အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

(၃၀)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့။ Oct/25/



ပထမကျမ်း။                                                                           
မုဆိုးမနှင့် မိဘမဲ့များအား စော်ကားလျှင် ငါ၏အမျက်
တော်သည် သင်တို့အပေါ်သို့ရောက်လိမ့်မည်။
ထွက်မြောက်ရာကျမ်း။ ၂၂:၂၁-၂၇။


၂၁။သ္ခင်ဘုရားသည် ဤသို့အမိန့်တော်ရှိသည်။ သင်
သည် သူစိမ်းတို့ကိုမနှောင့်ယှက်၊ မဖိနှိပ်၊ မညှဉ်းဆဲနှင့်။ အကြောင်းမူကား သင်တို့ကိုယ်တိုင် အီဂျစ်ပြည်၌သူစိမ်းဖြစ်ခဲ့ကြရ၏။ 

၂၂။မုဆိုးမနှင့်မိဘမဲ့တို့ကို မထိခိုက်ကြလေနှင့်။ 

၂၃။သင်တို့သည် သူတို့အား ထိခိုက်ကြလျှင် 
သူတို့သည် ငါထံသို့အော်ဟစ်ကြလိမ့်မည်။ ငါသည်
လည်း သူတို့၏အော်သံကိုနားညောင်းမည်။

၂၄။ငါသည် အမျက်ပြင်းစွာထွက်၍ သင်တို့ကို ဓါးဖြင့်ကွပ်မျက်မည်။ သင်တို့မယားတို့သည် မုဆိုးမများဖြစ်ကြ၍ သင်တို့၏ သားသမီးတို့သည် မိဘမဲ့များဖြစ်ကြလိမ့်မည်။ 

၂၅။သင်သည် သင်နှင့်အတူနေသော ဆင်းရဲသားငါ့လူမျိုးအား ငွေချေးငှါးလျှင် သူအားကြွေးရှင်ကဲ့သို့မပြုနှင့်၊ သူထံမှအတိုးကိုမတောင်းရ။ 

၂၆။သင်သည် သင်၏အိမ်နားနီးချင်းထံမှခြုံထည်ကို အပေါင်းခံပစ္စည်းအဖြစ်ယူထားခဲ့သော် နေမဝင်မီသူ့အား ပြန်ပေးလော့။ 

၂၇။သူ၏ကိုယ်ခန္ဓာကို ဖုံးလွှမ်းရန် ဤခြုံထည်တစ်ခုတည်းသာ ရှိ၍ အိပ်သောအခါအသုံးပြုရန်အခြားခြုံထည်မရှိ။ သူသည် လည်းငါ့ထံသို့အော်ဟစ်လျှင် သူ့ကိုငါနားညောင်းမည်၊ အကြောင်း မူကား ငါသည် ကရုဏာရှင်ဖြစ်တော်မူ၏။ 

ဤသည်ကားဘုရားသခင်၏နုတ်ကပါဌ်တော်ပေတည်း။                           

ဆာလံ-သံပြိုင်။ 
အိုသ္ခင် ကိုယ်တော်သည် ကျွန်ုပ်၏ခွန်အားဖြင့်တော်မူ
၏။ ကိုယ်တော်အား ကျွန်ုပ်ချစ်မြတ်နိုးပါမည်။ 
ဆာလံ။ ၁၈:၂-၄၊၄၇။              

၂ ကိုယ်တော် သည် အကျွန်ုပ် ကို ကာကွယ် တော်မူ သောကျောက်ဆောင်၊ အကျွန်ုပ် ၏ ခိုင်ခံ့သောခံတပ် နှင့် အကျွန်ုပ် ၏ ကယ်တင်ရှင် ဖြစ် တော်မူ ပါ ၏။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ် ၏ ကျောက်ဆောင်ဖြစ် တော်မူ သော ကိုယ်တော့်ကို အကျွန်ုပ် ခိုလှုံအားကိုးပါ ၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဒိုင်းလွှား၊ အကျွန်ုပ် ၏ ကယ်တင် ခြင်း ဦးချို နှင့် အကျွန်ုပ် ၏ ရဲတိုက် ဖြစ် တော်မူ ပါ ၏။

၃။  ချီးမွမ်း ခြင်း ကိုခံထိုက်သော ထာဝရ ဘုရားသခင် ကို အကျွန်ုပ် ခေါ် တ သော အခါ ကိုယ်တော် သည် အကျွန်ုပ် ကို ရန် သူတို့ ၏ လက်မှကယ်တင် တော်မူ ၏။

၄။  သေ ခြင်း ၏ နှောင်ကြိုးတို့ သည် ငါ့ကိုဝိုင်းရံထား ၍ ပျက်စီး ခြင်း ၏ ရေလှိုင်းလုံး များ သည် ငါ့ကိုဖုံးလွှမ်းကြ ၏။

၄၇။  ကိုယ်တော် သည် အကျွန်ုပ် အတွက် တရားမျှတစွာ စီရင် ၍ လူမျိုးတကာ တို့ ကို အကျွန်ုပ် ၏ လက်အောက်ခံ ဖြစ်စေ တော်မူ ၏။

ဒုတိယကျမ်း။                                                                           
ဘုရားသ္ခင်ကို ကိုးကွယ်ရန်နှင့် ကိုယ်တော်၏သားတော်ကိုစောင့်မျှော်ရန် သင်တို့သည် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကို စွန့်ပစ်ခဲ့ကြပြီ။ 
ပ၊ သက်ဆာလောနိက။ ၁:၅-၁၀။

၅ဂ။ငါတို့သည် သင်တို့အလယ်၌ သင်တို့၏အကျိုးအ
တွက် မည်ကဲ့သို့ပြုမူကျင့်ကြံခဲ့ကြသည်ကို သင်တို့သိ
ကွ၏။

 ၆။သင်တို့သည်လည်း ငါတို့နှင့်သ္ခင်ဘုရားကို အတုယူခဲ့ကြသောသူများဖြစ်ကြ၏။ အကြောင်းမူကား 
သင်တို့၌ဆင်းရဲ ဒုက္ခများစွာရှိသော်လည်း သင်တို့သည် နှုတ်တော်ထွက်စကားကို ဝိညာဉ်တော်မြတ်ကလှုံ့ဆော်ပေးတော်မူသော ဝမ်းမြောက်စိတ်ဖြင့်ခံယူခဲ့ကြ၏။ 

၇။ဤသို့ဖြင့် သင်တို့သည် မာစီဒိုးနိယပြည်နှင့် အာခါ
ယာပြည်တို့၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက် 
စံနမူနာဖြစ်ခဲ့ကြ၏။ 

၈။အကြောင်းမူကား ဘုရားသ္ခင်၏နှုတ်တော်ထွက်စကားသည် သင်တို့ထံမှနေ၍ မာစီဒိုးနိယပြည်နှင့်အာခါယာပြည်တို့တွင် ပဲ့တင်ထပ်သွားသည်သာမက ဘုရားသ္ခင်ကို သင်တို့ယုံကြည်သည့်သတင်းသည် အရပ်ရပ်သို့ပျံ့နှံ့ သွားသဖြင့် ငါတို့ပြောစရာပင် မလိုအပ်တော့ပေ။ 

၉။အကြောင်းမူကား ငါတို့သည် သင်တို့အလယ်၌ရှိခဲ့ကြစဉ် ငါတို့အား သင်တို့မည်ကဲ့သို့လက်ခံကြိုဆိုခဲ့ကြသည်ကိုလည်းကောင်း၊ သင်တို့သည် ရုပ်တုများကိုစွန့်ပြီး အသက်ရှင်၍ စစ်မှန်သောဘုရားသ္ခင်ကို အစေခံရန်နှင့်၊ 

၁၀။ကောင်းကင်ဘုံ၌ရှိသော ကိုယ်တော်၏သားတော်ကြွလာတော်မူမည်ကိုစောင့်မျှော်ရန် ကိုယ်တော့်ထံပါးသို့ ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင် ငါတို့အား ပြောကြားကြ၏။ ထိုသားတော်သည်ကား သေသူတို့အစုမှ ဘုရားသ္ခင်ထမြောက်စေတော်မူသော ယေဇူးပင်ဖြစ်သတည်း။ ထိုသ္ခင်သည် ကျရောက်လတ္တံ့သောအမျက်တော်မှ ငါတို့ကို ကယ်တင်တော်မူခဲ့၏။

ဤသည်ကားဘုရားသခင်၏နုတ်ကပါဌ်တော်ပေတည်း။                          

ကြွေးကြော်သံ။
အာလေလူယား။ အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏
စကားကိုစောင့်ရှောက်လိမ့်မည်။ ငါ၏ခမည်းတော်
သည်လည်း ထိုသူကိုချစ်လိမ့်မည်။ ထိုသူဆီသို့လည်း 
ငါတို့လာကြ၍ သူ၌ငါတို့တည်နေရာကိုပြုကြမည်။ 
အာလေလူယား။ 
ရှင်ယောဟန်။ ၁၄:၂၃။

ဧဝံဂေလိကျမ်း                                                                      
သင်၏အရှင်ဘုရားသ္ခင်ကို ချစ်လော့။ သင်နှင့်နီးစပ်
သောသူကို သင့်ကိုယ်ကဲ့သို့ချစ်လော့။ 
(ရှင်မာတေးဦး။ ၂၂:၃၄-၄၀။ 

၃၄။ယေဇူးသည် ဇာဒူခေးဦးတို့မချေပနိုင်အောင် ဤသို့ဖြေကြားတော်မူသည်ကို ဖာရီဇေးဦးတို့ကြားလျှင် အထံတော်သို့စုဝေးလာကြ၏။ 

၃၅။၎င်းတို့အထဲမှ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ကို စမ်းသပ်လိုသဖြင့်၊ 

၃၆။ဆရာသ္ခင်၊ ပညတ်တရားကျမ်း၌ အဘယ်ပညတ်
သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။ 

၃၇။ကိုယ်တော်ကလည်း သင်၏အရှင်ထာဝရဘုရားသ္ခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ 

၃၈။ဤသည်ကား အကြီးမြတ်ဆုံးနှင့် ပထမပညတ်ဖြစ်၏။ 

၃၉။ဒုတိယပညတ်သည်ကား ပထမပညတ်နည်းတူဖြစ်၍ သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟုလာ၏။ 

၄၀။ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းရှိသမျှတို့သည် ဤပညတ်နှစ်ပါးအပေါ် တွင် အခြေခံသည်ဟု သူ့အားမိန့်တော်မူ၏။ 

ဤသည်ကားခရစ္စတူးသခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း။
အို..ခရစ်တော်သခင်ကိုယ်တော်ရှင်အားချီးမွမ်းထောမနာရှိပါစေ။ အာမင်။

No comments:

Post a Comment