အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, October 27, 2020

တန်ဖိုး

တန်ဖိုး
*******

*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် စျေးပေါတာ မရှိဘူးလား။
*ရှိတယ်။300 တန် ရှိတယ်။


ရေခဲမုန့် ရောင်းနေတဲ့ ကောင်လေးက စိတ်မရှည်သလို ပြောလိုက်တယ်။

ရေခဲမုန့်ဝယ်တဲ့ကောင်လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတစ်ယောက်။

ငွေကြေးတတ်နိုင်တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင်ပါရဲ့။စျေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန်မ အကဲဖြတ်နေမိတယ်။

ရေခဲမုန့်ရောင်းတဲ့
ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။နောက် အရောင်းအဝယ်က တည့်သွားပါတယ်။

ကောင်လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင်လေးက စကားတခွန်းပြောတယ်။

ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက စျေးရောင်းနေရတော့ ငါကိုယ်ချင်းစာပါတယ်။

ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင်လည်း အမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါကစျေးပေါတာကြိုမေးပြီး ဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ် တခုခု ဝယ်စားပေါ့။

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့...❤

ခရစ်ဒစ် _ ငြိမ်းလဲ့။

No comments:

Post a Comment