အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, July 21, 2017

အချစ်နှင့်အသက်

အချစ်နှင့် အသက်

ချစ်ခြင်းသည် ခံစားမှု၊ ခံစားချက် သက်သက် မဟုတ်ပေ။ ချစ်ခြင်းအား ခံစားမှု၊ ခံစားချက်ပေါ်တည်ဆောက်ခြင်းသည် လူ့ဘ၀ လူ့အသက် ကို စတေးရတတ်သည်။ အကြောင်းမှာ ခံစားချက် ဟူသည် အချိန်ကာလတစ်ခု၏ ချယ်လည်မှုအောက်တွင်ရှိသောကြောင့်ဖြစ်သည်။ လူသည် သွေးနွေးသတ်တ၀ါ မဟုတ်ပါလော။ သွေးနွေးသတ်တ၀ါဟူသည်
ပြင်ပအပူချိန်ကိုကို မှီလျှက် ပြောင်းလဲတတ်သည် မဟုတ်ပါလော။ ထို့ကြောင့်
ပြင်ပ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသနှင့် အတူ ပြောင်းလဲတတ်လွန်း
လွန်းသော လူ၏ခံစားတတ်မှု၊ လူ၏ခံစားချက်ကို မှီလျက် တည်ဆောက်သော

အချစ်နှင့် ချစ်ခြင်းသည် တည်မြဲခဲလွန်းလှပေသည်။

ချစ်ခြင်းသည် အသက်နှင့်ဆိုင်သည်။ အသက်ကို အမှန်တကယ်ပေးစွမ်းသော
အရာသည် တခြားအရာမဟုတ်ပေ။ချစ်ခြင်းပင်ဖြစ်သည်။ ထိုအကြောင်းကြောင့်၊ လူ့အသက် လူ့ဘ၀နှင့်သာ ဆိုင်သော အချစ်နှင့် ချစ်ခြင်းကို ခံစားချက်နှင့် ခံစားမှု၏ အစေအပါးဖြစ်စေရန် အဘယ်သူတွေးဝံ့ မည်နည်း။

မိဘ၏ကြီးမားသော ချစ်ခြင်းနှင့် သားသမီးများပေါ်ထားရှိသော အချစ်သည် သားသမီးများ၏ ဘ၀အသက်ပင်ဖြစ်သည်။ ချစ်ခြင်းသည် အသက်ကို ပြုစုသည်၊ စောင့်ရှောက်သည်၊ ကာကွယ်ရသည်။ ထိုအကြောင်း
ကြောင့်၊ မိဘများသည် သားသမီးများ အတွက် အသက်ပါပေးဆပ်ရန် အသင့်ရှိအမြဲ ရှိနေသည်။ သားသမီးများသည်လည်း ထိုနည်းပင် မိဘများအ
တွက်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

ထိုနည်းတူ၊ မိမိချစ်ရသောသူ အတွက် မိမိအသက်ကိုပင် ပေးဆပ်ကြသော အချစ်နှင့် ချစ်ခြင်းကို အသက်နှင့် ဘ၀ အဖြစ် နားလည်ကာ၊ အချစ်နှင့် ချစ်ခြင်း ကို အသက်နှင့် ဘ၀ရင်းကာ သက်သေပြသွားသော အချစ်အာဇာနည် များစွာရှိသည်မှာ အမှန်ပင်ဖြစ်သည်။

အချုပ်ဆိုရသော်၊ အချစ်နှင့်ချစ်ခြင်းသည် အသက်နှင့်ဘ၀၏ အသက်သွေးကြောဖြစ်သည်။ ချစ်ခြင်းသည် ချစ်သောသူအား ပြုစုရပေမည်၊ ကွယ်ကာရပေမည်၊ ဖေးမရပေမည်။ ချစ်ခြင်းသည် ချစ်ရသောသူ၏ အသက် နှင့် ဘ၀တစ်ခုလုံး၏မှီခိုရာ ဖြစ်နေရမည်သာ။

Reflection: Pope Francis, Encyclical, Lumen Fidei, The Light of Faith, (Libreria Editrice Vaticana, 2013), n. 27.

No comments:

Post a Comment