အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Sunday, October 25, 2020

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး။


လူဆိုတာ
အပေါင်းအသင်း နဲ့ ပတ်ဝန်းကျင်
သိပ်အရေးကြီးပါတယ်။

အပျော်အပါး ဝါသနာပါသူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
အပျော်အပါးဖက် စိတ်ရောက်မယ်။

လောင်းကစား ဝါသနာပါသူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
လောင်းကစားဖက် စိတ်ရောက်မယ်။

စကားပြောကြမ်းတမ်းသူနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်း
စကားပြောကြမ်းတမ်းမယ်။

သီလကို အလေးမထား
သိက္ခာကို အလေးမထား သူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
သီလလုံဖို့ သိက္ခာရှိဖို့ရာ 
တော်တော်ခက်မယ်။

အစားအသောက်လွန်ကျူးသူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
အစားအသောက်လျှော့ဖို့ မလွယ်ဘူး။

အဝတ်အစား အလှအပခုံမင်သူတွေနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
အဝတ်အစား အလှအပ ကြိုက်မယ်။

ဒါကြောင့်မို့
အပေါင်းအသင်း နဲ့ ပတ်ဝန်းကျင်
အရေးကြီးလှပါတယ်။
ပရဟိတအကျိုးလုပ်တဲ့သူနဲ့
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
ပရဟိတအလုပ်တွေ လုပ်မှာပဲ။♥
တရားဓမ္မလိုက်စားသူနဲ့တွေ့ရင်
ပေါင်းသင်းမိရင် ကိုယ်လည်းပဲ
တရားဓမ္မလိုက်စားမှာသေချာတယ်။♥

ခင်မင်သူမိတ်ဆွေအပေါင်းအသင်းတို့
အပေါင်းအသင်းကြောင့် ဂုဏ်တတ်သလို့
အပေါင်းအသင်းကြောင့် ဂုဏ်သိက္ခာကျ
တတ်ပါတယ်။♥

ထို့ကြောင့် -
အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်
ကောင်းအောင်ရွေးချယ်နိုင်ကြပါစေ။♥

ခင်မင်မှုပေါင်းများစွာဖြင့်♥

#Credit Dr Shwe Tun

No comments:

Post a Comment