အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, July 25, 2017

ဘုရားသခင်ငိုလေသလား

ဘုရားသခင်ငိုလေသလား
••••••••••••••••••••••••

တနေ့တော့ ကလေးမလေးတစ်ယောက် ကျောင်းစာတွေရေးရင်း အတွေးတစ်ခုဝင်လာပြီး သူအမေကိုမေးခွန်းတစ်ခုမေးလိုက်တယ်။

" မေမေ... "
စာအုပ်တစ်အုပ်ဖတ်ရင်း ဈာန်ဝင်နေတဲ့ အမေဖြစ်သူ ချက်ခြင်းမကြားလိုက်ပါ။

" မေမေ လို့..."
" အင်း..သမီး..  ပြောလေ"
" သမီးတစ်ခုစဉ်းစားနေတာ ဘုရားသခင်ရောငိုတတ်သလားလို့ ...
 ငိုတတ်လားဟင် မေမေ.."
" ပေါက်ပေါက်ရှာရှာဟယ်.... သမီးကလည်း..  ဘုရားသခင်မငိုတတ်ပါဘူး"
စာအုပ်ကိုဖတ်ရင်းနဲ့ပင် စိတ်မပါ့တပါ ပြန်ဖြေလိုက်တယ်။

" အမေကလည်း သမီးမေးတာကို အလေးမထားဘူး "

ဖတ်လက်စစာအုပ်ကို ဘေးနားစားပွဲခုံပေါ်တင်ရင်း သမီးကိုကြည့်ပြီး သမီးရဲ့စကားကိုဂရုတစိုက်ပြန်နားထောင်ပေးလိုက်တယ်။


" အမေရယ် သေချာပြန်စဉ်းစားကြည့်ပါ..
ဘုရားသခင်က သမီးတို့ကိုရော... အားလုံးအားလုံးကို ကောင်းကင်ပေါ်ကနေမြင်နေမှာနော်...
ဟိုတနေ့ သမီးသူငယ်ချင်းကစားကွင်းမှာ ချော်လဲပြီး ဒူးပေါက်လို့ငိုနေတာ... အဲဒါလည်းဘုရားသခင်မြင်နေမှာဘဲ..
ပြီးတော့ ကလေးမရနိုင်လို့ ညညငိုနေတဲ့ ဦးလေး ဂျဲန် တို့မိသားစုလည်း ဘုရားသခင်မြင်နေမှာဘဲ...
နောက်ပြီးတော့ ... နှစ်တိုင်း ခရစ္စမတ်လက်ဆောင်မျှော်နေပေမယ့် ဘယ်သူ့ဆီကမှ လက်ဆောင်မရဘူးတဲ့ လမ်းထိတ်က ပိုပိုလေးကိုလည်း ဘုရားသခင်မြင်နေမှာ..
ဘုရားသခင်သူတို့ကိုမြင်တော့ သူလည်းဝမ်းနည်းနေမှာဘဲ....

သမီးသူငယ်ချင်း တော်မီလေးဆို ဘုရားသခင်သူ့ကို သနားလွန်းလို့ငိုနေမှာ သေချာတယ်...
တော်မီကအရမ်းသနားဖို့ကောင်းတာမေမေရဲ့...
သူအဖေရိုက်တာကို ခနခနခံနေရတယ်... ကျောမှာရော ခြေသလုံးမှာရော သူအဖေရိုက်လို့အနာတွေတောင်ဖြစ်တာ...

ပြီးတော့ သမီးတို့ တီဗွီသတင်းမှာပါတဲ့ လူတစ်ယောက်နဲ့တစ်ယောက်သတ်ကြတာတွေ ဘုရားသခင်မြင်ပြီး စိတ်မကောင်းလို့ဝမ်းနည်းနေမှာ...

ဒါပေမဲ့ မေမေရယ်...
သမီးတို့အတွက် ယေရှုဘုရားကို သူများတွေကသတ်ဖို့လုပ်တာကို သမီးစဉ်းစားမိတယ်..
လူတွေကသူ့ကိုထိုးကြတယ်... ခြေထောက်နဲ့ကန်ကြတယ်... စထွေးထွေးကြတယ်.တုတ်နဲ့လည်းရိုက်ကြတယ်..သွေးတွေအလူးလူးပေရင်း သစ်လုံးအကြီးကြီးကို လည်းထမ်းရသေးတယ်... လေးလွန်းလို့နေမှာ ခနခနလဲကျသေးတယ်.. အရမ်းနာမှာဘဲနော် မေမေ..
သူ့လက်နဲ့ခြေထောက်တွေကို သံချောင်းအကြီးကြီးရိုက်တာဆို သမီးမကြည့်ရက်ဘူး...
အဲသလောက်နှိပ်စက်တဲ့ပြင် နေပူကြီးထဲသစ်လုံးကြီးအပေါ်မှာသူတို့ချိတ်ထားကြတယ်...
သမီးစဉ်းစားရင်း ဘာဖြစ်တာလဲမသိဘူး...
ရင်ထဲမှာစို့လာတယ် ဝမ်းနည်းပြီးငိုချင်သလိုဘဲ...
သူ့ကိုသမီးအရမ်းသနားတာဘဲ
သမီးတောင်သူ့ကို သနားလို့ဝမ်းနည်းရင် ဘုရားသခင်ဆိုရင်
ဝမ်းနည်းလွန်းလို့ရှိုက်ငိုနေမှာသေချာတယ်....
ဘုရားသခင်ငိုတတ်မှာ သေချာပါတယ် မေမေ "

အမေဟာ ကောင်းကင်ပေါ်မော့ကြည့်ရင်းနဲ့ စကားပြောနေတဲ့သမီးလေးရဲ့ဘေးမှာ ငြိမ်သက်စွာထိုင်နေတယ်။
သမီးလေးဟာ စကားတွေပြီးလို့အမေ့ကိုကြည့်တဲ့အချိန်မှာ ...
အမေဟာ သူမမျက်ဝန်းအိမ်မှ မျက်ရည်တွေစီးကျနေလေပြီ။

" ဟုတ်တာပေါ့ သမီးလေးရယ်...
တကယ်ဆိုလေ...
ဘုရားသခင်က သမီးလေးရယ်...သမီးရဲ့သူငယ်ချင်းတွေရယ် ..မေမေတို့ရယ်... လောကမှာရှိတဲ့သူ အားလုံးအားလုံးကို ကောင်းကင်ပေါ်က နေ့တိုင်းငုံကြည့်ရင်း နေ့တိုင်းငိုပါတယ်....
မေမေတို့အားလုံးကိုသနားတဲ့စိတ်နဲ့......နေ့တိုင်းသူဝမ်းနည်းပြီးငိုနေပါတယ်...
ပိုပိုလေးကိုလည်း သူကြည့်ပြီးသနားလို့ငိုနေပါတယ်....
အမျက်ထွက်ရန်ဖြစ်သတ်ဖြတ်နေကြတဲ့ လူတွေကိုလည်း သူကြည့်ပြီး စိတ်မကောင်းလွန်းလို့ သူငိုနေရပါတယ်...
မေမေတို့အတွက် ယေရှုဘုရားအနှိပ်စက်ခံ...  သွေးတွေအလူးလူးနဲ့ လက်ဝါးကပ်တိုင်ပေါ်အသေခံတာကိုလည်း သူကြည့်ပြီးငိုနေပါတယ်..
ဒါပေမဲ့ အဲ့ဒီချိန်မှာ ..
ဘုရားသခင်ဘယ်လောက်ထိရင်ကျိုးပြီးနာကျင်မှုတွေ...ခံစားရမယ်ဆိုတာကိုတော့
မေမေ မခန့်မှန်းနိုင်လောက်အောင်ပါ....
လူတွေပြောမတတ်၊ မခန့်မှန်းနိုင်အောင် သူနာကျင်ခံစားရမယ်ဆိုတာကိုတော့
မေမေယုံတယ်...
......ဘုရားသခင်ငိုတတ်တာပေါ့ သမီးလေးရယ်...
မေမေတို့အတွက် ...သူငိုနေရတယ်..."

ဆာလံကျမ်း ၁၄၅း ၈ - ၉
......... ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ဂရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတိုကိုသနားစုံမက်တော်မူ၏..

ရှင်ယောဟန် ၃း ၁၆
......... ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏..

•••••••••••••••••••••••••••••••••••••••••••••••••••••

Does God Cry? ကိုဆီလျှော်အောင်မြန်မာပြန်သည်။

ဒိ ဒု မု
( ၂၄၊ ၇၊ ၂၀၁၇၊ တနင်္လာ၊ ညနေ ၃ နာရီ )

                                              

No comments:

Post a Comment