“တစ်ခြားသူနဲ့ နှိုင်းယှဉ်ပြီးမိမိစိတ်ဓာတ်ကို ကျဆင်းအောင် မလုပ်ပါနဲ့
“တစ်ခြားသူနဲ့ နှိုင်းယှဉ်ပြီးမိမိစိတ်ဓာတ်ကို ကျဆင်းအောင် မလုပ်ပါနဲ့ “
လူတိုင်းက ကုသိုလ်ကံချင်းမတူတဲ့အတွက် ကံအကျိုးပေးကလဲတူကြမှာမဟုတ်ပါဘူး။ဒါကြောင့် သူရတဲ့ကံက သူ့ကံပဲသူဘာသာသူ ဘာကြီးပဲဖြစ်နေပါစေ ဂရုစိုက်နေဖို့မလိုပါဘူးအဓိကက မိမိကံကိုကောင်းအောင် ပြုပြင်ဖို့နေထိုင်တတ်ဖို့သာ အဓိကပါပဲ။
လမ်းလျှောက်နေတဲ့သူကစက်ဘီးစီးနေတဲ့ လူကိုအားကျချင် ကျလို့ရလိမ့်မယ်ဒါပေမယ့် သွားယှဉ်နေလျှင်တော့ကိုယ်ပဲ သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်လာမှာပဲလေ။
ဒီလိုပဲ စက်ဘီးစီးနေတဲ့ သူကဆိုင်ကယ်စီးနေတဲ့ သူကိုအားကျခွင့်ရှိတယ်…ဆိုင်ကယ်စီးနေတဲ့ သူကကားစီးနေတဲ့သူကို
အားကျလို့ရတယ်…ကားစီးနေတဲ့သူကလေယာဉ်စီးနိူင်တဲ့လူကိုအားကျခွင့်ရှိတယ် ဒါပေမယ့်ကိုယ်မရနိူင်သေးတဲ့ အရာတွေကိုရယူလိုစိတ်တစ်ခုတည်းနဲ့သူများနဲ့ နှိုင်းယှဉ်နေလို့မရဘူးလေ
သူကသူ ကိုယ်ကကိုယ်ပဲမို့မတူညီနိူင်ဘူး ဆိုတာလေးကသတိကပ်နေဖို့လိုပါတယ်။
သူ့လိုနေနိုူင်အောင်လို့အတုယူကြိုးစားလို့ရပါတယ်ဒါပေမယ့် သူနဲ့ငါကမတူပါလား ဆိုတဲ့အတွေးနဲ့အားငယ်စိတ်၊သိမ်ငယ်စိတ်တွေနဲ့ကိုယ့်စိတ်ဓာတ်ကို မရိုက်ချိုးလိုက်ပါနဲ့။
မဆုတ်မနစ် ကြိုးစားခြင်းရဲ့နောက်ဆုံးရလဒ်ကအောင်မြင်ခြင်းတဲ့ အဲ့ဒီလိုအောင်မြင်ဖို့အတွက် သူများနဲ့မတူတဲ့
ကြိုးစားအားထုတ်မှုလေးတော့လိုတာပေါ့ MayHsu(ရာမညမြေ)
ဒါကြောင့် သူရတဲ့ကံက သူ့ကံပဲသဘာသာသူ ဘာကြီးပဲဖြစ်နေပါစေ ဂရုစိုက်နေဖို့မလိုပါဘူးအဓိကက မိမိကံကိုကောင်းအောင် ပြုပြင်ဖို့နေထိုင်တတ်ဖို့သာအဓိကပါပဲ။
အားကျလို့ရတယ်ကားစီးနေတဲ့သူကလေယာဉ်စီးနိုင်တဲ့လူကိုအားကျခွင့်ရှိတယ်ဒါပေမယ့်ကိုယ်မရနိုင်သေးတဲ့ အရာတွေကိုရယူလိုစိတ်တစ်ခုတည်းနဲ့သူများနဲ့ နှိုင်းယှဉ်နေလို့မရဘူးလေသူကသူ ကိုယ်ကကိုယ်ပဲမို့မတူညီနိုင်ဘူး ဆိုတာလေးကသတိကပ်နေဖို့လိုပါတယ်။
MayHsu(ရာမညမြေ)
No comments:
Post a Comment