အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

လဲကျတိုင်း အရှုံးမပေးပဲ ပြန်ထလိုက်ပါ

လဲကျတိုင်း အရှုံးမပေးပဲ ပြန်ထလိုက်ပါ
💪💪💪💪💪💪💪💪💪💪💪💪💪

ကိုယ့်ထူးကိုယ်ချွန် ကြိုးစားရုန်းကန်နေရတဲ့
သူတွေအတွက် သင့်ဘဝကို အကောင်းဆုံး
ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။



အောင်မြင်ချင်တယ်ဆိုရင် သင့်ကို အသိအလိမ္မာ
တိုးစေမယ့် စာပေတွေ၊ခွန်အားရှိစေမယ့် စာပေတွေ
ဘဝလမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာပေတွေကို
သင် အားတဲ့အချိန် အချိန်ပေးပြီး အမြဲဖတ်ပါ။

အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုရဲ့ လက်တစ်ကမ်းမှာပဲ
ရှိတာပါ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်
ကြုံရတဲ့အခါ လုံးဝဘအလျှော့မပေးလိုက်ပါနဲ့
အရှုံးဆိုတာ ခဏလေးပါပဲ။

ဒီတစ်ခါ သင်ကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေ
ရောက်လာတော့မှာ ဖြစ်တာကြောင့် စိတ်လျှော့ဖို့၊
အရှုံးပေးဖို့ လုံးဝ မစဉ်းစားလိုက်ပါနဲ့
ဘာလို့လဲဆိုတော့ ခဲလေသမျှ သဲရေကျ
ဖြစ်သွားမှာစိုးလို့ပါ။

ခါးသီးမှုတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေက
လှပတဲ့ လမ်းတွေကို ဦးတည်သွားလေ့ရှိတယ်တဲ့
ဘဝမှာ ခါးသီးမှုတွေနဲ့ အဆိုးတွေ ရင်ဆိုင်ကြုံတွေ့ရမှာ
အဲ့ဒီလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းဟာ
အကောင်းတစ်ခုခု အမြဲဒွန်တွဲလျှက် ရှိပါတယ်။

အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခု
ရစေသလို ခံနိုင်ရည် စွမ်းအားကိုလည်း 
ပိုမြင့်တက်လာစေပါတယ် ပြီးတော့ သင့်ဘဝဟာ
ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ သင့်ထက်
ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။

သင့်ဘဝမှာ အကြိမ်ကြိမ် လဲကျဖူးမှာပါ စိတ်မပျက်ပါနဲ့
မလဲကျဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

အောင်မြင်တဲ့သူတွေဟာ အကြိမ်ကြိမ် လဲကျဖူးလို့
ပြန်ထပြီး ကြိုးစားခဲ့လို့ ထိပ်ဆုံးကို ရောက်နေကြတာပါ။

သူတို့အားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊
အထုအထောင်းတွေကို လှိမ့်နေအောင် ခံရပြီးမှ
အဲဒီလို နေရာကို ရောက်သွားကြတာပါ။

လဲကျတိုင်းသာ သူတို့ ပြန်မထခဲ့ဘူးဆိုရင်
အဲဒီလို နေရာမှာ ရောက်မှာမဟုတ်ဘူးဆိုတာ
သင်သိမှာပါ ဒါကြောင့်...
လဲကျတိုင်း အရှုံးမပေးပဲ ပြန်ထလိုက်ပါ။

Crd : စိုးနိူင်မင်း သူ့ဘဝ စာအုပ်လေး 📖

( ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါကြောင်း... )

#Zon

No comments:

Post a Comment