အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

အကြင်နာစကားတစ်ခွန်

🎯 အကြင်နာစကားတစ်ခွန်း
      •••••••••••••••••••••• ✍️ ဇို(တီးတိန်)

တစ်ခါက ကမ္ဘာကျော် ရုရှားလူမျိုးစာရေးဆရာကြီး လီယိုတော်စတွိုင်း(Leo Tolstoy)ဟာ မီးရထားနဲ့ ခရီးသွားတယ်။ 


သူတောင်းစားတစ်ယောက်က သူ့ဆီလာပြီး အကူအညီတောင်းတယ်။ ဒါနဲ့ စာရေးဆရာကြီးက သူ့အိတ်ထဲ လက်နှိုက်ရှာဖွေတဲ့အခါ အကြွေတစ်ပြားမျှ မတွေ့ဘူး။ 

သူ့အိတ်ကပ်ထဲမှာလည်း ဘာမှမရှိဘူး။ သူတောင်းစားကလည်း တစ်စုံတစ်ခုကို ရလိုရငြား မျှော်လင့်ချက်နဲ့ သူ့ကို စိုက်ကြည့်နေတယ်။ 

စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ဆရာကြီးက မတ်တပ်ထရပ်လိုက်ပြီး သူတောင်းစားကို ဖက်ကာ ပြောလိုက်တယ်။
"ဝမ်းနည်းပါတယ် ညီလေးရာ။ ဆရာကြီးမှာ ဘာမှ ပေးစရာမရှိဘူးဖြစ်နေတယ်"

အဲဒီအခါမှာ သူတောင်းစားကလည်း စာရေးဆရာကြီးကို ပြန်ပြောလိုက်တယ်။
"ကျွန်တော် ဘာကိုမျှ မလိုချင်တော့ပါဘူးဆရာကြီး။ ရွှေတွေ ငွေတွေထက် ပိုပြီး အဖိုးတန်တဲ့အရာကို ဆရာကြီးက ကျွန်တော့်ကို ပေးခဲ့ပါပြီ။ ဆရာကြီးက ကျွန်တော့်ကို ရိုသေလေးစားမှု ပြခဲ့ပြီ။ အဲဒါဟာ လုံလောက်နေပါပြီ။ ဒါဟာ ဆရာကြီး‌ ပေးမယ့်ပိုက်ဆံထက် ပိုအဖိုးတန်သွားပြီ"

[မူရင်း။ M.K.Paul ၏ Be Human First ကို ပြန်ဆိုပါသည်။]

No comments:

Post a Comment