အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, October 27, 2020

ခေါင်းဆောင်တွေရဲ့ အကောင်းဆုံးမိတ်ဆွေ

ခေါင်းဆောင်တွေရဲ့ အကောင်းဆုံးမိတ်ဆွေ
__________________________________

🏵 ခေါင်းဆောင်လို့ပြောရင် နိုင်ငံခေါင်းဆောင်၊ လုပ်ငန်းဌာန အကြီးအကဲ၊ ကုမဏ္ဏီက CEO တွေ အားလုံးပါဝင်ကြတယ်။


🏵 ခေါင်းဆောင်ဆိုတဲ့ စကားလုံးကိုကြားရင် လူတွေက စီမံခန့်ခွဲမှု့ ၊ စီးပွားရေး၊ စည်းရုံးရေး စတဲ့ အရည်အချင်းတွေကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ကောင်းတွေမှာ လူတွေ သတိမထားမိကြတဲ့ အရည်အချင်းတစ်ခုရှိပါတယ်။ အဲဒါက ခေါင်းဆောင်းကောင်းတွေဟာ စာအလွန်ဖတ်ကြသူများ ဖြစ်ကြပါတယ်။ နိုင်ငံခေါင်းဆောင် ဝင်စတန်ချာချီ၊ အိုဘားမားက စလို့ ဝါရင်ဘတ်ဖတ်၊ ဘီလ်ဂိတ်၊ ဇူကာဘတ် စတဲ့ စီးပွားရေး ခေါင်းဆောင်တွေ အားလုံးဟာ စာအလွန်ဖတ်ကြတယ်။ သူတို့ ဘာကြောင့် စာတွေဖတ်ကြတာလဲ၊ စာဖတ်လို့ သူတို့ ဘာအကျိုးတွေ ရကြသလဲဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။

၁။ ပညာသင်ယူခြင်း~~~

~ လူဆိုတာ မွေးကတည်းက သေတဲ့အထိ ပညာသင်နေရပါတယ်။ 
~ပညာမသင်တော့တဲ့ လူတစ်ယောက်ဟာ အသက်ရှင်လျက် သေနေသူပါ။ 
~လူကသာ အသက်ရှင်နေပေမယ့် စဉ်းစားတွေခေါ်တဲ့ ဦးနှောက်ကအလုပ်မလုပ်တာ ကြာတော့ သေလိုဖြစ်သွားပါတယ်။ 
~ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စီမံခန့်ခွဲမှု့ ၊ ခေါင်းဆောင်မှု၊ လူထုကို စကားပြော အတတ်ပညာတွေမှာ တိုးတက်ချင်ကြတယ်။ 
~ဒါပေမယ့် သူတို့ဟာ အလုပ်များလွန်းကြလို့ ပညာဆက်သင်ယူဖို့ တက္ကသိုလ် သင်တန်းတွေကို တက်ဖို့ အချိန်မရကြဘူး။ 
~ဒီတော့ တစ်နေ့ကို နာရီအနည်းငယ် အချိန်ပေးပြီး စာအုပ်တွေ ဖတ်ကြတယ်။ 
~စာအုပ်တွေထဲကနေ ပညာယူကြတယ်။ 
~စာအုပ်ထဲကနေ တိုးတက်မှုကို ရှာကြတယ်။ 
~စာအုပ်ထဲကနေ သူများတွေရဲ့ အတွေ့အကြုံတွေကို ဖတ်ပြီး သင်ယူကြတယ်။

၂။ တီထွင်ကြံစလာတတ်ခြင်း~~~

~ ယနေ့ခေတ် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး တီထွင်ပညာရှင်တွေ ဖြစ်နေကြတဲ့ ဘီလ်ဂိတ်၊ ဇူကာဘတ်၊ စတိဗ်ဂျော့(ကွယ်လွန်)၊ အီလွန်မတ်စ်ခ် တို့ရဲ့ အကြောင်းတွေကို ဖတ်ကြည့်ရင် သူတို့ဟာ စာအလွန်ဖတ်ကြတယ်။ 
~သူတို့ထဲက အများစုဟာ စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေ၊ ဂန္တဝင်ဝတ္ထုတွေ ဖတ်ရင်း ခေါင်းထဲမှာ ပေါ်လာကြတာပါလို့ ပြောပြကြပါတယ်။

၃။ အတွေးအခေါ်သစ်တွေ ရလာခြင်း~~~

~ စာအုပ်ဖတ်တယ်ဆိုတာ စာရေးသူ တင်ပြတဲ့ အတွေးအခေါ်  ခံစားချက်တွေကို ဖတ်ရင်း မိမိထက် ပိုကောင်းတဲ့ အတွေးအခေါ်သစ်ကို သိလာတယ်။ 
~မိမိ သဘောမတူတဲ့ အတွေးအခေါ်တွေကိုလည်း သိလာတယ်။ 
~ဒါဟာ ခေါင်းဆောင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြဿနာတစ်ခုကို ဘက်စုံရှုထောင့်မှ ရှုမြင်တတ်ခြင်း၊ သဘောထားချင်း မတိုက်ဆိုင်သူတွေ ပြောတာကို နားထောင်တတ်လာခြင်း စတဲ့ အရည်အချင်းကို ရလာပါတယ်။ 

၄။ စိတ်ဖိစီးမှု လျော့ကျခြင်း~~~

~ ယနေ့ခေတ် လူတွေမှာ စိတ်ဖိတ်စီးမှု ပိုများလာကြပါတယ်။ စားဝတ်နေရေး၊ လူမှုရေး စတာတွေနဲ့ ပူပန်သောကရောက်နေကြတယ်။ 
~နိုင်ငံတစ်ခု၊ ဒါမှမဟုတ် ဌာနတစ်ခု၊ ဒါမှမဟုတ် ဝန်ထမ်းတွေကို တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီး ဖိအားများကြပါတယ်။ 
~သူတို့ အဲဒီဖိအားတွေကို ဘယ်လို ဖြေဖျောက်ကြသလဲ။ 
~အရက်ဘားဆိုင်၊ ဒစ်စ်ကိုကလပ် သွားပြီး စိတ်ဖိအားကို ဖြေဖျောက်ဖို့လည်း ခေါင်းဆောင်အတွက် အမြင်မတော်ပါဘူး။ 
~ဒီတော့ သူတို့ စာအုပ်ဖတ်ကြတယ်။ 
~သူတို့ စာအုပ်ဖတ်ရင်းနဲ့ ဖတ်နေတဲ့ အကြောင်းအရာမှာ စိတ်ဝင်စားနေရင် သူတို့ဟာ တခြားကမ္ဘာတစ်ခုထဲကို  ရောက်နေသလို ခံစားကြရပြီး သူတို့ခံစားနေရတဲ့ စိတ်ဖိစီးမှုကို မေ့သွားတတ်တယ်။ 
~စိတ်ဖိစီးမှု လျော့ကျသွားပါတယ်။

     စာဖတ်ခြင်းအကျိုးတွေထဲက တချို့ကိုသာ ဖော်ပြလိုက်ခြင်းပါ။ သင် ခေါင်းဆောင်ဖြစ်ချင်သလား။ စာဖတ်ပါ။ စာတွေ အများကြီးဖတ်ပါ။ ဘာကြောင့်လဲ.....။ စာဖတ်ခြင်းဟာ ခေါင်းဆောင်တွေရဲ့ မိတ်ဆွေကောင်း ဖြစ်လို့ပါ။ 

ဗန်းမော် သိန်းဖေ
မျှဝေလိုသော အတွေးများ( ၃ ) ဆိုတဲ့စာအုပ်ထဲမှာမှ  ခေါင်းဆောင်တွေရဲ့ အကောင်းဆုံးမိတ်ဆွေ ဆိုတဲ့ စာပေလေးကို မေတ္တာဖြင့် မျှဝေပေးခြင်းဖြစ်တယ် 

Credit

လေးစားစွာဖြင့်
ခွန်အားသစ်(စာပေချစ်သူ)

No comments:

Post a Comment