*ဒို့အားလုံး အတူတူပဲ မထူးခြားကြပါဘူး
ရယ်တတ်တယ် ပြုံးတတ်တယ် ကြင်နာတတ်တယ်
**လူသားခြင်းတူညီလည်း စည်းများရှိနေလည်း
စဉ်းစားကြည့်စမ်း ရေမြေခြားနေလို့လား
အမျိုးအနွယ် အဖွဲ့အစည်း အသိုင်းအ၀ိုင်းကြောင့်လား
အတွေးခေါ်မတူလို့ မဆက်စပ်မိတာလား
တိုးလို့ ထွက်ခဲ့ ရှေ့ခရီးအတွက် အသိချင်းဖလှယ်ရင်းနှီးမှုနဲ့
ကြိုးစားကြမယ် မေတ္တာစက်ဝိုင်း အတွင်းမှာကွယ်
သံပြိုင်
မတူညီမှုတွေဟာ မဆိုနိုင်လောက်ပါဘူး
သေချာတွေးကြည့်တော့လည်း မကွာဟသေးပါဘူး
ကွဲပြားတဲ့အသိတွေ စုစည်းကာ မေတ္တာရဲ့စက်ဝိုင်းမှာ
ပေါင်းစည်းကြမယ် မျှတတဲ့အတွေးတွေ ဖော်ထုတ်ကာ
မေတ္တာရဲ့စက်ဝိုင်းမှာ...
သီချင်းစာသားကြိုက်လို့ တင်ပေးလိုက်တာပါ။
ကြိုက်ကြမယ်ထင်ပါတယ်။
သီချင်းစာသားကြိုက်လို့ တင်ပေးလိုက်တာပါ။
ကြိုက်ကြမယ်ထင်ပါတယ်။
No comments:
Post a Comment