အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, August 22, 2015

ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့

လူ့လောကတွင် မှီတင်းနေထိုင်ကြကုန်သော လူသားများသည် နေ့စဉ်၊ နေ့တိုင်း ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာ အလုပ်တာဝန်များကို ခက်ခဲ၊ ပင်ပန်းစွာ လုပ်ကိုင်၊ ကြိုးစားရင်း အသက်ရှင်နေထိုင်ကြရသည်။ အနာဂတ်ဘ၀ ကောင်းမွန်သေချာဖို့အတွက် မျှော်မှန်းရင်း အသိပညာ၊ အတတ်ပညာ၊ ၀ိညာဉ်ရေးရာစသည်ဖြင့် ထူးခြား၊ ကောင်းမွန်သော အကျင့်၊ သီလ၊ ပါရမီများကို ဆည်းပူးကြရ၏။
 စာပေလေ့လာနေကြကုန်သော ကျောင်းသူ၊ ကျောင်းသားများသာမက ဘ၀၀မ်းစာအတွက် ရှာဖွေ၊ ကြိုးစား၊ ရုန်းကန်နေကြသော အောက်ခြေလူတန်းစားများပါမကျန် ဘ၀နောင်ရေးအတွက်  အတတ်ပညာ၊
ဘွဲ့၊ ဒီဂရီ တစ်ခုခု ထူးချွှန်ပြောင်မြောက်စွာ ခူးဆွတ်နိုင်ဖို့ ကြိုးစား၊ ရုန်းကန်နေကြရသည်။ ယခု လက်ရှိ အချိန်၊ ကာလကို အကျိုးရှိရှိ အသုံးချရင်း ဖြူစင်၊ ၀င်းလက်၊ တောက်ပလာမည့် နေ့သစ်တစ်နေ့ကို မျှော်လင့်၊ စောင့်ငံ့နေကြရပါသည်။
            ကဲ့သို့ ခက်ခဲပင်ပန်းစွာ ကြိုးစား၊ ရုန်းကန်ခဲ့ကြသော်လည်း တစ်ချို့ မှာ             အောင်မြင်မှု၏ အသီးအပွင့်ကို ခံစားနေရစဉ် အချို့ မှာဖြင့် အောင်မြင်မှုနဲ့ လွှဲချော်နေတုန်း၊ အောင်မြင်မှုအတွက် ကြိုးစားနေတုန်းရှိနေကြသည်။ သင်ယူ၊ လေ့လာမှု၊ နည်းစနစ် လွှဲချော်မှုရှိခြင်း လေ့လာမှုနည်းစနစ် မှန်ကန်မှု မရှိခြင်းများကြောင့် မျှော်မှန်းထားသည့် အောင်မြင်မှုကို မရရှိလိုက်ရဘဲ         ကျရှုံးခြင်းသို့ အခန့်မသင့်ဘဲ၊ ရည်ရွယ် ကာမျှော်လင့်မထားဘဲ ရောက်သွားကြသူများလည်းရှိကြ၏။    သို့ဆိုပေမည့်လည်း ကံတရား၏ ဖေးမမှုကြောင့်ဖြစ်စေ၊ ကိုယ်ပိုင်ကြိုးစားမှုကြောင့်ဖြစ်စေ၊            အောင်မြင်ခြင်းကို ရယူပိုင်ဆိုင်နိုင်သူများလည်း ရှိနေကြ၏။
            သို့ဆိုလျှင် ကျရှုံးမှုနဲ့ ရင်ဆိုင်နေရသော သူများအဖို့ အနုတ်လကာ တစ်နည်းအားဖြင့် မှားယွင်းသော စိတ်ဓါတ်ကျဆင်းမှုများ စသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပေသည်။ သို့ဆိုပါလျှင် ကျဆုံးခြင်းနဲ့ ရင်ဆိုင်နေရသော သူများကို ခွန်အားသစ်ရရှိဖို့ရန်အတွက် ကျွန်ုပ်တို့     လုပ်ဆောင်ဖို့ ကြိုးစားရပေလိမ့်မည်။ ထိုသူများကို အားပေးကြရမည်။ ပျော်ရွှင်ရန်၊ စိတ်ဓါတ်ခွန်အားအသစ် ရရှိနိုင်ရန် အားပေးကြရလိမ့်မည်။ သို့ဆိုပါလျှင် ‘’ မည်ကဲ့သို့သော နည်းလမ်းများဖြင့်         စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးကြရမည်နည်း။’’ ဟူသည့်မေးခွန်းသည် တွေးတောစရာ ဖြစ်လာ  ပါတော့သည်။ ကာယကံရှင်အနေဖြင့်လည်း ကိုယ့်ကိုယ်ကို ဆင်ခြင်၊ သုံးသပ်ပြီး အမှားများထဲမှ  သင်ခန်းစာ ယူတတ်ရပေလိမ့်မည်။
            ဆောင်းပါးကို ဆက်လက်၊ ဖတ်ရှု၊ လေ့လာ၊ မှတ်သား၊ အတုယူလျှင်ဖြင့်       ကျရှုံးခြင်းနဲ့ ထိပ်တိုက် တွေ့ကြုံနေရသော သူများအဖို့ အားဆေးပမာ စိတ်ဓါတ်၊ နိုးကြား               အသက်ရှင်စေမည့် ခွန်အားရှိသော စာများကို ရရှိနိုင်မည်ဟု ကျွန်ုပ်ယုံကြည်မိပါ၏။ ဆောင်းပါးကို အင်္ဂလိပ်ဘာသာ (10 TIPS ON HOW TO SUCCEED FROM FAILURE) မှ ကောက်နှုတ်တင်ပြရင်း ကိုယ်တိုင် တွေးခေါ်ရင်း ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။
            ကျရှုံးခြင်းမှ အောင်မြင်ခြင်းလှေကားထစ်သို့ တက်လမ်းရန်အတွက် လိုအပ်သော ခံယူထားရမည့် အချက်များမှာ-
၁။ ကျရှုံးခြင်းသည် သင့်အား ‘‘ ရှုံးနိမ့်သူတစ်ယောက်’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို       ‘‘ မအောင်မြင်သေးပါ ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၂။ ကျရှုံးခြင်းသည် သင့်အား ‘‘ ဘာမှပြီးမြောက်ခြင်းမရှိ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို            ‘‘ တစ်စုံတစ်ခု သင်ယူပြီးပြီ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၃။ ကျရှုံးခြင်းသည် သင့်အား ‘‘ အရူးတစ်ယောက်’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို              ‘‘ ယုံကြည်မှုများစွာ ရှိနေသောသူ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၎။ ကျရှုံးခြင်းသည် သင့်အား ‘‘ မလေးစားလောက်သောသူ ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ ကြိုးစားဖို့အတွက် ဆနရှိနေသောသူ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၅။ ကျရှုံးခြင်းသည် သင့်အား ‘‘ ကောင်းမွန်သောနည်းလမ်းမရှိ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ အခြားသောနည်းလမ်းတစ်ချို့ ရှိနေသေးသည်’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၆။ ကျရှုံးခြင်းသည် သင့်အား ‘‘ နိမ့်ကျသောသူ၊ အသုံးမကျသောသူ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ ပြည့်စုံဖို့ အားအင်အပြည့် ရှိနေသောသူ ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၇။ ကျရှုံးခြင်းသည် သင့်အား ‘‘ ဘ၀ကိုသုံးဖြုံးပစ်သည် ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ အသစ်တစ်ဖန် ပြန်စတင်ရန် ဆနပြင်းပြနေသည် ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၈။ ကျရှုံးခြင်းသည် သင့်အား ‘‘ အရှုံးပေးသင့်သည် ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို             ‘‘ ပိုကြိုးစားရန်သာ ရည်ရွယ်သည် ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၉။ ကျရှုံးခြင်းသည် သင့်အား ‘‘ သင်သည် အရာကို ဘယ်တော့မှ                              လုပ်ဆောင်တော့မည်မဟုတ်။ ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ ပုံမှန်ထက် ပို အချိန်စောင့်     ရမည်။ ပေးရမည် ’’ ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
၁၀။ ကျရှုံးခြင်းသည် သင့်အား ‘‘ ဘုရားသခင်က စွန့်ပစ်ထားသည် ’’ ဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်ကို ‘‘ ဘုရားသခင်ထံ အားထားခြင်းဖြင့် ပိုမို ကောင်းမြတ်သော စိတ်ကူးများ ရရှိမည်။ ’’  ဟုသာ ဆိုလိုခြင်းဖြစ်ပါသည်။
            နိဂုံးအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် သင့်အား လှပသော လူသစ်တစ်ယောက်အဖြစ် ပြန်လည် အသက်ရှင်၊ နိုးကြားဖို့ရန် မျှော်လင့်စောင့်ငံ့နေသည်။ အကယ်သာ သင့်ထံ၌       ‘‘ ငါဟာ ဘုရားသခင်၏ ရည်ရွယ်ထားသော လူသစ်တစ်ယောက်ပါလား ’’ ဆိုသည့် အသိစိတ်၊ အသိတရားတစ်ခု ရှိခဲ့လျှင် သင်သည်တိတ်ဆိတ်စွာ နေနိုင်တော့မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ပုံဖော်ထားသော စိတ်ကူး ရုပ်ပုံ တစ်ခု၊ ဘုရားသခင်၏ မျှော်လင့်ထားသော                    လူသစ်တစ်ယောက်ဖြစ်နေသည်ကို သင်သိလျှင် ပျော်ရွှင်နေမိမှာ အမှန်ပင်ဖြစ်၏။ ဘုရားသခင် သည် သင့်အား လှပ၊ ကောင်းမွန်သော အိပ်မက်တစ်ခုအဖြင့် အိပ်မက်မက်နေဆဲပင်ဖြစ်၏။        ဘုရားသခင်သည် သင့်ထံမှ ကြီးမြတ်၊ ကောင်းမွန်သော အရာများကိုသာ မျှော်လင့်စောင့်ငံ့နေ သည်။ ဘုရားသခင်နှင့် ပေါင်းစပ်၊ ထိတွေ့လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ။ ယနေ့မှစ သင်၏ သက်ရှိ လူသားတစ်ယောက် ဖြစ်နေခြင်းကို သတိရ‘‘ အရာရာသည် ဖြစ်နိုင်သည် ’’ ဟူသော ယုံကြည်မှုကို လက်ဆွဲကိုင်ပြီး ကြိုးစားကြည့်လိုက်ပါ။
 ကိုးကား - Beloved of Christ Vol.3, No.5, August-Sept, 2006.

No comments:

Post a Comment