🎯 သင့်အတွက် အသေခံခဲ့ပြီ
••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
အာဗရာဟမ်လင်ကွန်း(Abraham Lincoln, 1809-1865)ဟာ ဝါရှင်တန်မြို့တော်မှာ အသတ်ခံရတယ်။ သူ့ရဲ့ ရုပ်အလောင်းကို အီလီနွိုင်းပြည်နယ်၊ စပရင်းဖီးလ်မြို့ဆီ ပြန်သယ်လာခဲ့ကြတယ်။ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ကြည့်ရှုဖို့ လူတွေ တန်းစီ စောင့်ဆိုင်းနေကြတယ်။
အဲဒီလို တန်းစီနေတဲ့လူတွေထဲမှာ သူ့ရဲ့ လေးနှစ်အရွယ် သားငယ်ကလေးကို ချီပိုးနေတဲ့ လူမည်းဆင်းရဲသားအမျိုးသမီးတစ်ဦးလည်း ရှိနေပါတယ်။ သမ္မတကြီးရဲ့ ရုပ်အလောင်းနားကို သူတို့ရောက်သွားတဲ့အခါ အမျိုးသမီးက သူ့သားကို လေထဲမှာ မြှောက်တက်ပြီး ပြောလိုက်တယ်။
"သားရေ...ဒီလူကို သေချာ ကြည့်ထား။
သူဟာ သားအတွက် အသေခံခဲ့တာ"တဲ့။
[မူရင်း။ M.K.Paul ၏ He Died for You ကို ပြန်ဆိုပါသည်။]
No comments:
Post a Comment