သင်္ချိုင်း မှာ ဘာကြောင့် ဖယောင်းတိုင်ထွန်းရသနည်းဟူသည်မှာ ---
(က) ခရစ်တော်ကို ယုံကြည်လျှက် သေလွန်သောသူ အပေါင်းတို့သည် မှောင်မိုက်၏ အရိပ်အောက်တွင်မနေရ၊ ကယ်တင်ရှင်ခရစ်တော်၏ အလင်းတော်အောက်တွင်နေသော သူများဖြစ်ကြောင်း သက်သေပြ ထင်ရှားစေခြင်း ဖြစ်ပေသည်။
(ခ) ဘုရားသခင်၏ မဟာသနားခြင်း ကရုဏာတော်အားဖြင့် သေလွန်သော သူတို့သည်
နောက်ဆုံးသောနေ့ရောက်သောအခါ မိမိတို့ လဲလျောင်းရာမှ ပြန်လည်ရှင်ပြန်ထမြောက်
မည်ဖြစ်ကြောင်းကို သက်သေထူခြင်းပင်ဖြစ်သည်။
(ဂ) ယုံကြည်ခြင်းနှင့် ဘ၀တမလွန်ကူးပြောင်းသွားသောသူ အပေါင်းတို့သည် ပျောက်ကွယ်
သွားခြင်းမဟုတ်ဘဲ၊လူ့အာရုံ လူ့မျက်စိနှင့် မခံစားနိုင် မမြင်နိုင်သော်လည်း ဘုရားသခင်၏
လောင်းရိပ်ဝယ် ပျော်ရွှင်ချမ်းမေ့သော ဘ၀ စံစားရသူများဖြစ်ကြောင်း အမှတ်ရစေခြင်း
လည်းဖြစ်ပေသည်။
အမှန်ဆိုသော်၊ သင်္ချိုင်းမီးထွန်းပွဲဟူသော အသုံးအနှုန်းသည် မှန်ကန်သော အသုံးအနှုန်း
မဟုတ်ပေ။ သန့်ရှင်းသော အမိကက်သလစ်အသင်းတော်ကြီးသည် နိုဝင်ဘာနှစ်ရက်
နေ့အား သင်္ချိုင်းမီးထွန်းပွဲအဖြစ် သတ်မှတ်ထားခြင်းမဟုတ်ဘဲ၊ သေလွန်သောသူများ၏
ဝိညာန်အတွက် အထူးတလည်ဆုတောင်းပေးရမည့်နေ့အဖြစ်သာ သတ်မှတ်ခဲ့ပေသည်။

No comments:
Post a Comment