🎯 ကျေးဇူးတင်စကားတစ်ခွန်း
••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
မဟတ္တမဂန္ဒီ(Mahatma Gandhi)ဟာ ပထမဆုံးအကြိမ် တောင်အာဖရိကကို ခရီးသွားခဲ့စဥ်တုန်းက ဒုတိယတန်းစား စားသောက်ဆိုင်တစ်ခုမှာ နေ့လယ်စာ သုံးဆောင်ခဲ့တယ်။ ကျသင့်ငွေ ရှင်းပြီးသွားတဲ့အခါ စားပွဲထိုးသမားကို ဂန္ဒီက ပြောလိုက်ပါတယ်။
"ခင်ဗျားရဲ့ ကြင်နာဖော်ရွေတဲ့ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ"
စားပွဲထိုးသမားကလည်း ပြန်ပြောလိုက်ပါတယ်။
"ဆရာကြီးရေ...ဆရာကြီးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး။ ဒီစားသောက်ဆိုင်မှာ ကျွန်တော် စားပွဲထိုးအလုပ် လုပ်လာခဲ့တာ ၂၅ နှစ်တောင် ရှိနေပြီ။ ဒါပေမဲ့ တစ်စုံတစ်ဦးထံမှ ကျေးဇူးတင်စကားတစ်ခွန်းတောင် ကျွန်တော် မကြားခဲ့ဖူးပါဘူးဗျာ"တဲ့။
[မူရင်း။ M.K.Paul ၏ A Word of Thanks ကို ပြန်ဆိုသည်။]
No comments:
Post a Comment