လူငယ်နှင့်ပရဟိတအလုပ်
ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီးရေးချင်နေတာကြာပါပြီ။ ပြီးခဲ့ တဲ့နှစ်လောက်က၊ မြန်မာနိုင်ငံတနှံတ လျားမှာရေကြီး၊ ရေလွှမ်း တဲ့ဘေးကြုံခဲ့တယ်ဆိုတာမှတ်မိအုံးမှာပါ။ ပုဂလိက္ကစေတနာရှင်တွေ၊ ပရဟိတ္တိအဖွဲ့ အသီးသီးကလည်းကိုယ်တိုင်ငွေအားမလှူနိုင်တာတောင်၊ လုပ်အား၊ အချိန်ပေးပြီးတတ်အားသ ရွေ့ကိုယ့်ထမင်းထုတ်နဲ့ ကိုယ်ရံ ပုံငွေရှာဖွေရေးမှာပါဝင်ဆက်ကပ်ခဲ့ကြတယ်။
ရံပုံငွေရှာဖွေရာမှာပုံစံမတူကြပါဘူး။ အတီးအမှုတ်ရတဲ့လူ ငယ်တွေကတော့၊ တဲ့အစွမ်းအစနဲ့  လမ်းသွားလမ်းလာ တဲ့သူတွေနား ၀င်ပီအောင်တေးဂီတနဲ့ တီးခတ်သီဆိုပြီးရှာကြတယ်။ သည်လိုဘဲတ ချို့တော့ရပ်ကွက်၊ ရပ်ရွာ၊ ဈေးတွေမှာသွားပြီးဖလားတွေနဲ့ အလှူခံပေး ခဲ့ကြတယ်။ တချို့ကြတော့ လည်းအဲသလောက်လည်းအချိန်မပေးနိုင်။ ငွေကြေးလည်းမတတ်နိုင်လေတော့၊ အားတဲ့တစ်နေ့ မှာစုဖွဲ့ ပြီး၊ တစ် အိမ်ဝင်၊ အတစ်ထွက်နဲ့ သန့် ရှင်းရေးလုပ်ပေးစရာတွေ၊ ပန်းကန်ဆေး စရာ၊ တံမြတ်စည်းလှဲ စရာတွေ၊ ရေချိုးခန်း၊ သန့် စင်ခန်းတွေဆေးေ ကြာပေးပြီး၊ အလှူခံလာခြင်းကိုရှင်းပြအလှူခံခဲ့ကြတဲ့သ တင်းတွေလူ မူကွန်ရက်ပေါ်မှာဝေေ၀ဆာဆာမင်္ဂလာယူနေခဲ့တယ်။ နောက်ဆုံးဘာ မှမတတ်နိုင်တဲ့သူ တွေကြတော့လည်း၊ ကိုယ့်မှာရှိတဲ့အ၀တ် အစားတွေ ထဲကမျှကူပေးတာတွေနဲ့ တကယ့်ကိုမင်္ဂလာရှိလှ တဲ့သတင်းတွေဖြစ် ခဲ့ တယ်။
ဒါနဲ့ ကိုယ်တော်လည်းကိုယ့်သာသနာထဲကလူငယ်တွေ၊ လူငယ် သင်တန်းမှာတော့ဖြင့်နားစည် ကွဲလုလုအော်ဟစ်သီဆိုပြီး၊ လူငယ့်အား မာန်ပြခဲ့တယ်။ ခုတော့တိတ်ဆိတ်နေလို့ လှုပ်နိုးတဲ့သဘောနဲ့  လူငယ်ေ တွအားလုံးစိတ်ဝင်စားပြီး၊ လုပ်နိုင်မယ့်ပရလုပ်ငန်းတစ်ခုဖြစ်တဲ့၊ လမ်း ဆုံ၊ ဈေးထိပ်တွေမှာဂီတ တီးပြီးဖျော်ဖြေရင်းအလှူခံရင်ကောင်းမှာပဲလို့  အကြံပေးခဲ့ဖူးတယ်။ မနေသာလို့ ဒီလိုပြောလိုက်တာကိုစကားတစ် ခွန်းထဲထွက်ကြလာတယ်။ မလုပ်ဖူး၊ မလုပ်ဖူးတဲ့။ ဘာစကားရှာပြီး ဆက်ပြောမလဲတောင်မ သိဖြစ်ခဲ့ရတယ်။ (ချဲ့ပြောခြင်းမဟုတ်ပါ။ အမှန် မနေသာ၍ပြောခဲ့မိပါသည်။)
အမှန်မှလူငယ်နဲ့ မရဟိတဆိုတာဘယ်လိုမှခွဲခြားလို့ မရဘူး။ ပရ စိတ်များမှာတစ်နေ့ ခေါင်း ဆောင်ဖြစ်လာတဲ့အခါပေးဆက်မယ်၊ ဆက် ကပ်မယ်၊ စွန့် လွှတ်မယ်၊ အနစ်နာခံတတ်တဲ့စိတ်တွေမွေး မြူနိုင်တာပါ။ ခေါင်းဆောင်ဖြစ်လာတာနဲ့ ဒီစိတ်ကအော်တိုကပ်ပါမလာပါဘူး။ ဒါကြောင့်အခုနောက် ပိုင်းမောင်မယ်တွေတောင်ပရဟိတနဲ့ တွဲပြီးပြင် ဆင်တာတွေလုပ်ခိုင်းလာကြတယ်။ ပရဟိတအလုပ်ဆို တာလုပ် တတ် ရင်၊ မြင်တတ်ရင်အများကြီးပါ။ မြို့ကြီးတွေမှာဆိုရင်အ သံအလှူတွေေ တာင်ပြုကြတယ် လို့ ကွန်ပျူတာတက္ကသိုလ်ကအသိဆရာမတစ်ယော က်ကသူတို့ ရဲ့ပရဟိတလုပ်ငန်းကိုအက်ဖ်အမ်တစ်ခုမှဖြေကြားသွား တာ ကိုလည်းပီတိဖြစ်စရာကြားလိုက်ရတယ်။ အသံနဲ့ ကုသိုလ်ယူတယ် ဆို တာကမျက် စိအမြင်ချို့ယွင်းတဲ့အရွယ်သုံးပါးနဲ့ အံဝင်တဲ့စာကောင်းပေ မွန်တွေကိုအသံကြည်ကြည်၊ ဖြေးဖြေးနဲ့ ဖတ် ပြတာ၊ အသံသွင်းပေးပြီး နားထောင်ခိုင်းတာတွေပေါ့။
ပရဟိတကိုနေ့ တိုင်းတစ်ယောက်ထဲလည်းလုပ်နိုင်သလို၊ တစ်ခါ တစ်လေရက်ကြီးအခါကြီးနေ့  တွေမှာဝါသနာတူတွေ၊ အသင်းဝင်တွေ စုပြီးလည်းဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့ လည်းလုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ဇူ လိုင် (၁၉) ဟာမြန်မာ့လွှတ်လပ်ရေးအတွက်ကြိုးစားရင်းကြမ်းကြုတ်ရ က်စက်တဲ့မသမာသူ တွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့တဲ့အာဇာနည်တွေ ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်တယ်။ ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ပြုခဲ့ကြပါ တယ်။ အရမ်းကြည်နူးမင်္ဂလာယူစရာကောင်းပါတယ်။
အဲဒီကြည်နူးစရာမင်္ဂလာယူတဲ့မြင်ကွင်းထဲမှာဖာသာရ်ဒိုမိနစ် ဦးဆောင်ပြီး၊ စိတ်တူကိုယ်တူလူ ငယ်အချို့အပါအ၀င်ကောင်းသော ဆာမာရီတန်အဖွဲ့ တွေကျိုင်းတုံသာသနာအုပ်စုရဲ့ယုံကြည်ခြင်းကိုစံပြု ပြီး၊ အဆုံးထိတိုင်တည်ကြည်ခဲ့ကြသူတွေရဲ့အုတ်ဂူတွေကိုသန့် ရှင်းရေး လုပ်အားပေးခဲ့ကြတယ်။ ဒီနေ့ ၊ ဒီရက်၊ ဒီအချိန်မှာဒီလို လုပ်အားပေး မယ့်အကြောင်းဖာသာရ်ဒိုမိနစ်ကတင်ကြိုပြီး၊ တစ်ပတ်အလို လောက် ကတည်းကထင်အသိပေးထားခဲ့တယ်။ ဘယ်အဖွဲ့ ရယ်မသတ်မှတ်ဘူး။ စိတ်ပါဝင်စားသူတွေ ပါဝင်နိုင်တဲ့အကြောင်းလည်းတစ်လက် စထဲပြော ထားပါတယ်။ ဒီလိုဦးဆောင်ပြီးလှုပ်ဆော်တာကိုမလုပ် နိုင်တဲ့ကိုယ်ေ တ်ာကတော့အဝေးကနေကြိတ်ပြီးပီတိဖြစ်နေမိတယ်။ အပြောကတော့ မိုးလားကဲလားနဲ့  လက်တွေ့ ကြတော့ဝပ်နေတတ်တဲ့ သူတွေငြိမ် ကုပ်နေချိန်၊ အပြောမကြီးဘူး။ ဖိအားပေးမူမပါဘဲ၊ မည် သည့်မျှော်လင့် ချက်မှမပါ။ သမိုင်း၊ ဘ၀ပေးအသိနဲ့ ခုလိုလုပ်ပေမယ့်နိုင်သလောက်နဲ့  လှုပ် ရှားတာဟာ နတ်လူသာဓုခေါ်ထိုက်ပါတယ်။ သို့ သော်ပရဟိတ္တနဲ့  လူငယ် (လူသား) ဟာဘယ်လိုမှခွဲခြားမရဘူးဆို တာကိုတော့ မမေ့စေ ချင်ပါဘူး။ ပရဟိတ္တလုပ်တယ်ဆိုတာလည်းတစ်ခါလွှတ်သွားလို့ နောက် လုပ်လို့ မ ရတော့တာမဟုတ်ပါဘူး။ လူငယ်ခြေတက်တွေ၊ ပရဟိတ္တ လုပ်ငန်းတွေနဲ့ လည်းမြတ်တဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။
ဖာသာရ်ဒိုမိနစ်၊ ကောင်းသောဆာမာရီတန်အဖွဲ့ နှင့်ရင်ဘတ် ချင်းတူ ခဲ့သောလူငယ်များအားလုံးကို လည်းဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ် တမ်းတင်အပ်ပါသည်။
Source: Cle Pike
No comments:
Post a Comment