ဖိုးဘယ်လောက်လဲ။ တန်ဖိုးမဖြတ်နိုင်ဘူး။ ခရစ်ယာန်တစ်ယောက်ရဲ့တန်ဖိုးအဲဒီလောက် ကြီးမားတယ်။ အသွေးနဲ့ပေးဝယ်ထားတဲ့ပုဂ်ဂိုလ်။ ဆေးကြောခြင်းနဲ့ပေးဝယ်ထားတဲ့ပုဂ်ဂိုလ်။ သာသနာပြုပုဂ်ဂိုလ်တွေ အသက်နဲ့ရင်းပြီးတော့မှ ပေးလာကြတဲ့ပုဂ်ဂိုလ်။ သူများတွေကျွန်တော်တို့ကို အသွေးနဲ့ပေးဝယ်ထားတဲ့ပုဂ်ဂိုလ်။ ကျွန်တော်တို့က အကြွေးတင်ရင်းတင်ရင်းနဲ့ဘဲ ကိုယ့်တန်ဖိုးကို မသိလိုက်တော့ တန်ဖိုးမဲ့သွားတယ်။
ခရစ်ယာန်တန်ဖိုးမှာအများကြီးရှိသေးတယ်။ သမာသမတ်နဲ့ နေနေရမယ့်အစား လူများလုပ်သလို ကြုံရာလိုက်စားရင်း တန်ဖိုးမှားသွားတယ်။ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ ကက်သလစ်တွေရှိချင်ရှိမယ် ကျင့်တဲ့ပုဂ်ဂိုလ်ရော မကျင့်တဲ့ပုဂ်ဂိုလ်ရော ရှိချင်ရှိမယ်။
ဘဝမှာတန်ဖိုးမသိတာ ရေရှည်အတွက်မစဉျးစားလို့ ။ အထူးသဖြင့် ကျွန်တော်တို့ ခရစ်ယာန်ဟာ သေပြီးတဲ့နောက်မှာ ထာဝရသုခချမ်းသာကို မက်မောမှရတယ်။ အဲဒါကို မမက်မောဘူးဆိုရင် ဒီဘဝမှာ တရားအားထုတ်တာ အလကားဖြစ်သွားမယ်။ ပါးစပ်အညောင်းခံပြီး ဆုတောင်းတာ အလကားဖြစ်သွားမယ်။ နောင်ဘဝမှာ ထာဝရသုခချမ်းသာ ရဖို့အတွက် ကြိုးစားကြရမယ်။
သားသမီးဆိုလည်း သားသမီးတန်ဖိုးရှိရှိ နေဖို့လိုတယ်
မိဘဆိုလည်း မိဘတန်ဖိုးရှိရှိနေဖို့လိုတယ်။
ရဟန်းသံဃာ သီလရှင် များလည်း တန်ဖိုးရှိရှိ နေဖို့လိုတယ်။
လွဲချော်သွားရင်တရားပျက်မယ်။
မိဘများပွဲနေ့မှာ မိဘများကိုဂုဏ်ပြုရင်း မစၦားတရားတော်မှာ အတူတကွပါဝင်ကြပါစို့။
Credit## Sai Sheng

No comments:
Post a Comment