🎯 ချစ်သောဆရာသို့ လေးစားစွာ
•••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)
သမီးကတော့ ဒီလိုဆရာမျိုးကို ကြိုက်နှစ်သက်တယ်ရှင့်။
- အလုပ်ကြိုးစားတဲ့ဆရာ(ရှင်ယောဟန် ၅:၁၇)
- အားပေးစကားပြောတတ်တဲ့ဆရာ(ရှင်မဿဲ ၈:၁၀)
- သီချင်းဆိုတတ်တဲ့ဆရာ(ရှင်မာကု ၁၄:၂၆)
- ခက်ခဲတဲ့မေးခွန်းတွေအတွက် ကောင်းမွန်တဲ့အဖြေများကို ပေးတတ်တဲ့ဆရာ(ရှင်မာကု ၁၂:၄၃ - ၄၄)
- အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြပြောဆိုတတ်တဲ့ဆရာ(၁၆:၁၅)
- ဘက်လိုက်မှုမရှိတဲ့ဆရာ(ရှင်လုကာ ၇:၃၄ - ၃၅)
- ငိုရမှာကို မကြောက်တတ်တဲ့ဆရာ(ရှင်ယောဟန် ၁၁:၃၅)
- ကြောက်ရွံ့နေစရာမလိုတဲ့ဆရာ(ရှင်မဿဲ ၉:၂၆)
- အကဲစမ်းစိန်ခေါ်တတ်တဲ့ဆရာ(ရှင်မဿဲ ၅:၄၈)
- ကလေးတွေကို ကြိုက်နှစ်သက်တဲ့ဆရာ(ရှင်မဿဲ ၁၈:၁ - ၅)
- ကတိတည်တဲ့ဆရာ(ရှင်လုကာ ၁၇:၆)
- ချိန်ခါမရွေး မျှဝေခံစားတတ်တဲ့ဆရာ(ရှင်လုကာ ၂၄:၄၁ - ၄၃)
- စကားစမြည်ပြောဖို့ မျှော်လင့်နေတတ်တဲ့ဆရာ(ရှင်မာကု ၁၆:၁၂)
- ဘယ်တော့မှ မေ့ပျောက်တော့မယ်မဟုတ်တဲ့ သူ့ရဲ့ သင်ကြားပြသခြင်း(ရှင်မာကု ၁၄:၃၁)
- အကူအညီပေးဖို့ အမြဲအဆင်သင့်ရှိနေတတ်တဲ့ဆရာ(ရှင်လုကာ ၇:၃၄ - ၃၅)
- မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်းပေးတတ်တဲ့ဆရာ(ရှင်မာကု ၁၄:၄၉)
[မူရင်း။။ Sr Domenique Coles, SSpS ၏ I'd Like a Teacher ကို ပြန်ဆိုပါသည်။]
No comments:
Post a Comment