တရားထိုင်ခြင်း(Meditation)သည် ကောင်းတဲ့အလုပ်တစ်ခုဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါလိမ့်မည်။
တိုးတက်သည့်အနောက်နိုင်ငံမှာRespiration နှင့် Relaxationကိုသီးသန့်အချိန်ယူပြီးလေ့ကျင့်ကြ၏။
တရားထိုင်သည်ဟုဆိုရာ၌ အဆင့်ဆင့်ရှိ၏။ စာရေးသူသည် အလွမ်းကူဆုံးနှင့် အကျိုးအရှိဆုံးဖြစ်သည့် အသက်ရှူခြင်း(ဝင်လေ၊ထွက်လေ)ကိုပိုကျင့်ဖြစ်သည်။
သိပ္ပံနည်းကျ လေ့လာမှုအရ တရားထိုင်ခြင်းဟာ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး အများကြီးပေးနိုင်တယ် ဆိုတာကိုလေ့လာတွေ့ရှိထားပါတယ်။တရားထိုင်ခြင်းသည်မြန်မာနိုင်ငံသားများအတွက် အစိမ်းသက်သက်တော့မဟုတ်ပါချေ။
ကမ္မဌာန်းထိုင်ခြင်း၊တရားထိုင်ခြင်း၊သမထထိုင်ခြင်းတို့သည် ပစ္စုပ္ပန်လက်ရှိ၌များစွာအကျိုးထူးစေ၏။
👉စိတ်ငြိမ်လာစေမည်။
👉လေဝင်လေထွက်ကောင်းလာစေမည်။
👉သတိနှင့်အသိ ယှဉ်တွဲလာနိုင်မည်။
တရားထိုင်သည့်အချိန်တွင်ခန္ဒာကိုယ်တစ်ခုလုံးပြောင်းလဲမှုဖြစ်ပြီး ခန္ဒာကိုယ်အထဲမှာရှိတဲ့ ဆဲလ်တစ်ခုစီမှာ ပရာနာ (prana) လို့ခေါ်သည့်ခွန်အားတွေနဲ့ ပြည့်နှက်စေ၏။
ထို့ကြောင့် စိတ်ကိုပျော်ရွှင်စေတဲ့အပြင်၊ ငြိမ်းချမ်းမှုကို ရရှိစေယုံသာမက ခွန်အားတိုးပွားပြီး စိတ်အားထက်သန်မှုကိုလဲ တိုးပွားစေတယ်။
တရားထိုင်ခြင်းအားဖြင့် ရရှိနိုင်သည့် ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-
သွေးတိုးခြင်းကိုလျှော့ချပေး၏။
သွေးတွင်းမှာရှိတဲ့ လက်တေ့အက်စစ်ပါဝင်မှုကိုလျှော့ချပေးတယ့် အပြင် စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်၏။
အကြောတင်းခြင်းများကို လျှော့ချပေးနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်းကို လျှော့ချပေးနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာကောင်းကျိုးများမှာ-
ဦးဏှောက်လှိုင်းများကို အကောင်းဆုံးအနေအထားသို့ရောက်ရှိစေသည့်အတွက် စိတ်ခံစားမှုမှာ နူးညံ့သိမ့်မွေ့ လာစေသလို လန်းဆန်းတက်ကြွနေစေ၏။
စိုးရိမ်ကြောင့်ကြမှုကိုလျှော့ချပေး၏။
စိတ်တည်ငြိမ်လာကာ ယုတ်ညံ့သည့်အတွေးအခေါ်များတဖြည်းဖြည်းကင်းစင်လာစေ၏။
ဥပမာ..ညစ်ထေးပေရေနေသော ပိတ်ကားပေါ်တွင် ရောင်စုံခြယ်လျှင် တောက်ပကြည်လင်မှု့မရနိုင်၊ ဖြူဖွေးသန့်ရှင်းသောပိတ်ကားပေါ်တွင်အရောင်တင်လျှင် တင်ချင်သည့်အရောင်များပီပီပြင်ပြင်ထွက်လာ၏။
ထို့အတူ စိတ်ယုတ်၊ကောက်ကျစ်သောသူ၏ ဦးနှောက်သည် ထင်သလောက်မကြည်လင်နိုင်ပေ။ လူမှန်လျှင် အတ္တမကင်ကြပါ။ သို့သော် အသိနှင့်သတိယှဉ်ပြီး မိမိ၌ ကျိန်းဝပ်နေသော ယုတ်ညံ့သည် အတွေးများကို လျော့ချနိုင်ရမည်။
တခါက တရားထိုင်နေသူတစ်ဦး၏ သွေးကိုဖောက်စစ်ကြည့်ရာ Lactic Acid အလွန်နည်းနေကြောင်းတွေ့ရ၏။
ထိုအက်စစ်များသူသည် ဦးနှောက်မတည်ငြိမ်၊ စိတ်မငြိမ်သူများဖြစ်၏။
Credit
Nwe Nwe Nander
No comments:
Post a Comment