နာကျင်ကြေမွတဲ့
နှလုံးသားတိုင်းကို
သခင်သည် ကြိုဆိုနေမြဲ။
ညှင်းပန်းနှိပ်စက်ခံရတဲ့ ဘ၀ကို
သခင်သည် ပိုင်ဆိုင်။
ပေးဆပ်၊ ဆပ်ဖြေနေတဲ့
အပြစ်သားဘ၀ကို
သခင် ကယ်နှုတ်မြဲ။
နှိမ့်ချကာ ရိုကျိုးတတ်တဲ့
လူ့စိတ်သဘောကို
သခင်သည် မြတ်နိုး။
ဖြူစင်၊ ရိုးသားတဲ့
အလှစိတ် ပိုင်ဆိုင်သူ
သခင် ချစ်တော်မူ။
အချစ်စစ်၊ အချစ်မှန်
ချစ်ပြရင်းနဲ့
စွန့်လွှတ်အချစ်ကို
သခင်သည် တန်ဖိုးထား။ ။
No comments:
Post a Comment