ဘ၀ရဲ့မီးအိမ်ကက်သလစ်ဘလော့တ် |
© နွေးထွေးလှတဲ့ ချစ်ခြင်းမေတ္တာ
အနှိုင်းအဆမဲ့ သူ့ပေးဆပ်ခြင်း
အမှောင်ညနက် ထွန်းလင်းစေခဲ့
© ရှောင်ဖယ်မရ သခင့်ရဲ့စေရာ
လွန်မြောက်ခြင်းလည်း နာခံနေမြဲ
ထွေးပိုက်ခဲ့ရ နှလုံးထဲဒဏ်ရာ
ကယ်တင်ဖို့ငှါ ခံစားရရှာ။
© သူ့မှာလေ အပြစ်မရှိ
ဖြူစင်လှပ နှလုံးလှနေတာ
ကင်းစင်နေမြဲ တို့လိုအပြစ်များ
အပြစ်သားရဲ့ ဘ၀ကို ကယ်ချွှတ်ခဲ့ပြီ။
© သူတည်းသာလျှင် လောကအရှင်
သူတည်းသာလျှင် အနှိုင်းမဲ့အရှင်
ဦးချ၊ ကန်တော့ ယုံကြည်အားကိုး
ဘ၀တစ်လျှောက် ခိုလှုံ၊ ချဉ်းကပ်
© မျှော်လင့်ချက်တွေ ရောင်ဖြာထွန်းစေ
ယုံမှားခြင်းတွေ သံသယကင်းစေ
ထာဝစဉ်တည်မြဲ မယိုင်လဲဘဲ
မြတ်ဘုရားရှင်ကို ဆည်းကပ်စို့ကွယ်။ ။
No comments:
Post a Comment