အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

လွမ်းရပါသည် အိုအရှင်

🎯 လွမ်းရပါသည် အိုအရှင်
      •••••••••••••••••••••• ✍️ ဇို(တီးတိန်)

ဒဏ္ဍာရီပုံပြင်အရ ဇာခေဦး(Zacchaeus)ဟာ မနက်တိုင်း အိပ်ယာမှ စောစောထပြီး အိမ်ကနေ ထွက်သွားလေ့ရှိတယ်။ 


အဲဒီလို ထူးဆန်းတဲ့ သူ့အပြုအမူကို သူ့ဇနီးက အင်မတန် သိချင်နေခဲ့တယ်။ ဒါကြောင့် တစ်မနက်ခင်းမှာတော့ သူ့ယောက်ျားနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

သူ့ယောကျာ်းက ရေပုံးတစ်ပုံးကို ယူပြီး ရေတွင်းကိုသွား၊ ပုံးကို ရေဖြည့်၊ ပြီးတော့ မြို့တံခါးကနေ ထွက်ခွာသွားတာကို သူ ကြည့်နေခဲ့တယ်။ 

ဇာခေဦးဟာ သဖန်းပင်တစ်ပင်နားရောက်တော့ ရပ်လိုက်တယ်။ အဲဒီမှာ သူ့ရေပုံးကို ချထားလိုက်တယ်။ သစ်ပင်ရဲ့ ခြေရင်းမှာ စုပုံနေတဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းတယ်။ ဒါတွေ လုပ်ပြီးသွားတဲ့အခါ သစ်ပင်ရဲ့အမြစ်တွေကို ရေလောင်းတယ်။ နောက် သစ်ပင်ရဲ့ပင်စည်ကို ပွတ်သပ်ယုယတယ်။ ပြီးတော့ အံ့ဩတဲ့ပုံစံနဲ့ ရပ်ပြီး သစ်ပင်ကို ငေးမောကြည့်နေတယ်။ 

အဲဒီအချိန်မှာ သူ့ဇနီးက သူ ပုန်းကွယ်တဲ့နေရာကနေ ထွက်လာပြီး သူ့ယောက်ျားကို ဘာလုပ်နေတာလဲလို့ မေးလိုက်တယ်။ 

ဇာခေဦးကလည်း သူ့ဇနီးရဲ့မေးခွန်းကို မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။
"ဒီနေရာဟာ ခရစ်တော်ဘုရားရှင်ကို ငါ ရှာဖွေတွေ့ရှိခဲ့တဲ့နေရာပါပဲ"တဲ့။

[မူရင်း။ A.Leonard Griffith ၏ Remembering ကို ပြန်ဆိုသည်။]

No comments:

Post a Comment