အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

အဖ အိမ်တော်ပြန် ခရီးသို့ ငြိမ်သက်ခြင်းများနဲ့ ကြွချီလေခဲ့ ပြီ 🙏

🙏 အဖ အိမ်တော်ပြန် ခရီးသို့ ငြိမ်သက်ခြင်းများနဲ့ ကြွချီလေခဲ့ ပြီ 🙏

ဖြူစင်တဲ့ မေတ္တာ တရားတွေ နဲ့ အတူ
အေးမြချိုသာ သော အပြုံးပိုင်ရှင် တစ်ယောက်
အိမ်တော်ပြန်ခရီး သို့ ကြွချီလေပြီ 😥😥😥
သားတို့ သမီးတို့ လူငယ်တွေ အဖို့ 
ပဲ့ကိုင်ရှင် သိုးထိန်းရှင် လမ်းပြရှင် ဖြစ်ခဲ့သူ 


ကောင်းသော သိုးထိန်းရှင် 
အများရဲ့ သိုးထိန်းရှင်
ကျွန်ုပ်တို့ ရဲ့ အရှင် 
ကျွန်ုပ်တို့ ရဲ့ သခင် အသင်ပါပဲလေ......😥😥😥

လူငယ်တွေ အတွက် တက်ကြွလေသူ
လူငယ်တွေ အတွက် ပေးဆပ် လေသူ 
လူငယ်တွေ အတွက် လမ်းပြပေးခဲ့လေသူ 😥😥😥

သာသနာ့ သမိုင်း လူငယ့်သမိုင်းမှာ 
လူငယ်တွေ ရဲ့ ရင်ထဲမှာ အမြဲ အမှတ်တရ ရှိနေမယ့်သူ တစ်ဦး ပါ..... ။

🙏😥🙏

" " "ကိုယ်တော်၏ ကြီးမားလှသော မေတ္တာတော်ကြောင့် အကျွန်ုပ်သည် အိမ်တော် အတွင်းသို့ ဝင်နိုင်ပါ၏။ " " "
" " " ကျွန်ပ်သည် ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော့်အား ရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုး နိုင်ပါလိမ့်မည်။ " " " (ဆာလံ ၅: ၇)

🙏🙏😥😥😥😥🙏🙏🙏

ယနေ့ (၂၄.၁၀.၂၀၂၀) မွန်းလွဲ (၁၂: ၁၀) တွင် 
ခရစ်တော်၏ ရင်ခွင် တွင် အိပ်ပျော်သွားပါသော 

#ဆရာတော်ကြီးပေါလ်ဇိန်ထုန်ဂရောင် (ငြိမ်း)
#မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် #ဆရာတော်ကြီး အတွက် 
သတိရဆုတောင်းပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Credit to
Mandalay Catholic Youth Comission

No comments:

Post a Comment