အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, August 8, 2015

မိသားစုများအတွက် ဆုတောင်းမေတ္တာ


အိုအဘဘုရားသခင်..
            ကောင်းကင်ဘုံတွင် ရှိကြကုန်သော မိသားစုတိုင်းများသာမက မြေကြီးပေါ် နေထိုင်ကြကုန်သော မိသားစုတိုင်းသည် ကိုယ်တော့်ထံမှ ကွဲပြားခြားနားသော အမည်နာမအသီးသီးရရှိကြပါသည်။
အိုအဘဘုရားသခင်
      ကိုယ်တော်သာလျှင် အချစ်နှင့်ဘ၀ဖြစ်ပါသည်။ အပျိုကညာစင် မာရီယားမှ မွေးဖွားသန့်စင်တော်မူသော 
ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်ရှင်ထံမှ ဖြစ်စေ ကောင်းမြတ်  စာနာထောက်ထားမှု၏ စမ်းချောင်းဖြစ်သော သန့်ရှင်းသော ၀ိညာဉ်တော်ထံမှဖြစ်စေ၊ ကမ္ဘာကြီး၏ မျိုးဆက်သစ်လူသားများအားလုံးတို့ကို လူ့ဘ၀၏စစ်မှန်သော သူရဲကောင်းများ၊ အချစ်ရဲ့ စစ်မှန်သော သူတော်ကောင်းများ ဖြစ်စေတော်မူပါ။
အိုအဘဘုရားသခင်..
           မိသားစုတိုင်း ရှိနေကြကုန်သော ဇနီးသည်နှင့် ခင်ပွန်းသည်များ အားလုံးတို့သည် ကောင်းမူကိုရည်စူး၍ 
လုပ်ဆောင်သမျှတိုင်း၊ တွေးခေါ်သမျှတိုင်း၊ ကြိုးစားသမျှတိုင်းမှာ ကိုယ်တော်၏ ကောင်းကြီးတော်များဖြင့် လမ်းပြ၊ သွန်သင်၊ ပို့ဆောင်ပေးတော်မူပါ။
အိုအဘဘုရားသခင်..
      လူငယ်များစွာတို့သည်လည်း သူတို့၏ မိသားစုအတွင်းမှ ခိုင်မာ၊ တည်ကြည်သော လူ့ဂုဏ်သိကာ သာမကဘဲ 
အမှန်တရားနှင့် ချစ်ခြင်းအပေါ်မှာ အမြစ်တွယ်နိုင်သော စိတ်ဓါတ်၊ ခွန်အားများကို ရှာဖွေတွေ့ရှိနိုင်ရန် ဖေးမ၊ ကူညီ၊ 
လမ်းပြပေးတော်မူပါ။
အိုအဘဘုရားသခင်..
      လက်ထပ်ခြင်းစက္တရ်မင်တူး ကျေးဇူးတော်အားဖြင့် ဆောက်တည်ထားသော အိမ်ထောင်စုများကိုလည်း
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ဖွဲ့နှောင်ပေးတော်မူပါ။ လက်ထပ်ခြင်းစကရ်မင်တူးကျေးဇူးတော်များသည် မိသားစုအားလုံးတို့၏ မကြာမကြာ ခံထမ်းနေရသော ဒုက္ခ၊ ဝေဒနာများနှင့် မပြည့်စုံမှု အားနည်းချက်များကို
မျှဝေခံထမ်းပေးတော်မူပါ။
အိုအဘဘုရားသခင်..
        နာဇရက်မြို့ သနေတည် အစပြု အမြစ်တွယ်ကာ ကျယ်ပြန့်လာသော သန့်ရှင်းသောမိသားစု၏ 
ဆုတောင်းပေးခြင်းအားဖြင့် ကက်သလစ်သာသနာ၏ သာသနာပြုလုပ်ငန်းများသည်လည်း မိသားစုတိုင်း 
အသီးအပွင့်များဖြင့် ဝေဆာနိုင်စေတော်မူပါမည့်အကြောင်း ထိုအရှင်သည် လမ်းခရီးဖြစ်၊ အသက်လည်းဖြစ်၊ 
သမာတရားလည်းဖြစ်တော်မူ ထာဝရတည်တံ့နေသော ခရစ်တော်ရှင်၏ အမည်နာမတော်ကို အမှီပြု 
တပည့်တော်တို့ တောင်းလျှောက်၊ အသနားခံပါသည်ဘုရား..
အာမင်။ ။


No comments:

Post a Comment