အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Wednesday, October 28, 2020

Feast ; Sts Simon and Jude (the Apostles) Oct 28 စိန့်ဆိုင်မွန်နှင့် စိန့်ဂျူဒ်

Feast ;
Sts Simon and Jude (the Apostles)
Oct 28
စိန့်ဆိုင်မွန်နှင့် စိန့်ဂျူဒ်

ဒီကနေ့ဟာတော့ တမန်တော်ကြီးများဖြစ်ကြတဲ့ စိန့်ဆိုင်မွန်နဲ့စိန့်ဂျုဒ်တို့ရဲ့ ပွဲနေ့ကို သာသနာတော်ကကျင်းပစေပါတယ်။ စိန့် ဆိုင်မွန်ကို Simon the Zealot လို့အသိများပြီး နောက်သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကိုတော့ သာသနာတော်ရဲ့ မှတ်တမ်းမှတ်ရာထဲမှာ ထင်ထင်ရှားရှားမတွေ့ရသေးပါဘူး။
စိန့်ဆိုင်မွန်ကို ``Simon Cananaeus´ လို့လည်း သိကြပါသေးတယ်။ သူဟာ လွှနဲ့အဖြတ်ခံရပြီး အသေသတ်ခံခဲ့ရတဲ့ ဓမ္မအာဇာနည်အဖြစ်ကြည်ညိုခံရတာကြောင့် ပန်းချီပန်းပုတွေမှာတော့ သူရဲ့ပုံတူကို လွှတ်တစ်လက်နဲ့ အတူထည့်သွင်းရေးဆွဲကြလေ့ရှိပါတယ်။ အီဂျစ်၊ စပိန်နဲ့ လစ်ဗျား သို့တိုင်သွားပြီး သာသနာပြုခဲ့တဲ့ တမန်တော်ကြီးလည်းဖြစ်ပါတယ်။ စိန့် ဆိုင်မွန်ဟာ စာပို့သမားတွေ လွှဆွဲသမားတွေနဲ့ သားရေနယ်သမားတွေကို မှိုင်းမတဲ့ ရဟန္တာလည်းဖြစ်ပါတယ်။
====================

စိန့်ဂျုဒ်ကိုတော့ ခရစ်တော်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူဖြစ်တယ်လို့သိရပါတယ်။ ဘာလို့ဆို စိန့်ဂျုဒ်ဟာ စိန့်ဂျိုးဇက်ရဲ့ တူတော်စပ်သူဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။
ကျမ်းရေးပုဂ္ဂိုလ် စိန့်လုကာရဲ့ ကျမ်းစာတွေမှာ စိန့်ဂျုဒ်ကို တိုက်ရိုက်ရေးသားဖော်ပြတာကိုတွေ့ရပြီး ခရစ်ဝင်ကျမ်းတွေဖြစ်တဲ့ မာတေဦးနဲ့ မာကုကျမ်းတွေမှာလည်း သူ့ကို Thaddeus ဆိုတဲ့နာမည်နဲ့ ဖော်ပြထားတာကိုတွေ့နိုင်ပါတယ်။ နောက်ဆုံးညစာစားပွဲမှာ ``ကိုယ်တော်သည် လောကီသားတို့အား မပြဘဲ တပည့်တော်တို့အား မိမိကိုယ်ကို မည်ကဲ့ သို့ ထင်ရှား ပြ တော်မူ မည်နည်း´´ မေးလျှောက်ခဲ့တဲ့ တမန်တော်ကြီးလည်းဖြစ်ပါတယ်။ Thaddeus ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ သန်မာသူလို့သိရပါတယ်။ စိန့်ဂျုဒ်မှာ အာမေးနီးယားမှာ တရားတော်အတွက် အသတ်ခံခဲ့ရပါတယ်။ အလုပ်သမားတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို မှိုင်းမတဲ့ ရဟန္တာလည်းဖြစ်ပါတယ်။
😇😇😇😇😇😇😇😇😇😇😇😇😇😇😇😇

No comments:

Post a Comment