အသိပေးကျေးဇူးတင်လွှာ
ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!
Tuesday, December 1, 2015
ဂန္တ၀င်မြောက်ည ခရစ္စမတ်တေးသီချင်းများ
သည်မှာ ဒေါာင်းရန်    ဂန္တ၀င်မြောက်ည ခရစ္စမတ်တေးသီချင်းများ:
မြန်မာနိုင်ငံရှိ ကက်သလစ်ကိုရင်များ ( မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းဖြစ်တက္ကသိုလ်၊ ပြင်ဦးလွင်) မှ
ခရစ္စမတ်တေးချစ်သူများအားလုံးအတွက် တေးသီချင်းထုတ်လုပ်လိုက်ပါပြီ။
 ခရစ္စမတ်တေးသီချင်းများ...
Saturday, September 19, 2015
ပြိုင်တူထွန်းလင်း
ပြိုင်တူထွန်းလင်း
တေးဆို - G.B.K.Y
တေးရေး - Fr.အယ်ကော်ထူး
ပြိုင်တူထွန်းလင်း တေးစီးရီးမှ
ကြို့  ပင်ကောက် ကက်သလစ်သာသနာ
၁။ တောက်ပလို့နေတဲ့ အိုကောင်ကင်မှာ ကြယ်လေးများ ထွန်းလင်းလို့နေခဲ့
    မှောင်မိုက်သော ဒီလိုညတွေမှာ မြင်နိုင်စွမ်းလေးတော့ အလင်းပေးနေတာ
ဘုရားပန်းဖြူ
၁။ ဒီတစ်သက်ကိုတော့ ဘုရားရှင်ကို ဆက်ကပ်လိုက်ပြီ။
    အဖေ၊ အမေ၊ မိတ်ဆွေများ အားလုံးကျောခိုင်းလာသည်။
    လောဘ၊ ဒါန၊ ဥစာ စွန့်ခွါ မမက်မောလိုပြီ။
အဖြူရောင်သင်္ကန်း (၂)
အဖြူရောင်သင်္ကန်း (၂)
တေးဆို - အယ်ဂေး
တေးရေး - Fr.အယ်ကော်ထူး
ပြိုင်တူထွန်းလင်း တေးစီးရီးမှ
ကြို့  ပင်ကောက် ကက်သလစ်သာသနာ
၁။ အဖြူရောင်သင်္ကန်းလေးအား ဆင်မြန်းဖို့ရန် ဆုံးဖြတ်ချိန်ရောက်ခဲ့တော့
    ယုံကြည်တဲ့ ဆုံးဖြတ်သမျှအတွက် ခွင့်လွှတ်မှုတွေ ပေးခဲ့ပြီ ဟိုအတိတ်မှာ
    သေချာပြန်တွေးကြည့် စွန့်လွှတ်ခဲ့ဘူး သိခဲ့တာ တစ်ခုတည်းပါ
အဖြူရောင်သင်္ကန်း (၁)
အဖြူရောင်သင်္ကန်း (၁)
တေးဆို -
တေးရေး - Fr.အယ်ကော်ထူး
“.............. တေးစီးရီးမှ
ကြို့  ပင်ကောက် ကက်သလစ်သာသနာ
၁။ အဖြူရောင်သင်္ကန်းလေးနှင့် ရုတ်တရက်တွေ့ချိန်မှာ ၀မ်းနည်းခဲ့တယ်။
   ပျော်စရာများစွာနဲ့ ဖြတ်သန်းခဲ့ချိန် နင်မေ့လို့သွားပြီပေါ့။
   အတူတူ ထိုင်ခဲ့ဘူးတဲ့ ဘုရားကျောင်းဘေးဆိုင်လေး သတိရမိတယ်။
Saturday, September 12, 2015
ဘုရားကို လှောင်ပြောင်၊အာခံ၊သရော်ပြီး မထီမဲ.မြင်ပြုသူများ၏နိဂုံး-!!
*ကမ္ဘာကျော်အဆိုတော်-John Lennon(Singer-1966): ဒီအချိန်မှာဘုရားထက် ငါတို.နာမယ်ကြီးသွားပြီtoday we are more famous than Himဟု ပြောပြီး မကြာခင်သူတို.အဖွဲကွဲကာ သူလည်း ကွယ်လွန်သွားပါသည်။
*သမ္မတTancredo Neves( Brazil )၊အကယ်၍ မဲ ၅သိန်းရပါက ဘုရားကတောင် ငါ.ကို မဖယ်ရှား နိုင်တော.ဘူးဟုပြောပြီး အမှန်မဲရ၍သမ္မတဖြစ်လာသော်လဲ၊ ရာထူး  လက်ခံရန် တစ်ရက်အလို သေဆုံးသွားကြောင်း သိရသည်။
ဘာသာကြီးများ၏ တူညီချက်များ
ဗုဒ္ဓဘာသာ - သင် နာကျင်သည့်အရာဖြင့် သူတစ်ပါးကို မနာကျင်စေနှင့်။
ခရစ်ယာန်ဘာသာ - သင့်အပေါ်မှာ လူတွေက ပြုမူစေချင်သလို သင်က သူတို့အပေါ် ပြုမူပါ။
အစ္စလာမ်ဘာသာ - သင့်ကိုယ်သင် ချစ်သလို၊ သင်၏ အိမ်နီးချင်းကို မချစ်နိုင်သေးသရွေ့ သင်သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမဟုတ်သေးပါ။
ဟိန္ဒူဘာသာ - သင့်အပေါ် သူတစ်ပါးက မပြုစေလိုသော အရာကို သင်က သူတစ်ပါးအပေါ် မပြုမူပါနှင့်။
ဂျူးဘာသာ - သင်ကိုယ်တိုင် မနှစ်မြို့သော အရာကို အခြားသူများအပေါ် မပြုလုပ်ပါနှင့် ဆိုတာပဲ ဖြစ်ပါတယ်။
Ref: Internet
Friday, September 11, 2015
မိမိရဲ့ စိတ်ခံစားမှုတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းကို ဘယ်လိုထိခိုက်စေလဲ
ဒေါသ . . . . . အသည်းကို အားနည်းစေတယ်။
ဝမ်းနည်းမှု . . . . . အဆုတ်ကို အားနည်းစေတယ်။
ပူပန်မှု
 . . . . . . . အစာအိမ်ကို အားနည်းစေတယ်။
စိတ်ဖိစီးမှု . . . . . . နှလုံးနဲ့ ဦးနှောက်ကို အားနည်းစေတယ်။
စာဖတ်ခြင်း၏အကျိုး(၇)မျိုး
၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။
၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။
၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။
၎။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။
၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။
၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။
၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။
Thursday, September 10, 2015
ဝက်ဘ်ဆိုက်အညွှန်း
ကက်သလစ်စာအုပ် English Pdf file Free ဒေါင်းချင်သူများအတွက် လိပ်စာလေး ညွှန်းပေးပါရစေ။
http://bible-lessons.org/lessonitems.php?language=English
အသေချာဆုံးအရာ
One thing about life that is a reality it's uncertainty.
- GB/QUOTES
§      လောကမှာ အသေချာဆုံးအရာ တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ မသေချာမှုပါပဲ။ ©
ဂျီဘီ
ချစ်ကြိုက်နေလိုက်ပါ
သင်၏ ဘ၀နှင့် ချစ်ကြိုက်နေလိုက်ပါ။
ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။
သင်မပိုင်ဆိုင်တဲ့ အရာပေါ်မှာ ၀မ်းမနည်းပါနဲ့။
ဒီ့အစား သင်ပိုင်ဆိုင်နေတဲ့အရာတွေနဲ့သာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။
တကယ်လို့သာ သင်ဟာ သင်မပိုင်ဆိုင်တဲ့ အရာပေါ်မှာ ၀မ်းနည်းနေလျှင်ဖြင့်
သင်ပိုင်ဆိုင်နေတဲ့ အရာတွေပေါ်မှာ ပျော်ရွှင်ခြင်းရနိုင်လိမ့်မည် မဟုတ်ပေ။
လီယို တိုလ်စတိုးလ်
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ် လိုသူများအတွက်
၁။ ဘဝမှာ ကိုယ်လုပ်ချင်တာထက် ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။
၂။ အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။ အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သောလူသားတစ်ဦး အသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။
၃။ ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်းတူပေမဲ့ အဓိပ္ပာယ်ကွာခြား လွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။
--ဝမ်းမနည်းပါနဲ့--
၁) အတင်းပြောခံရခြင်းသည်" အမြဲသတိရနေသောကြောင့်ဖြစ်သည်။
၂) ကဲ့ရဲ့ခံရခြင်းသည်"ကောင်းမြတ်သူဟု သတ်မှတ်သောကြောင့်ဖြစ်သည်။
၃) ဆန့်ကျင်ခံရခြင်းသည်" မပြိုင်နိုင်သောကြောင့်ဖြစ်သည်။
၎) မပေါင်းဖော်လိုခြင်းသည်" မနာလိုသောကြောင့်ဖြစ်သည်။
၅) မနာလိုခြင်းသည်" အောင်မြင်သောကြောင့်ဖြစ်သည်။
၆) မုန်းတီးခံရခြင်းသည်" အကြံထမြောက်သောကြောင့်ဖြစ်သည်။
၂၀၁၅ ခုနှစ်မြန်မာပြည်အထွေထွေရွေး ကောက်ပွဲအတွက် ဆုတောင်းမေတ္တာ
အိုအဖဘုရား တပည့်တော်တို့ ၏မြန်မာနိုင်ငံကိုကောင်းကြီးပေးတော်မူပါ။ မကြာမီကျင်းပတော့မည့်အထွေထွေရွေးကောက်ပွဲ၌မဲပေးပိုင်ခွင့်ရှိသော သူအားလုံးမဲပေးနိုင်ကြစေတော်မူပါ။သန့် ရှင်းပြီးတရားမျှ 
တသောရွေးကောက်ပွဲဖြစ်စေတော်မူပါ။ငြိမ်းချမ်းစွာဖြင့်ရွေးကောက်ပွဲကျင်းပနိုင်စေတော်မူပါ။
Friday, August 28, 2015
နှလုံးသားကိုတောင်မှ မျက်ရည်ကျစေသောပုံများ
သူတို့လေးတွေ အတွက် ဆုတောင်းပေးကြရအောင်။
ပေးဝေကြရအောင်
ပေးကမ်းကြရအောင်
ဝေမျှကြရအောင်
ရိုက်ရင်းနဲ့မျက်ရည်ကျလာတယ်။
Wednesday, August 26, 2015
ပုပ်ရဟန်းမင်းကြီး၏စကား
Pope Francis @ Pontifex
“A Christian who is too attached to riches has lost his way.”
8/25/15, 4:25 AM
စည်းစိမ်ရတနာ ကြွယ်ဝမှုအထဲမှာ နှစ်မြုပ်နေသော ခရစ်ယာန်
တစ်ယောက်သည်
 သူ၏ ခရစ်ယာန်လမ်းစဉ်ကို ဆုံးရှုံးပါသည်။
ယေဇူးအသင်းဂိုဏ်းအကြောင်း
Jesuit (ဂျက်ဇွစ်) = The Society of Jesus (S.J.) ယေဇူးအသင်းဂိုဏ်းအကြောင်း။
 St Ignatius Loyola was a Spanish solider and aristocrat who established the Society of Jesus (commonly known as the Jesuits) in 1540. He instructed the early Jesuits to go our and "find God in all things" - the signature spirituality of the Jesuit.
အသင်းတည်ထောင်သူ။           ။ ၁၅၄၀ ခုနှစ်တွင် St.Ignatius of Loyola နှင့် အပေါင်းအဖော်များ
ရည်ရွယ်ချက်ပန်းတိုင် ။            ။ လူအပေါင်းတို့၏ ကယ်တင်ခြင်းနှင့်ဘုရားရှင်၏ဘုန်းဂုဏ်တော် အတွက်။ 
စာပေဖတ်ရှုခြင်း
စာပေဖတ်ရှုတာဟာ လူသားရဲ့ပင်ကိုယ်အသိကို ပြည့်စုံလာအောင် ဖန်တီးပေးပြီး၊ အဲ့ဒီအသိဟာလည်း အတွေ့အကြုံကြောင့် ဂုဏ်ပြိုင်စံရှား အရည်အသွေးကို ရသွားပါတယ်။ လူသားရဲ့ပင်ကိုယ်စွမ်းရည်ဟာ သဘာဝအလျောက်ပဲ ရှင်သန်ပေါက်ဖွားလာတဲ့ အပင်တွေနဲ့တူတာကြောင့်
On the Journey to Your Dreams
May you learn along the way
About life, yourself,
and who you want to be.
You will meet many people.
May you treat each individual
The Answers from God
I asked for strength and God gave me difficulties to make me strong.
I asked for wisdom and God gave me problems to solve.
I asked for prosperity and God gave me
Brawn and brains to work.
မေတ္တာစက်ဝိုင်း
*ဒို့အားလုံး အတူတူပဲ မထူးခြားကြပါဘူး
  ရယ်တတ်တယ် ပြုံးတတ်တယ် ကြင်နာတတ်တယ်
**လူသားခြင်းတူညီလည်း စည်းများရှိနေလည်း
    ခံစားမှုများ ထပ်တူမရနိုင်ခဲ့
Saturday, August 22, 2015
ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့
လူ့လောကတွင် မှီတင်းနေထိုင်ကြကုန်သော လူသားများသည် နေ့စဉ်၊ နေ့တိုင်း ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာ အလုပ်တာဝန်များကို ခက်ခဲ၊ ပင်ပန်းစွာ လုပ်ကိုင်၊ ကြိုးစားရင်း အသက်ရှင်နေထိုင်ကြရသည်။ အနာဂတ်ဘ၀ ကောင်းမွန်သေချာဖို့အတွက် မျှော်မှန်းရင်း အသိပညာ၊ အတတ်ပညာ၊ ၀ိညာဉ်ရေးရာစသည်ဖြင့် ထူးခြား၊ ကောင်းမွန်သော အကျင့်၊ သီလ၊ ပါရမီများကို ဆည်းပူးကြရ၏။
 စာပေလေ့လာနေကြကုန်သော ကျောင်းသူ၊ ကျောင်းသားများသာမက ဘ၀၀မ်းစာအတွက် ရှာဖွေ၊ ကြိုးစား၊ ရုန်းကန်နေကြသော အောက်ခြေလူတန်းစားများပါမကျန် ဘ၀နောင်ရေးအတွက်  အတတ်ပညာ၊
တွေးစရာ
*      အမုန်းတစ်စက်ကြောင့် ဆိတ်ဆိတ်ခံရ
အချစ်ကို မမွေးဘဲ ဓါးသာသွေးလို့
သဘာဝကိုမေ့ အမုန်းတွေ စိုက်ပျိုး
တူရိယာသံထက် သေနတ်သံကြိုက်တော့
‘’အချစ်’’ ဘယ်မှာ မွေးပါတော့မည်နည်း။
Tuesday, August 18, 2015
အဘယ့်ကြောင့် ကက်သလစ်ဘာသာဝင်များကို ရိုမန်ကက်သလစ်ဘာသာဝင်များဟု ခေါ်ဆိုရပါသနည်း။
(Why are Catholics called Roman Catholics?)
အတိအကျအဓိပ္ပာယ်ဖွင့်မည်ဆိုပါက 'ရိုမန်ကက်သလစ်'ဟူသည် 'ရောမသာသနာ' ( သို့မဟုတ်) 'မြို့တော်တစ်ခု၏ကက်သလစ်ဘာသာဝင်တစ်ဦး'ဟူ၍ ဆိုလိုရာရောက်ပေလိမ့်မည်။
ရောမမြို့၏ဆရာတော်ကြီးဖြစ်သူ သာသနာပိုင်ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆက်နွှယ်ပေါင်းစပ်လျက်ရှိသာ ကက်သလစ်ဘာသာဝင်အားလုံးကို ရည်ညွှန်းပြောဆိုသော ထိုအသုံးအနှုန်းသည် အင်္ဂလိပ်ဘာသာ၌ နောက်ကျမှ သန္ဓေတည်စ်ြပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ 'ရိုမန်ကက်သလစ်'ဆိုသည်မှာ (၁၉) ရာစု၌ ဗြိတိသျှတို့ အသစ်တည်ထွင်လိုက်သော အသုံးအနှုန်းတစ်ရပ်ဖြစ်ပါသည်။
အဘယ့်ကြောင့် ရဟန်းတော်များသည် မစ္ဆားတရားတော်မြတ်ပူဇော်ရာ၌ ဝတ်ရုံ၊ သင်္ကန်းများကို ဝတ်ဆင်ရပါသနည်း။
(Why do priests wear vestments for Mass?)
အသင်းတော်၏ကနဦးနေ့ရက်များတွင်
"မုန့်ဖဲ့ခြင်း"ဟူသော မစ္ဆားတရားတော်မြတ်ပူဇော်ရာ၌ အထူးသီးသန့်အဝတ်အစားများ ဝတ်ဆင်ခြင်းမရှိခဲ့ပေ။ သို့သော်၊ ကနဦးခရစ်ယာန်များသည် သန့်ရှင်းမြင့်မြတ်သော ပါစကားနက်နဲဖွယ်ရာကဲ့သို့ အခမ်းအနားကျင်းပခြင်း၌ ပါဝင်သူအားလုံးသည် ကွဲပြားခြားနားမှုကို သိသာစေသော အဝတ်အစားများ ဝတ်ဆင်သင့်သည်ကို သိပ်မကြာခင်မှာပင် သိရှိလာခဲ့ကြသည်။ အထူးသဖြင့် ဂျူးလူမျိုးတို့၏ဓလေ့ထုံးတမ်းစဉ်လာအမြင်၌ ရဟန်းတော်များသည် အထူးသီးသန့်ဖြစ်သော ဝတ်ရုံ၊ သင်္ကန်းများ ဝတ်ဆင်သင့်သည်ဆိုသည့်အချက်ကို သိနားလည်လာခဲ့ကြသည်။
 ထွက်မြောက်ရာကျမ်း အခန်းကြီး ( ၂၈) ၌ ဘုရားရှင်က ရဟန်းတော်များ ဝတ်ဆင်သင့်သည့်ဝတ်ရုံ၊ သင်္ကန်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ပြုလုပ်ရမည်၊ မည်ကဲ့သို့အသုံးပြုဝတ်ဆင်ရမည် စသဖြင့် ပရောဖက်မိုးဇယ်
Saturday, August 15, 2015
စိန်ဒေါမိနစ်အားမယ်တော်သ္ခင်မဖေါ်ပြခဲ့သော စိပ်ပုတီး၏အကျိုးကျေးဇူးတော်(၁၅)ချက်။
သြဂုတ်လသည် အပြစ်မဲ့သောမယ်တော်သခင်မ၏ နှလုံးတော်အားပူဇော်အပ်နှံရာ လ ဖြစ်ပါသည်။
 ၁။ သစ္စာရှိစွာ စိပ်ပုတီးစိပ်သူတိုင်းထူးခြားသော သန့်ရှင်းစင်ကြယ်ခြင်းကျေးဇူးတော်ကို ခံစားရရှိစေမည်။
၂။ စိပ်ပုတီးစိပ်သူများအား အကြီးမြတ်ဆုံးသောကျေးဇူးတော်ကိုပေးတော်မူသည့်အပြင် နတ်ဆိုးဘေးရန်အပေါင်းတို့မှကာကွယ်စောင့်ရှောက်ခြင်းကျေးဇူးတော်ကိုလည်းခံစားရရှိမည်။
ကိုယ်တော့်ကိုချစ်သည်
ဘုရားနှင့်အတူရှိနေမည်။
ဘုရားထံသို့ ခိုလှုံ၊ နားခိုမည်။
ကိုယ်တော့်စကားသံကို ထူးမည်။
ကိုယ်တော့်ကို ချီးမြောက်မည်။
မှတ်သားဖွယ်ရာ ပုပ်ရဟန်းမင်းကြီးများ၏စာရင်း
List of all Catholic Popes from St. Peter to the Present Day
1. St. Peter (32-67)
2. St. Linus (67-76)
3. St. Anacletus (Cletus) (76-88)
4. St. Clement I (88-97)
5. St. Evaristus (97-105)
မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရတော်မူသောပွဲ
 လူ့ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ပြီး မြှင့်တင်ပေးသော မယ်တော်
ယနေ့အမိအသင်းတော်က မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်ကို ကျင်းပနေပါတယ်။ ကျွန်ုပ်တို့ရဲ့မိခင် မယ်တော်မာရိယားဟာ သူမသားတော် ယေဇူးသခင်နဲ့ ထာဝရ အတူရှိနေနိုင်ဖို့ သူမရဲ့ ဝိညာဉ်ရော ခန္ဓာကိုယ်ပါ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရပါတယ်။
ဘုရားသခင်သည် အံ့ဖွယ်ဖြစ်၏။
အီဂျစ်နိင်ငံမှာ မူစလင်တစ်ယောက်ဟာ ဇနီးသည်သမ္မာကျမ်းစာကိုဖတ်ရှုနေတာတွေ့ လိုက်ရလို့ အဲလိုဖတ်ရကောင်းလားဆိုပြီးသူ့ ဇနီးသမ္မာကျမ်းစာဖတ်နေတဲ့သူ့ ရဲ့ဇနီးကိုသတ်ပစ်ခဲ့ပါတယ်
ဒါတင်မကပါဘူး ဒေါသထွက်နေတဲ့ အဲဒီလူဟာအပြစ်မဲ့တဲ့ သူတို့ရဲ့ ဖွားမြင်ထားတာမကြာသေးတဲ့ သမီးလေးနဲ ၈နှစ်အရွယ်သမီးနစ်ယောက်ကိုပါ တပါတည်းမိခင်အလောင်းနှင့်အတူ
Friday, August 14, 2015
ဆုတောင်း
လာလည်သူ်ဧည့်ပရိသတ်အပေါင်းတို့ ဘုရားရှင် စောင့်ရှောက်ပြါစေ။
နှုတ်ခွန်းဆက်စကား
Thursday, August 13, 2015
*စဉ်းစားစရာ
နွေလယ်ခေါင်မှာ မိုးရွာကျပြီ
ဆောင်းရာသီမှာ ပူအိုက်လွန်းလို့
မိုးရာသီမှာ မြေပြင်ခြှောက်ကပ်
သစ္စာပန်းလည်း ညိုးနွမ်းလို့နေ
Monday, August 10, 2015
ဖြေးဖြေးနဲ့မှန်မှန်
စိတ်ကို ထိန်းကျောင်း 
ကိုယ်တိုင်ပဲ့ကိုင် 
လမ်းကို သတိပြု 
ဒါဆူးများနဲ့လမ်း 
ရေဘေးသင့်ပြည်သူများအတွက်ဆုတောင်းမေတ္တာ
အားလုံးစုံကို တတ်နိုင်တော်မူသော ဘုရားသခင်..........
ယခု မြန်မာပြည် တစ်ဝှမ်းတွင် ခက်ခဲမှုပေါင်းစုံ ကြုံတွေ့ခံစားနေရသော
ရေဘေးသင့် ပြည်သူများအားလုံးကို ကြည့်ရှုစောင်မတော်မူပါ။
သခင့်စိတ်ထား
နာကျင်ကြေမွတဲ့
နှလုံးသားတိုင်းကို
သခင်သည် ကြိုဆိုနေမြဲ။
ညှင်းပန်းနှိပ်စက်ခံရတဲ့ ဘ၀ကို
သခင်သည် ပိုင်ဆိုင်။
သခင်သာ
သခင်လက်တော်နှင့်တို့ပါ
အနာ၊ ရောဂါကင်းဝေးမှာ
သခင် လက်တော်နှင့် ထိပါ
မျက်မမြင်သူ အလင်းရလာ။
Sunday, August 9, 2015
ဆည်းကပ်ထိုက်သူ
ဘ၀ရဲ့မီးအိမ်ကက်သလစ်ဘလော့တ်
©       နွေးထွေးလှတဲ့ ချစ်ခြင်းမေတ္တာ
အနှိုင်းအဆမဲ့ သူ့ပေးဆပ်ခြင်း
အမှောင်ညနက် ထွန်းလင်းစေခဲ့
အပြစ်ရဲ့ကျွန် လွတ်မြောက်စေပြီ။
Saturday, August 8, 2015
ဝိညာဉ်တော် ပို့ဆောင်ပါ
၁။ ၀ိညာဉ်တော်အရှင်သခင် ပို့ဆောင်တော်မူပါ။
    ကျွန်ုပ်၏လမ်းခရီး ကြမ်းလွန်းလှသည်။
    စုံစမ်းခြင်းများလည်း အကြိမ်ကြိမ်တွေ့ရသည်။
    ခံနိုင်ရည်စွမ်းအား လိုနေသည်။
သန့်ရှင်းဝိညာဉ်ကြွဆင်း
၁။ သန့်ရှင်းဝိညာဉ်ဘုရားရှင်ကြွဆင်း ဘ၀ရဲ့အမိုက်မှောင်
    အလင်း ပေးမူပါ၊   အချစ်မီးဖြင့် လောင်ကျွမ်းပါ
   ကြောက်ရွှံ့  မှုတွေ ဝေးကွာဖယ်ရှင်၊ သန့်ရှင်းဝိညာဉ်
    ကျေးဇူးတော်များ သွန်းလောင်းပေးတော်မူပါ..
မိသားစုများအတွက် ဆုတောင်းမေတ္တာ
အိုအဘဘုရားသခင်..
            ကောင်းကင်ဘုံတွင် ရှိကြကုန်သော မိသားစုတိုင်းများသာမက မြေကြီးပေါ် နေထိုင်ကြကုန်သော မိသားစုတိုင်းသည် ကိုယ်တော့်ထံမှ ကွဲပြားခြားနားသော အမည်နာမအသီးသီးရရှိကြပါသည်။
အိုအဘဘုရားသခင်
Wednesday, August 5, 2015
ပူဇော်အပ်နှံမယ်တော်ထံ
၁။ မယ်တော်ကို ချစ်သောသူအပေါင်းတို့ တူညီညာ အားလုံးစုရုံးလာ
    (ရောက်လာပြီ) ကောင်းကင်မြေကြီးသားတို့ ဘုရင်မ
     မယ်တော်ကို ချီးမွမ်းလိုပါ၏။ (လိုပါ၏။)
မယ်တော်ထံဆုပန်ထွာ
၁။ သန့်ရှင်းမြင့်မြတ် ချစ်ဖွယ်မယ်တော်အား
     ဥဒါန်းကျူးရင့်လိုသူ အပေါင်း ခြေတော်ရင်း၌
     အားလုံးစုရုံးကြလျက် မယ်တော်အား ဧကျူးကြစို့။