အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ရန်သူများကို ချေမှုန်းခြင်

🎯 ရန်သူများကို ချေမှုန်းခြင်း
      ••••••••••••••••••••••• ✍️ ဇို(တီးတိန်)

"ကောင်းကင်ပြင်လောက် အဆုံးအစမရှိ ကျယ်ပြောတဲ့ ရန်သူဘယ်လောက်များများကို ငါ ချေမှုန်းနိုင်မှာလဲ"လို့ ဗုဒ္ဓဘာသာဝင်ကဗျာဆရာစန္တီ‌ဒေဝ(Santideva, the Buddhist poet)က ရေးခဲ့တယ်။
"ဒါပေမဲ့ အမုန်းတရားစိတ်အတွေးကို ဖယ်ရှားပစ်တဲ့အခါ ရန်သူအားလုံးဟာလည်း ချေမှုန်းပြီးသားဖြစ်သွားပါတယ်"တဲ့။


"သူ ငါ့ကို အလွဲသုံးစား လုပ်တယ်။ သူ ငါ့ကို ရိုက်နှက်တယ်။ သူ ငါ့ကို လိမ်တယ်။ သူ ငါ့ကို လုယက်တယ်လို့ အမြဲ တွေးနေတဲ့လူက အမုန်းတရားကို ဘယ်လိုလို့ စွန့်ပယ်နိုင်မှာလဲ"လို့ မြတ်ဗုဒ္ဓက မေးလျှောက်တော်မူတယ်။ 
"လောကမှာ အစဉ်တည်မြဲတဲ့ နိယာမတစ်ခု ရှိတယ်။ အမုန်းတရားကို အမုန်းတရားဖြင့် ဘယ်တော့မှ မရပ်တန့်နိုင်ဘူး။ အမုန်းတရားကို ချစ်ခြင်းမေတ္တာဖြင့်သာ ရပ်တန့်နိုင်ပါတယ်"တဲ့။ 

[မူရင်း။ M.K.Paul ၏ Destroying the Enemies ကို ပြန်ဆိုသည်။]

No comments:

Post a Comment