🎯 မရဏနှင့် လောဘ
••••••••••••••••• ✍️ ဇို(တီးတိန်)
မရဏနဲ့ လောဘက လူတွေ မြစ်ထဲမှာ စိန်တွေ ရှာတွေ့ဖို့ အသည်းအသန် အလုပ်လုပ်နေကြတာကို စောင့်ကြည့်ခဲ့ကြတယ်။ "ဝိညာဉ်တချို့ နှုတ်ယူသွားသွားဖို့ ငါ ဒီနေရာကို ရောက်လာတာ"လို့ မရဏက ပြောလိုက်တယ်။ "ငါ့ကို ဒီလူတွေထဲက သုံးပုံတစ်ပုံ ပေးပါ။ ငါ ထွက်သွားပေးပါ့မယ်"တဲ့။
"သူတို့တွေဟာ ငါ ပိုင်ဆိုင်တဲ့ ကျေးကျွန်တွေပါ။ မင်းဆီကို ငါ ပေးစရာ ဘာမှ မရှိဘူး"လို့ လောဘက ပြန်ဖြေတယ်။
ဒါနဲ့ မရဏကလည်း သူ့ရဲ့ပဉ္စလက်တောင်ဝှေးနဲ့ ရေကို တို့ထိလိုက်ပြီး အဆိပ်သင့်စေလိုက်တယ်။ အဲဒီမှာရှိတဲ့လူတွေအားလုံးဟာ တဖြည်းဖြည်းနဲ့ စပြီး သေဆုံးလာကြတယ်။
"ဘာလို့ ငါ့ကျေးကျွန်တွေအားလုံး လုယူသွားတာလဲ"လို့ လောဘက စိတ်ဆိုးမာန်ဆိုးနဲ့ အော်ငေါက်ပစ်လိုက်ပါတယ်။
မရဏကလည်း ပြန်ဖြေလိုက်တယ်။
"ဘာ့ကြောင့်လဲဆိုတော့ မင်း ငါ့ကို တစ်ယောက်မှ မပေးချင်လို့ပဲ"တဲ့။
[မူရင်း။ M.K.Paul ၏ Death and Greed ကို ပြန်ဆိုပါသည်။]
No comments:
Post a Comment