🎯 စာရေးချင်သူများသို့
••••••••••••••••••• ✍️ ဇို(တီးတိန်)
ကမ္ဘာကျော်ဝတ္ထုရေးဆရာကြီး ဆင်ကလဲယားလူးဝိစ်(Sinclair Lewis)ဟာ တက္ကသိုလ်ကြီးတစ်ခုမှာ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ဟောပြောပေးဖို့ ဖိတ်ကြားခြင်းခံရပါတယ်။ အဲဒီမှာ တက်ရောက်သူတွေအားလုံးဟာလည်း စာပေဝါသနာကြီးမားသူတွေ ဖြစ်ကြပါတယ်။
"ခင်ဗျားတို့အထဲမှာ ဘယ်နှစ်ယောက်ကများ စာရေးဆရာ အမှန်တကယ် ဖြစ်ချင်ကြတာပါလိမ့်"ဆိုပြီး စာရေးဆရာကြီးက သူ့ဟောပြောချက်ကို စတင်လိုက်ပါတယ်။
အခန်းထဲမှာရှိတဲ့ စာသင်သားအားလုံးကလည်း အကုန်လုံး စာရေးဆရာဖြစ်ချင်ကြသူချည်းတွေဖြစ်ကြောင်း လက်ထောင်ပြကြပါတယ်။
"အဲလိုဆိုရင် ခင်ဗျားတို့ ဒီမှာ အချိန်ဖြုန်းနေကြတာ အဓိပ္ပာယ်မရှိဘူး။ အိမ်ပြန်ပြီး အခုပဲ စာရေးလိုက်ကြပါတော့"လို့ ဝတ္ထုရေးဆရာကြီးက ပြန်ပြောလိုက်ပါတယ်။
[မူရင်း။ M.K.Paul ၏ Go and Do It Now ကို ပြန်ဆိုပါသည်။]
No comments:
Post a Comment