အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

စာဖတ်ပါ..ဘာပဲဖြစ်ဖြစ် စာအရင်ဖတ်ပါ..



ငယ်ရွယ်တဲ့အချိန်...
မိဘေတွေ ထမင်းကျွေးနေတဲ့ အချိန်မှာ
ပျော်ရွှင်မှုနောက်ကို မလိုက်ပါနဲ့။

တကယ်တော့ 
အလုပ်မရှိတာ မဟုတ်ပါဘူး...
ရှိတဲ့အလုပ်ကို မလုပ်ကြတာပါ။


ဝင်ငွေရတဲ့ အလုပ်ရှိသလို
ဝင်ငွေရဖို့ နည်းလမ်းရှာရတဲ့ အလုပ်လဲရှိတယ်။
(ပညာသင်တာ၊ဗဟုသုတ ရှာတာ၊စာဖတ်တာ)

ယခုဝင်ငွေရဖို့အတွက် ဝန်ထမ်း လုပ်ဖို့ လိုသလို...
ရေရှည်မှာ ဝင်ငွေရှာနိုင်ဖို့ စာဖတ်ဖို့လိုပါတယ်။
ဗဟုသုတွေ ရှာဖို့ လိုပါတယ်။
အတွေ့အကြုံတွေ ယူဖို့လိုပါတယ်။

"စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်"
                                                  
တိုးတက်ချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဘာရမလဲ မမေးပါနဲ့...
ဘာရမလဲ သိချင်ရင် စာအရင်ဖတ်ပါ။

ဝင်ငွေများများရချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဝင်ငွေ ဘယ်လောက်ရမလဲ မမေးပါနဲ့...
ဝင်ငွေ ဘယ်လောက်ရမလဲ သိချင်ရင် စာအရင်ဖတ်ပါ။

သူတို့တွေ ဘာလို့အောင်မြင်လဲ သိချင်ရင် စာဖတ်ပါ...
စာဖတ်ရင် သူတို့လို အောင်မြင်မလား လို့မမေးပါနဲ့...
သူတို့လို အောင်မြင်ချင်ရင် စာအရင်ဖတ်ပါ။

စိတ်ဓာတ်ကျရင် စာဖတ်ပါ...
စာဖတ်ရင် စိတ္ဓာတ္က်တာ ပျောက်မလား မမေးပါနဲ့...
စိတ်ဓာတ် တက်ကြွချင်ရင် စာဖတ်ပါ။

လူငယ်တွေ အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ...
စာဖတ်ရင် အတွေးအခေါ်ကြီးလားလို့ မမေးပါနဲ့...
အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ။

တိုးတက်ချင်ရင် စာဖတ်ပါ...

ပိုက်ဆံဆိုတာ ရှာပြီးရင် ကုန်ချင် ကုန်လိမ့်မယ်...
စာဖတ်ပြီး အတွေးအခေါ်ရှာတာဟာ 
တစ်သက်လုံးမကုန်တဲ့ အရာပါ။

"ပညာရွှေအိုး ၊ လူမခိုး" တဲ့...

သင်ထားတဲ့ ပညာတွေ
ရှာထားတဲ့ ပညာတွေကို ဘယ်သူမွ ခိုးလို့မရပါဘူး။

အပျော်နောက်ကို မလိုက်ပါနဲ့။

မမြင်ရတဲ့ အနာဂါတ္ကို ရင်ဆိုင်ဖို့...
ပညာတွေ၊ဗဟုသုတတွေ၊အတွေ့အကြုံတွေနဲ့ 
အလှဆင်ထားပါ.....
 Credit...
မူရင်းရေးသားသူအား လေးစားပါတရ်

No comments:

Post a Comment