“တစ်ခြားသူနဲ့ နှိုင်းယှဉ်ပြီးမိမိစိတ်ဓာတ်ကို ကျဆင်းအောင် မလုပ်ပါနဲ့ “


လူတိုင်းက ကုသိုလ်ကံချင်းမတူတဲ့အတွက် ကံအကျိုးပေးကလဲတူကြမှာမဟုတ်ပါဘူး။ဒါကြောင့် သူရတဲ့ကံက သူ့ကံပဲသူဘာသာသူ ဘာကြီးပဲဖြစ်နေပါစေ ဂရုစိုက်နေဖို့မလိုပါဘူးအဓိကက မိမိကံကိုကောင်းအောင် ပြုပြင်ဖို့နေထိုင်တတ်ဖို့သာ အဓိကပါပဲ။

လမ်းလျှောက်နေတဲ့သူကစက်ဘီးစီးနေတဲ့ လူကိုအားကျချင် ကျလို့ရလိမ့်မယ်ဒါပေမယ့် သွားယှဉ်နေလျှင်တော့ကိုယ်ပဲ သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်လာမှာပဲလေ။