အားလုံးစုံကို တတ်နိုင်တော်မူသော ဘုရားသခင်..........
ယခု မြန်မာပြည် တစ်ဝှမ်းတွင် ခက်ခဲမှုပေါင်းစုံ ကြုံတွေ့ခံစားနေရသော
ရေဘေးသင့် ပြည်သူများအားလုံးကို ကြည့်ရှုစောင်မတော်မူပါ။
သူတို့၏ လိုအပ်နေသော အရာမှန်သမျှ ၊ တောင်းလျှောက်ရာမှန်သမျှကို
ကိုယတော်ရှင် လက်ခံ၊ နားညောင်းပေးတော်မူပါ။
အိုအဘ ဘုရားသခင်................
ဆုံးရှုံးခဲ့ရသော အသက်များ....
ဆုံးရှုံးခဲ့ရသော အရာများ.............
နာကျင်ကျေ မွခဲ့ရသော နှလုံးသားများ............
ကြေကွဲ ဆို့နင့်ခဲ့ရသော အသက်တာများ........
ထိတ်လန့်၊ တုန်လှုပ်၊ ခြောက်ခြားနေရသော လူသားများ.................
ဘ၀ရဲ့ လုံခြုံ မှု ရှာဖွေနေသော လူသားများ.....
စမ်းတ၀ါးဝါးနဲ့ လမ်းပျောက် နေသော လူသားများ......
အမှောင်ထုကြီးရဲ့ ရိုက်ခတ်မှုကို ကြုံတွေ့၊ ခံစားနေရသော လူသားများ.....
အိုးမဲ့၊ အိမ်မဲ့၊ ယာမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေမည့် လူသားများ.......
ကိုယ်တော်ရှင်ရဲ့အချစ်၊ကယ်တင်မှု၊ဖးမမှုကို ဆာငတ်နေကြသောလူသားများ..
တပည့်တော် မေ့လျှော့မိခဲ့သည့် လူသားများ အားလုံးရဲ့
ပြင်းပြသောအော်ဟစ်သံကို လက်ခံပေးတော်မူပါ။
ဆုတောင်းပေးခြင်းဖြင့်သာ တတ်နိုင်သော
အပြစ်ရှိသောသူ တပည့်တော်၏ ဆုတောင်းသံကိုလည်း
နားညောင်းပြီး လက်ခံပေးတော်မူပါမည့်အကြောင်း
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏
အမည်နာမကို အမှီပြုရင်း
တောင်းလျှောက်ရာကို နားညောင်းပေးတော်မူပါဘုရား။
အာမင်။ ။
အပူအပင်ကင်းမဲ့စွာ ရှင်သန်နေထိုင်ခွင့်ရသော
ကိုယ်တော်ရှင်၏ ချစ်သောတပည့်တော်..................

No comments:
Post a Comment